Ep-(18)

11.4K 929 56
                                    

#zawgyi

နမ်းတာကြာနေပြီဖြစ်၍ xiao Zhanလည်း မောလာလေပြီ။သူ့ရဲ့လက်နုနုလေးနဲ့ yibo ကိုယ်ကိုတွန်းကာ yibo ကနမ်းလို့မဝသေးဘဲနဲ့ သူ့ယုန်လေး မောနေပြီဖြစ်တာ‌ကြောင့်နှုတ်ခမ်းသားနှစ်ခုခွာပေးလိုက်ရသည်။

"ကိုယ်နမ်းလို့မဝသေးဘူး "

"ဗျာ ..တော်သင့်ပြီနော် "

"ကိုယ်တကယ်‌ပြောတာ ကလေးနှုတ်ခမ်းတွေက ချိုတော့ကိုယ့်ကိုဆွဲဆောင်တယ်လေ"

"စုတ်လုံး စုတ်နေတယ်များထင်နေလား "

"စုတ်လုံးကတောင် ကလေးနှုတ်ခမ်းလောက်မချိုဘူး "

"‌ပြောလည်း‌ပြောတတ်ပါပေတဲ့ "

"ကလေးအသက်ရှူလို့ဝရင် ကိုယ်တို့ထပ်နမ်းရအောင်"

"ဟာဗျာ ..တော်ပြီ သူငယ်ချင်းတွေစောင့်နေပြီ "

Xiao Zhan တစ်ယောက် ရှက်သွေးများဖြာကာ မျက်နှာနီနီ နဲ့ ထပ်မနမ်းရန်‌ပြောပြီး အရှေ့ကအရင် ထွက်သွားလေသည်။
ရှက်ရှက်နဲ့ထွက်သွားသော သူ့ယုန်လေးကိုyiboတစ်ယောက် အလွန်မြတ်နိုးပါသည်။

"ဟိတ်..ကိုယ့်ကိုစောင့်ဦးလေ''

ပြန်မ‌ဖြေပဲ လမ်းကိုခပ်မြန်မြန်လျှောက်ကာ အနောက်လှည့်မကြည့်ဘဲ သွားနေသော xiao Zhan ရဲ့အနောက်ကို yibo တစ်ယောက်ရယ်၍‌ပြေးလိုက်လေသည်။
.......
"Yibo နဲ့ xiao Zhan မင်းတို့ဘယ်တွေသွားနေတာလဲ ဆရာမကလူစုခိုင်းနေပြီပြန်ဖို့ကို"

"ငါတို့ နမ်း...."

"အရမ်းဆူညံနေလို့ နားညီးတာနဲ့ ကျွန်တော်တို့နှစ်ယောက် မဆူညံတဲ့နေရာမှသွားနေနေတာပါ hao xuan ge"

Yibo တစ်ယောက် hao xuan ကိုသူတို့နမ်းနေတဲ့အ‌ကြောင့်‌ပြောမလို့ကို xiao Zhan ဝင်တား၍စကားလမ်‌ကြောင်းလွှဲလေသညါ။

*အောင်မလေးဒီလူတော်တော်‌ကြောက်ဖို့ကောင်းပါလားနမ်းနေတာကို‌ပြောတော့မလို့ ငါတားလိုက်လို့ပေါ့*

Xiao Zhan တစ်ယောက် စိတ်ထဲတွင်တော့ yibo ကိုကျိန်းဝါးလေသည်။

"သွားကြမယ် "

Xiao Zhan တစ်ယောက်သူ့အနောက်က yibo ကိုလှည့်ပြီးလက်သီးထောင်ပြလေသည်။
Yibo ကတော့ ပျော်ရွှင်ခြင်းများနဲ့ အနောက်ကနေသာလိုက်လာလေသည်။
.......
"Xiao Zhan တက်ကြမယ်"

i love you 3000(Completed 😘)Où les histoires vivent. Découvrez maintenant