Ep-(13)

12.8K 911 29
                                    

#zawgyi

"Xiao zhan သွားတော့မှာလား"

"ဟုတ်တယ် mama "

"အေးပါ ဂရုစိုက်သွား "

Xiao zhan တနဂ်‌နွေနေ့တိုင်း မနက်အစောကြီးထပါသည် ....တနဂ်နွေနေ့တိုင်း သူသွားနေကြ ကန်ဘောင်လေးရှိတယ်ထိုနေရာကိုမနက်တိုင်းလိုလို သွားတတ်ပါသည် ကန်ဘောင်ကိုသွားပြီ သစ်ပင်အကြီးကြီးရဲ့ အောက်မှာ အမြဲတမ်းလိုလိုထိုင်လေ့ရှိပြီး လေကောင်းလေသန့်တွေကိုရှူထုတ်တတ်တဲ့အကျင့် xiao zhan မှာရှိသည်။

"အား လန်းဆန်းသွားတာပဲ"
Xiao zhan တစ်ယောက် လေကိုအဝရှူကာ လက်များကိုဆန့်ထုတ်ပြီးပြောလိုက်သည်။

"အဲ့လူကို အမြဲတမ်းအဲ့နေရာမှတွေ့ တယ် ...တစ်ခါတစ်လေကျရင်လည်း ငိုတယ် ..သူ့ကိုကြည့်ပြီးသနားလိုက်တာ..ငါသူ့ကို ဝမ်းနည်းနေတာတွေ ပျောက်အောင် စကားသွားပြောသင့်လား "

Xiao zhan ထိုင်နေသော သစ်ပင်နဲ့ မနီးမဝေး နေရာမှ အုတ်ခုံလေးရှိတဲ့နေရာတွင် ထိုလူကို xiao zhan တွေ့ တာတော်တော်ကြာနေပြီမို့ စကားသွားပြောရန်တွေဝေနေသည်။

"သွားပြောတာပဲ ကောင်းပါတယ် "

ဆုံးဖြတ်ပြီး သွားပြောရန် နေရာမှထသွားကာ ထိုလူနားသို့ သွားလေသည်။

"ဟေ့လူ....."

အနောက်မှ ခေါ်သံကြား၍ သူလှည့်ကြည့်လိုက်သည်။
Xiao zhan ကိုခဏလေးပဲကြည့်ပြီး ဟိုဘက်ကို ပြန်လှည့်သွားသော ထိုလူသားကို xiao zhan စိတ်တိုမိပါသည်။
Xiao zhan လည်းဘားမှမပြောတော့ဘဲ ထိုလူ့ဘေးတွင်ဝင်ထိုင်လိုက်သည်။

"ကောင်လေး မင်းငါ့ကိုခွင့်မတောင်းဘဲ ဘာလို့ထိုင်တာလဲ"

"ဒါခင်ဗျားပိုင်တာမှမဟုတ်တာ ကျွန်တော့်ဘာသာထိုင်ချင်ထိုင်မယ် မထိုင်ချင်မထိုင်ဘူးပေါ့"

"အာ့ဆိုလည်း မင်းဒီမှာထိုင်နေ ငါတစ်ခြားနေရာသွားမယ် "

"အယ်.....ခဏနေပါဦးဗျ ကျွန်တော်ကခင်ဗျားနဲ့ခင်ချင်လို့ကို "

Xiao zhan မှ ထွက်သွားဖို့လုပ်နေသော ထိုလူရဲ့ လက်ကို ပြန်ဆွဲပြီးထိုင်ရန်ပြောကလေသည်။

i love you 3000(Completed 😘)Where stories live. Discover now