Ep-(12)

12.6K 1K 27
                                    

#zawgyi

"သား xiao zhan ဘာလို့ အဲ့လောက်တောင် သောက်လာတာလဲ တစ်ခါမှလည်းမသောက်ဖူးဘဲနဲ့"

Xiao zhan ma ma နဲ့ pa pa အပြင်ကို ထွက်လာကာ ကောင်လေးတစ်ယောက်က xiao zhan ကို ကုန်းပိုးလာတာလည်းမြင်ရော ma ma မှ အပြေးသွားကာ ထူရလေသည်။

"Basketball ပြိုင်တဲ့ပွဲမှာ သူတို့နိုင်တော့ ကျွန်တော်တို့တွေ အပြင်မှာမုန့်သွားစားရင်းနဲ့သောက်လာတာပါ "

"သောက်နိုင်တာလဲ မဟုတ်ဘဲနဲ့ ဒီကောင်လေးတော့ ....ဒါနဲ့ သားကဟိုတစ်ခေါက်ကလည်းသားလေးကိုပြန်လိုက်ပို့တဲ့တစ်ယောက်မလား"

"ဟုတ်ကဲ့ အန်တီ "

"ဒါနဲ့ဆို xiao zhan ကိုပြန်ပို့ပေးတာ နှစ်ခါ ရှိပြီ ..ကျေးဇူးတင်ပါတယ်ကွယ်"

"ဟုတ်ကဲ့ ရပါတယ် ..အာ့ဆို ကျွန်တော်ပြန်တော့မယ်နော်"

"အေးအေး..ကားဂရုစိုက်မောင်းနော် သားလေး"

"ဟုတ်ကဲ့ "
Yibo လည်း xiao zhan ma ma နဲ့ pa pa ကို အရိုအသေပေးပြီး ထွက်လာခဲ့လေသည်။
................
"အားယိုး ..ခေါင်းတွေကိုက်လိုက်တာ "

Xiao zhan တစ်ယောက် ညည်းညူပြီး အိပ်ယာမှ ထလေသည်။

"Xiao zhan နိုးပြီလား "

Xiao zhan pa pa မှ အခန်းထဲဝင်လာကာ xiao zhan ဘေးတွင်ထိုင်လိုက်သည်။

"ဟုတ် နိုးပြီ pa pa"

"မနေ့က ဘာလို့အဲ့လောက်တောင်သောက်လာတာလဲ တစ်ခါမှလည်းမသောက်ဖူးဘဲနဲ့"

"ကျွန်တော်လည်းအပျော်လွန်ပြီး သောက်လိုက်တာဗျာ "

"ထားပါတော့ ရေချိုးပြီး အောက်ကိုဆင်းလာခဲ့ မင်း mama ကမင်းအတွက် သံပုရာရည် ဖျော်ပေးထားတယ် "

"ဟုတ်ကဲ့ pa pa "

Xiao zhan pa paအပြင်သို့ ထွက်သွားပြီးမှ ရေချိုးခန်းသို့ သွားလေသည်။

ရေချိုးခန်းမှန်ရှေ့တွင် xiao zhan တစ်ယောက် မနေ့ညက အကြောင်းများကို ပြန်စဉ်စားနေလေသည်။
"ငါ့ကို မနေ့က yibo ge ပြန်လိုက်ပို့တာပဲ "

ကျောင်းရောက်ရင် ကျေးဇူးတင်စကားပြောမှ
...................
"ဟိုမှာ xiao zhan တို့လာပြီ "

i love you 3000(Completed 😘)Where stories live. Discover now