ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၁၃

172 5 0
                                    

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​

အပိုင်း ၁၃

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

သိင်္ခနှင့်​ယံ​လေးမှာ တစ်​ခုံထိုင်​ကြပြီး စည်​သူနှင့်​ဒီဒီမှာ တစ်​ခုံထဲထို်​င်​နေ​သော်​လဲ​ဘေးတစ်​ဖက်​စီသို့ကပ်​ထိုင်​နေကြ​လေသည်​။ ဆုမွန်​နောက်​ဆုံးခုံ၌ထိုင်​ခါ စည်​သူနှင့်​ဒီ​ရေအားကြည့်​၍ ဆွဲပူးပစ်​ချင်​စိတ်​များ​ပေါက်​နေ​လေသည်​။

တိုး​ဝေ​အောင်​နဲ့နွယ်​လေးညိုတို့လင်​မယားက​တော့ ကား​မောင်းရင်း တစ်​ယောက်​နှင့်​တစ်​ယောက်​အိပ်​မငိုက်​စေရန်​စကား​ဖောင်​ဖွဲ​နေကြ​လေသည်​။

အမြန်​လမ်း ယာဉ်​ရပ်​နားကွင်းတွင်​ခေတ္တနား၍ ပြန်​လည်​ထွက်​ခွာချိန်​တွင်​ည၁နာရီ​ကျော်​ပြီဖြစ်​သည်​။ ညလွန်းယံမှာ သိင်္ခရင်​ခွင်​ထဲသို့ဝင်​ခါ အိပ်​မောကျ​နေသလို သိင်္ခမှာလဲ ယံယံအားသိုင်းဖက်​ခါ​ခေါင်း​လေးမီရင်းမျက်​စိမှိတ်​ထား​လေသည်​။

ဒီ​ရေတစ်​ယောက်​၃၆၀ ဒီဂရီ ငိုက်​နေရင်းက စည်​သူ့ပုခုံး​ပေါ်သို့ ကျလုစဲစဲဖြစ်​လိုက်​ငုတ်​တိုတ်​ထိုင်​လိုင်​ပြန်​ငိုက်​လိုက်​ပုခုံး​ပေါ်သို့ပြန်​ကျမလိုဖြစ်​လိုက်​နှင့်​သံသရာလည်​နေသည်​။ ဒါကို စည်​သူက တုံးအအနှင့်​ကြည့်​နေသဖြင့်​ဆုမွန်​အနောက်​မှ စည်​သူ့အား​ခေါင်း​ခေါက်​လိုက်​လေသည်​။

"ဟာ မမ​လေး....ဘာလို့ကျွန်​တော့်​ကို​ခေါက်​တာလဲ... "

"တိုးတိုး​ပြောစမ်း က​လေး ငိုက်​နေတာဖီးလ်းပျက်​မယ်​....နင့်​လက်​ကို ခူံ​ပေါ်တန်းထားလိုက်​"

"ဟာ ဘာလုပ်​ဖို့လဲ"

"ဟယ်​လျှာကိုရှည်​တယ်​ပေး လက်​" ဟုဆိုခါ စည်​သူ့လက်​ကိုဆွဲမခါ ခုံ​ပေါ်သို့တန်းထားလိုက်​လေသည်​။

စည်​သူလဲ စုမွန်​ကိုလှည့်​ကြည့်​ခါ​ခေါင်းကိုတစ်​ဗြင်းဗြင်းကုပ်​လိုက်​လေ​တော့သည်​။

ဆုမွန်​လဲ အသာ​နေဆိူသည့်​အထာနှင့်​လက်​ကာပြလိုက်​လေသည်​။ ဒီဒီ စည်​သူ့ဘက်​သို့ပြန်​အငိူက်​တွင်​ဆုမွန်​အ​နောက်​မှာ ဒီဒီ​ခေါင်းအားလက်​နှင့်​အသာ​လေးတွန်းခါ စည်​သူရင်​ခွင်​ထဲသို့တွန်းချလိုက်​လေသည်​။ စည်​သူတစ်​အံ့တစ်​သြဖြစ်​ခါ ဆုမွန်​အားလှည့်​ကြည့်​လိုက်​လေသည်​။

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်Where stories live. Discover now