ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၁၀

167 3 0
                                    

ချစ်​တက်​လွန်​သူ၏ နှလူံးသားမှသည်​

အပိုင်း ၁၀

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

"ဘာ....မဒီ နင်​ပြောတာတစ်​ကယ်​လား...."ဟုညလွန်းယံ​မေးလိုက်​လေသည်​။

မယ်​မဒီလဲ ယံယံ့အားမျက်​စောင်းထိုးခါ..."​အေး​ဟေ့..... မယုံရင်​လဲ နင့်​ကိုကိုရင်​ခွင်​ထဲတစ်​ညအိပ်​နှစ်​ရက်​လောက်​သွားပြီးအတည်​ပြု​မေးကြည့်​ပါလား"ဟုရွဲ့ခါ​ပြောလိုက်​လေသည်​။

အဲ့ဒါ​တောင်​ဒင်း​လေးက လက်​တွေလိမ်​ချိုးပြီးခင်​နွဲ့နွဲ့မူလာလုပ်​ပြ​နေတာ....မ​ပြောလိုက်​ချင်​ဘူး...အ​ကြောင်းမှန်​သိတာနဲ့ ဟိုကလာမ​ချော့​သေးဘူး ဒင်းကပြိုကျ​နေပြီ....

ထို့​နောက်​ခေတ်​သစ်​မှ.."ငါအဲ့ဘိုး​တော်​နဲ့မင်းကိုချိန်း​ပေးမလို့...ဒါမဲ့ မင်းမ​တွေ့ချင်​လဲရတယ်​နော်​...ငါက​မင်း​တွေ့ချင်​မှဖုန်းဆက်​မယ်​ပြောခဲ့တာ....သူ့ဖုန်းနံပါတ်​ကိုငါတို့သိထားတယ်​" ဟုဆိုခါ​ခေတ်​သစ်​လက်​ထဲမှဖုန်းအား ယံယံမြင်​သာ​အောင်​လှည့်​ပြ​နေ​လေသည်​။

ညလွန်းယံလဲ​ခေတ်​သစ်​အားမျက်​နှာချို​သွေးခါ..."​ခေတ်​လေး....ငါ့သူငယ်​ချင်း​လေး...မင်းတို့​တောင်​ကြားထဲက​နေ အပင်​ပန်းခံညှိနှိုင်း​ပေးထားတာကို ငါက မ​တွေ့ပဲ​နေမလား....သွား​တွေ့ရမှာ​ပေါ့ မဟုတ်​ဘူးလား....ငါ့ကိုဖုန်းနံပါတ်​ပေး...ငါပဲသူ့စီဆက်​ပြီး ချိန်းလိုက်​မယ်​" ဟု​ပြော​လေသည်​။

​ခေတ်​သစ်​မှ ညလွန်းယံကိုမျက်​မှောင်​ကျုံ့ကြည့်​ခါ...
"ယံယံ....ဒီလို​တောင်းရုံနဲ့ရတက်​လို့လား...ဟင်းဟင်း"ဟု​ပြောခါ လူယုတ်​မာအပြုံးနှင့်​ယံယံအားစိုက်​ကြည့်​လိုက်​လေသည်​။

ယံယံလဲအထာ​ပေါက်​သူပီပီ..."မင်းဘယ်​လောက်​လိုချင်​လို့လဲ​ပြောကြည့်​"ဟုဒဲ့​မေးလိုက်​လေသည်​။

​မယ်​မဒီလဲ ယံယံနဲ့​ခေတ်​သစ်​ကိုကြည့်​ခါ​ခေါင်းခါရမ်း၍​အောက်​သို့သာဆင်းလာခဲ့​လေသည်​။

​ခေတ်​သစ်​လဲ​မေး​စေ့ကမရှိ​သောအ​မွေးကိုလက်​နဲ့ပွတ်​ခါ ဆရာကြီးစတိုင်​ဖမ်းကာစဉ်းစားပြ​နေ​လေသည်​....ထို့​နောက်​..."အိမ်း...
ဖုန်းနံပါတ်​က ဆယ်​လုံးရှိတာဆို​တော့ကွာ.....အမ်း.."

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်Where stories live. Discover now