Ep-(6)

17K 1.4K 37
                                    

# zawgyi

စားသောက်ဆိုင်ရောက်........
ထောင့်မှန်စတုဂံ စားပွဲခုံတွင် တစ်ဖက်ကိုလေးယောက်ထိုင်ကာ ညာဘက်အခြမ်းတွမ် hao xuan , yibo, xiao zhan ,zhou cheng ထိုင်ပြီး ဘယ်ဘက်အခြမ်းတွင် yu chen, xuan lu ,ziyi ,jiyang အသီးသီးထိုင်ကြသည်

"စားကြနော် ဘားမှ အားမနာနဲ့"

Hao xuan မှလက်ထဲတွင်တူကိုင်ကာပြောလိုက်သည်

"ဟုတ်ကဲ့"

"မင်းဒီလောက်စေတနာရှိနေရင် သူတို့ကို ကျွေးလိုက်ပါလား"

Yibo သည်ဘေးတွင်ထိုင်နေသော hao xuan ကို လှမ်းဟောက်လိုက်သည်

"အဲ့ဒါတွေ ပြောမနေနဲ့ မင်းကျွေးရမှာဘဲ ငါပိုက်ဆံအဲ့လောက်မပါဘူးကွာ "

"😒😒"
Yibo တစ်ယောက်ဘားမှ မပြောတော့ဘဲ သူ့အရှေ့တွင်ချထားသောခေါက်ဆွဲကြော်ကိုသာ စားနေတော့သည်
(သာသာ ဗိုက်တောင်ဆာလာပြီ😂)

"Xiao zhan မင်းပြောတော့ ရုပ်ရှင်ကြည့်ပြီးတာနဲ့ ပြန်မယ်ဆို "

Zhou cheng တစ်ယောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်

"ငါလည်းပြန်မလို့ပါပဲကွာ .စီနီယာတွေက အတင်းခေါတော့ အားနာလို့ပါ.....မင်းကလည်း ဒီအထိတောင် ရောက်နေပြီ ထားလိုက်ပါတော့ .."

Xioa zhan ကတော့ ပါးစပ်နဲ့ အစားမပျက် စားနေရင်းနဲ့လည်း စကားပြန်ပြော တာပဲ
..............

Yibo တစ်ယောက် ထမင်းစားလို့ ပြီးကာ လက်ဆေးလို၍ toilet သို့သွားသည်
Xiao zhan ကတော့ရေများများ သောက်ထား၍ toilet သွားချင်လေသည်
............
"ရေတွေရှိတယ် ဖြည်းဖြည်းလျှောက်"

Yiboတစ်ယောက် toilet ထဲသို့ဝင်လာသော xiao zhan ကိုလှမ်း၍ သတိပေးလိုက်သည်

"ဟုတ်ကဲ့ စီနီယာ "

"ဘုန်း...အင့်"

Xiao zhan တစ်ယောက် yibo ရှိရာကိုသွားကာ ရေများနဲ့ ချော်ပြီး ကိုယ်ကို မထိန်းနိုင်၍ လှဲကြတော့မည့်အချိန် ယောင်ပြီး yibo အကျီ်စကို ဆွဲကာ နှစ်ယောက်သားအရှိန်မထိန်းနိုင်ဘဲ ပြုတ်ကျလေသည်
Xiao zhan ကိုယ်ပေါသို့ yibo တစ်ယောက်ရောက်သွားလေသည်
ဘုန်းဆိုသည့်အသံက နှစ်ယောက်သားပြုတ်ကျသွားသောအသံ
အင့်ဆိုသောအသံကတော့ နှစ်ယောက်လုံး နှုတ်ခမ်းများ ထိကပ်သွားခြင်းဖြစ်သည်

i love you 3000(Completed 😘)Where stories live. Discover now