Ep-(15)

11.3K 945 43
                                    

#zawgyi

Xiaozhan မှာတော့ သူ့ကို ကုန်းပိုးသွားသော yibo ကြောင့် ကြောင်နေလေသည်။

"နာသေးလား "

Yibo တစ်ယောက် ဘယ်သူမှမရှိတဲ့နေရာက ကျောက်တုံးလေးပေါ်မှာ xiao Zhan ကိုတင်လိုက်ပြီးမေးလေသည်။

"နည်းနည်းပဲနာတော့တယ်"

"ကိုယ်ဆေးလိမ်းပေးမယ်"

"ကျွန်တော့်ဘာသာ ကျွန်တော်လိမ်းပါ့မယ် "

"ငြိမ်ငြိမ်နေ "

Yibo တစ်ယောက် သူ့အိတ်ထဲမှာ အမြဲ‌ဆောင်ဆောင်ထားသော ဆေးဗူးလေးကို ထုတ်လိုက်ပြီး လိမ်းပေးနေလေသည်။

Xiao Zhan ကတော့ yibo တစ်ယောက် ထူးစမ်းနေတာ‌ကြောင့် သူ့မှာ‌ကြောင်ကာလည်း ‌ကြောင်သေး ရင်တွေကလည်းခုန်လွန်းသော‌ကြောင့် ကိုယ့်ကိုယ်ကိုပင်သတ်ချင်စိတ်‌တွေ ဖြစ်နေလေသည်။

"ပြီးပြီ "

"ဟုတ်ကဲ့ ကျေးဇူးပါ"

"မင်းနဲ့ wenhan နဲ့ကသိတာကြာပီးလား "

"မကြာသေးပါဘူး ကျွန်တော်တို့ တွေ့ ဖူးတာ တစ်ရက်ပဲရှိသေးတယ် ဒီနေ့နဲ့ဆိုရင်တော့နှစ်ရက်ပေါ့"

"အော်....."
Yibo လည်း ဆက်မမေးချင်တော့တာ‌ကြောင့် မမေးဘဲ xiao Zhan ကို တွဲပြီးထူပေးလေသည်။

" Xiao Zhan ‌ခြေထောက်ကာ နာနေသေးလား"

Xiao Zhan နဲ့ yibo ပြန်လာတာမြင်ပြီး Zhou cheng တစ်ယောက် xiao zhan ရှီအ‌ပြေးသွားလေသည်။

"သက်သာပါတယ် yibo ge ငါ့ကို ဆေးလိမ်းပေးထားတယ် ''

"ဒါနဲ့ yibo ကောက xiao Zhan ကို ကုန်းပိုးသွားတယ်ဆို "

"အင်းဟုတ်တယ်လေ "

"အဲ့ဒီသတင်းတွေ အခုပြန့်နေတယ် ..ကော့ကို ကြိုက်တဲ့ကောင်မလေးတွေက တော့ ‌xiao Zhan ကိုကျေနပ်နေမယ်မထင်ဘူး .."

"ဘာလို့သူတို့ က မကျေနပ်တာလဲ "

"ကောက တစ်ခါမှ သူများ‌တွေကို ကော အသားနဲ့ထိခိုင်းတာမဟုတ်ဘူးလေ  ကောင်မလေးတွေက တစ်ခါမှမဖြစ်ဘူးတဲ့ ဖြစ်ရပ်ကို မြင်လိုက်ကတာ‌ကြောင့် xiao Zhan ကိုသဝန်တွေတိုနေတာလေ .....xiao Zhan သတိထားနေနော် သူတို့ ချောင်းရိုက်တာ ခံရနေမယ်"

i love you 3000(Completed 😘)Where stories live. Discover now