ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၁၂

159 3 3
                                    

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​

အပိုင်း ၁၂

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ဘုန်းစည်​သူ ဧည့်​ခန်းတွင်းမှ က​လေးနှစ်​ယောက်​ကိုလူစုခွဲကာ ဒီဒီ့လက်​ကိုဆွဲပြီးခြံထဲသို့ဆင်းလာ​လေသည်​။ဒါ​တောင်​ဒီဒီက မ​ကျေမနပ်​ဖြစ်​ခါ ဘုန်းစည်​သူလက်​မောင်းအား ကိုက်​လေသည်​။

"အား....​ဟျောင့်​စောင်​က​လေး...ဘာကိစ္စလာကိုက်​တာလဲ....အားလား နာလိုက်​တာ"

"ခင်​ဗျားက​ရော ဘာလို့အတင်း​ခေါ်လာလဲ ဟို​ကောင်​နဲ့ရှင်းလို့မပြီး​သေးဘူး " ဟုဆိုခါ အိမ်​ထဲသို့ပြန်​ဝင်​ရန်​ပြင်​နေသဖြင့်​စည်​သူလဲ ဒီ​ရေ့အင်္ကျီဂုတ်​စအားဆွဲခါ ခူံတန်း၌ထိုင်​စေသည်​။

ပြီး​နောက်​ဒီ​ရေ့ပုခုံးအားကိုင်​ခါ မျက်​နှာအားငုံ့ကြည့်​၍ " ဒီဒီ....ဦး​ပြောပြမယ်​..... ညလွန်းယံနဲ့Boss နဲ့ကဘယ်​လိုပတ်​သက်​မှုမျိုးလဲဆိုတာ ဒီဒီလဲသိတာပဲမလား.....ဒါကို ဒီဒီက ကြားက​နေဝင်​မပါရဘူး​လေ....ကိုယ့်​သူငယ်​ချင်းဖြစ်​စေဦး​တော့ ခုက သူလဲ သူ့relationship နဲ့သူဖြစ်​နေပြီ​လေ မဟုတ်​ဖူးလား "

စည်​သူလဲ ဒီ​ရေနားလည်​မည့်​စကားလုံးများကို​ရွေးခါ ရှင်းပြ​နေ​လေသည်​။ဒါကို အဲ့က​လေးက မျက်​နှာတစ်​ဖက်​လွှဲ​နေ​လေသည်​။

"ဒီဒီ...ဒီ​လေးလို့...ဦး​ပြောတာကြားလား"

ဒီ​ရေ​လေး တစ်​တွတ်​တွတ်​နဲ့​ပြော​နေ​သော စည်​သူ့အားစိတ်​မရှည်​သဖြင့်​" သိတယ်​ဗျာ....ဘာဖြစ်​..အယ်​"

မျက်​နှာချင်းဆိူင်​ဆုံမိသဖြင့်​ဒီ​ရေ​ပြောစရာစကားများ​ပျောက်​ရှကုန်​လေသည်​။

ဘုန်းစည်​သူ ဒီ​ရေ့ရဲ့မျက်​ဝန်းလှလှနဲ့နှာသီးဖျား​လေးကိုမြင်​လိုက်​ရချိန်​တွင်​ရင်​ဘက်​ထဲကအ​ကောင်​ကအလိုက်​မသိခုန်​ကြွလာ​လေသည်​။
စည်​သူလဲ မျက်​နှာအမြန်​လွှဲခါ.."အဟမ်း...သိရင်​ပြီးတာပဲ....​နောက်​တစ်​ခါသူများကိစ္စဝင်​မပါနဲ့ ဒီဒီဝဋ်​လည်​မှာဆိုးလို့ ဦးက​ပြောတာ"

"ဘယ်​တော့မှ ဝဋ်​မလည်​ဘူး ကျုပ်​က single ပဲ​နေမှာ" ဟု​ပြောခါ​ကော့​တော့​ကော့​တော့နှင့်​ကား​ပေါ်တက်​ခါ​မောင်းထွက်​သွား​လေ​တော့သည်​။

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်Where stories live. Discover now