ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၈

169 5 0
                                    

ချစ်​တက်​လွန်​သူ၏ နှလုံးသားမှသည်

အပိုင်း ၈

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

မြတ်​သိင်္ခ စံအိမ်​တော်တွင်းရှိ သိင်္ခ၏ အခန်းထဲ၌ဖြစ်​သည်​။

ဘုန်း.....ခနဲအသံအဆုံး အတွင်းရှိလူများအားလူံး ကြမ်းပြင်​ပေါ်ဒူး​ထောက်​ချကာ

"ခွင့်​လွှတ်​ပေးပါBoss" ဟု​ပြော​လေသည်​။

"ဟား ဟား ဟား ဟား ဟား ဟား ဟား.....မင်းတို့ကို​ပြောရင်​ခွင့်​လွှတ်​ပေးပါ....​နောက်​တစ်​ကြိမ်​အခွင့်​အ​ရေး​ပေးပါနဲ့....အခုပဲကြည့်​....မင်းတို့ကိုအခွင့်​ရေး​ပေးလိုက်​တာ...ဟိုက​လေးကသူ့မိဘအိမ်​ကို​တောင်​ပြန်​ရောက်​သွားပြီ.....မင်းတို့ဘာအသုံးကျလဲ....ဟာကွာ..."

"စိတ်​လျှော့ပါ Boss ရယ်​ကျွန်​တော်​အ​ကောင်းဆုံးစီစဉ်​ပေးပါ့မယ်​"

သိင်္ခလဲ ဘုန်းစည်​သူအားငဲ့​စောင်းကြည့်​ကာ...
"ဘုန်းစည်​သူ​နေခဲ့....ကျန်​တဲ့သူ​တွေအကုန်​သွားလို့ရပြီ....."

သိင်္ခစီမှအမိန့်​သံအဆုံး စည်​သူမှလွဲ၍ အကုန်​လုံးအလျှိုလျှိုထွက်​သွား​လေ​တော့သည်​။

"စည်​သူ.....ငါအခု​ပြောမယ့်​စကား​တွေကို မင်း​သေချနား​ထောင်​ပါ"

"ဟုတ်​ကဲ့ Boss"

သိင်္ခလဲစည်​သူ့မျက်​နှာအားတစ်​ချက်​ကြည့်​ခါဆက်​ပြော​လေသည်​။

"ငါ...ငါက ညလွန်းယံကိုချစ်​နေတာ မင်းသိတယ်​မလား"

"ဟုတ်​သိပါတယ်​Boss"

"​အေး....ငါသူ့ကိုပြန်​လိုချင်​တယ်​စည်​သူ....ငါပြန်​လိုချင်​တယ်​...မင်းဘာလုပ်​ပေးနိုင်​မလဲ"

"အကို​လေးက အခု သိင်္ဂရတနာအိမ်​တော်​ကိုပြန်​ရောက်​နေပြီ​လေBoss....​ဒေါ်မြင့်​မြတ်​ရတနာကလဲသူ့သား​ဘေးနားမှာ အ​စောင့်​တွေချထားတာအများကြီးပဲ....အရင်​တစ်​ခါကလိုမလွယ်​ဘူးဗျ....အကုန်​လုံးက ကျွန်​တော်​တို့ထက်​လက်​ရည်​မသာရင်​တောင်​နိမ့်​တဲ့ထဲကမပါဘူးBoss....ရန်​ကုန်​လို​နေရာမျိုးမှာ နှစ်​ဖက်​လုံးအားပြိုင်​ခဲ့သည်​ရှိ​သော်​....ကျွန်​တော်​ဘက်​က​နောက်​ခံလုပ်​ငန်း​တွေပါယိုင်​နဲ့ကုန်​လိမ့်​မယ်​....ရဲ​တွေသတင်းခံပြီး လိုက်​လာလိမ့်​မယ်​"

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်Where stories live. Discover now