Ep-(2)

26.2K 1.7K 25
                                    

#Zawgyi
Canteen မှ အပြန်​တွင်​....

"သူငယ်​ချင်းတို့ ငါ​တို့​တွေ ဒီ​နေ့ ည​နေ ရုပ်​ရှင်​သွားကြည့်​ရ​အောင်​ "

Xiao zhan မှစကား စလိုက်​သည်

"​အေး​ကောင်းသား သွားကြည့်​ရ​အောင်​ "

Ziyi မှ xiao zhan ​ပြော​သော စကားကို လက်​ခံသည့်​ သ​ဘောနှင့်​ ​ခေါင်းတညိမ့်​ညိမ့်​ ပြန်​​ပြောလိုက်​သည်

"ငါမလိုက်​ဘူး "

Zhou cheng မှ​ပြောလိုက်​သည်

"ဘာလို့တုန်းဟ မင်းကလည်း လိုက်​ခဲ့ပါ ငါတို့အကုန်​လုံးသွားမှာကို "

Jiyang မှ zhou cheng အား လိုက်​ခိုင်း​စေချင်​သည့်​ သ​ဘောဖြင့်​ ​ပြောလိုက်​သည်

"ရုပ်​ရှင်​ရုံ သွားရင်​ $ rs ​တွေ​ကို မမြင်​ချင်​လို့ ..မြင်​ရရင်​ $မြင်​ကတ်​လွန်းလို့ မသွားချင်​ဘူး"

Zhou cheng စိတ်​ပျက်​လက်​ပျက်​ဖြင့်​ ​ပြောလိုက်​သည်

Zhou cheng ​ပြော​သော စကား​ကြောင့်​ သူ့သူငယ်​ချင်းများ ရယ်​ကြ​လေသည်

" ဘာလဲ မင်းက သူတို့ ကို စကားအဖြစ်​သာ​ အမြင်​ကတ်​တယ်​လို့​ပြောပြီး စိတ်​ထဲမှာ​တော့ကြိတ်​ပြီး အားကျ​နေတယ်​မလား "

Xiao zhan မှ လမ်း​လျှောက်​ရင်း သူ့အားကြည့်​ ၍ ရယ်​ကာ ​ပြောလိုက်​သည်

" xiao zhan ..........မင်းမဟုတ်​တာမ​ပြောနဲ့ "

Zhou cheng ​ဒေါသဖြစ်​ကာ မျက်​နှာများ နီရဲပြီး မျက်​​မှောင်​ကလည်းကြုတ်​ထားလျက်​ အသံကျယ်​​လောင်​စွာ​အော်​လိုက်​သည်

" ဘာလဲ မင်းက အမှန်​​ပြောလို့ နာ​နေတာလား "

" xiao zhan မင်းဒီ​နေ့ ငါ့လက်​ထဲမှာ ​သေဖို့သာပြင်​ထား​တော့ "

ပြော​ပြောပြီးချင်း xiao zhan ကို​ပြေးရိုက်​ကာ အ​ရှေ့မှ xiao zhan က ​ရယ်​​မောစွာ ​ပြေးလျက်​ အ​နောက်​ကလိုက်​တဲ့ zhou chengက ​တော့ မျက်​​မှောင်​ကြီးကိုကြုတ်​ကာ လိုက်​​နေ​လေသည်

သူတို့နှစ်​​ယောက်​ကို ကြည့်၍​အ​နောက်​မှလမ်း​လျှောက်​လိုက်​လာ​သော jiyang ..ziyi..xuanlu တို့မှာ​တော့ရယ်​​နေသည်

i love you 3000(Completed 😘)Dove le storie prendono vita. Scoprilo ora