Ep-(17)

12.5K 923 15
                                    

#zawgyi

ဘာလိုလိုနဲ့ လေ့လာရေးခရီးလည်းပြီးခဲ့ပြီ။
ဒီနေ့ကတော့ first year နဲ့ second year လေးတွေ ပြန်ရမယ့်နေဖြစ်လေပြီ။

"ကဲ အကုန်လုံးလူစုကြမယ် ...ဆရာမတို့ မပြန်ခင်ဒီနားကရွာလေးကိုသွားကြမယ် ..အဲ့ရွာမှာ ဆရာမအသိ အဘိုးနဲ့အဘွားက တီချယ်တို့ကို အဲ့ရွာကိုလာစေချင်တော့ ခဏလောက်ဝင်ကြမယ်"

"ဟုတ်ကဲ့ "

"Wow ..လှလိုက်တာ ရွာလေးကနေချင်စရာလေး အရမ်းမိုက်တာပဲ "

ရွာရဲ့လှပမှုကြောင့် တပည့်တွေ အကုန်လုံး ရွာလေးကိုရောက်ပြီး တဝိုးဝိုး တဝါးဝါးတွေဖြစ်ကြကုန်သည်။

"ဟိုမှာ ဆရာမတို့ရောက်လာကြပြီ "

"လာကြပါကွယ် "

ဘိုးဘိုးမှအကုန်လုံးကို ဝမ်းသာအားရ သွားခေါ်လေသည်။

"ဆရာမတို့ကို စောင့်နေတာအဘွားတို့က ..အတော်ပဲ အဘွားတို့ရွာမှာလဲ ဒီတောကြီးကိုပိုင်တဲ့သူဌေးကလုပ်တဲ့စပျစ်သီးခြံပွဲရှိတယ် ..အဲ့ကိုအကုန်လုံးအတူတူသွားကြမယ်လေ "

"ဟုတ်ကဲ့ ဘွားဘွား "

"ကဲအားလုံးပဲ ခဏလောက်နားစွင့်ပေးကြပါနော် ကျွန်တော်တို့ အခု ဂိမ်းလေးတစ်ခုလောက်ကစားပါ့မယ်နော်"

"Yay...."
အောက်ကပရိသတ်တွေကလည်းအော်လည်းအော် လက်ခုပ်လည်းတီးကြားပြီးဆူညံနေလသည်။

"ကျွန်တော်တို့က အတွဲတစ်တွဲစီကို ခြင်းထောင်းတစ်ထောင်းပေးမယ် အဲ့ခြင်းထောင်ထဲကို စပျစ်သီးတွေကိုခူးပြီး ထည့်ရမယ်.. အချိန်က ခြောက်မိနစ်ပဲသတ်မှတ်ထားပါတယ် အချိန်ပြည့်ရင် ခူးနေတာတွေကိုရပ်ပြီး ကိုယ့်နေရာကိုယ်ပြန်လာရမယ် အဲ့မှာအနိုင်ရသွားတဲ့သူကို ကျွန်တော်တို့သူဌေးက ဆုချီးမြှင့်မှာပဲဖြစ်ပါတယ် ။ ဘယ်သူနဲ့ပဲတွဲတွဲ ယှဉ်ပြိုင်ပြီးကစားလို့ရပါတယ်။ ဒါပေမယ့်ကျွန်တော်တို့က ခြေထောက်မှာကြိုးနဲ့ချည်ထားပါ့မယ် ..ပြိုင်ချင်တဲ့သူရှိရင်ပြိုင်မယ့်နေရာလေးကိုတစ်ချက်လာပါနော်။ငါးတွဲတစ်ခါစီနဲ့ 3round ကို ပြုလုပ်ပါမယ်..3round မှ အနိုင်ရတဲ့သူတွေကိုနောက်ဆုံးfinalထက်ပြိုင်ခိုင်းပါမယ်နော်"

i love you 3000(Completed 😘)Nơi câu chuyện tồn tại. Hãy khám phá bây giờ