Ep-(21)

10.6K 840 25
                                    

#zawgyi

Yibo xiao Zhan ကိုအိမ်ပြန်လိုက်ပို့ပေးခဲ့ပြီးပြီ သူ့အိမ်လည်းပြန်ရောက်ခဲ့ပြီ။
Yibo ဒီနေ့အရမ်းတွေပျော်နေပါသည်။
သူ့ယုန်လေးက goodbye kiss ကိုသူတောင်းစရာမလိုဘဲ အလိုက်သင့်လေး နှုတ်ခမ်းကိုနမ်းသွားပြီး ရှက်ရှက်ဖြင့်အိမ်ထဲ‌ပြေးဝင်သွားသောပုံရိပ်ကိုတွေးရင်yibo ပျော်မိလေသည်။
Yibo တစ်ယောက် မျက်နှာပြုံးဖြီးနေတာ‌ကြောင့် သူ့ mama ကတောင်‌ကြောင်ကြည့်နေလေပြီ။

*ငါအရမ်းများပိုသွားသလား သူမတောင်းဘဲ kiss ကိုပေးလိုက်မိလို့ ..ပေးတော့လည်းဘာဖြစ်လဲ ရည်းစားတွေပဲကို*

Xiao Zhan တစ်ယောက်ကုတင်ပေါ်တွင်ထိုင်ကာ နှုတ်ခမ်းလေးကိုထိပြီးအတွေးနယ်ချဲ့နေလေသည်။
.........
"Yibo သား ဒီနေ့ဘာများပျော်စရာရှိလို့လဲ"

Yibo တို့မိသားစု ထမင်းလက်ဆုံစားနေတုန်း yibo mama မှ yibo ကိုမေးလေသည်။

"အင်းရှိတယ် "

"ဘာများတုန်း သားရဲ့ ဒီလောက်ပျော်နေတာက ..မဟုတ်မှလွဲ၍ ချစ်သူကောင်မလေးရှိနေတာလား ရှိရင်လည်း အိမ်ကိုခေါ်လာခဲ့နော် အမေ့ချွေးမလေးကိုမြင်ချင်တယ်"

"ချွေးမလေးမဟုတ်ပါဘူး အမေ့သမက်ပါ"

"ဘာ‌ပြောလိုက်တာလဲသား အမေမကြားလိုက်ဘူး"

"ဘာမှမဟုတ်ပါဘူး သားတော်ပြီ"

Yibo တစ်ယောက်တိုးတိုး‌လေး‌ပြောတာကို yibo ma ma မကြားသွားပေ။
Yibo လည်း ထမင်းစားခန်းကနေထွက်လာပြီး ကုတင်ပေါ်တက်ကာလှဲလိုက်ပြီး သူ့ယုန်လေးရှီကိုmessage ပို့လေသည်။

💬ကလေး အိပ်နေပြီလား💬

💬မအိပ်သေးဘူး ge💬
Xiao Zhan တစ်ယောက် project ကမနက်ဖြန်ထပ်ရမှာမို့လို့ ထိုင်ပြီးလုပ်နေစဉ် message ဝင်လာ၍ ကြည့်တော့ သူ့အချစ်လေးဖြစ်နေတာ‌ကြောင့် project ကိုဘေး‌ပို့ကာ message ထိုင်ပို့နေလေသည်။
(ကောင်စုတ်လေး project ကမနက်ဖြန်ထပ်ကမှာနော် မထပ်ရင်အဆူခံရလိမ့်မယ်)

💬ထမင်းကောစားပြီးပြီလား💬

💬အင်းစားပြီးပြီ💬

💬ကိုယ်ဖုန်းခေါ်လိုက်မယ်နော်💬

"Hello "

Message လည်းအရောက် ဖုန်းလည်းတန်းဝင်လာတာနဲ့ xiao Zhan ဖုန်းကိုကိုင်လိုက်လေသည်။

i love you 3000(Completed 😘)Where stories live. Discover now