Ep-(32)

8.5K 686 18
                                    

#zawgyi

"ကို...ကိုကို..."

"လာသွားမယ်"

Yibo နဲ့ hao xuan သူတို့ရဲ့ အချစ်ကလေးတွေလက်ကိုဆွဲပြီး ဆိုင်ထဲကနေ ထွက်လာခဲ့သည်။
ဆိုင်ထဲမှာ ကျန်ခဲ့တဲ့ ကောင်လေးနှစ်ယောက်ကတော့ သူတို့ကိုပြုံးပြီးသာကြည့်နေလေသည်။

တစ်ဖက်ဝိုင်းကကောင်မလေးတွေကတော့ အားကျတဲ့အကြည့်မျိုးတွေနဲ့ သူတို့အဝေး‌ရောက်တဲ့အထိလိုက်ကြည့်နေကြသည်။

"အားယိုးယိုး ဖြည်းဖြည်းဆွဲပါ ကိုကလည်း"

Hao xuan တစ်ယောက် အလာတုန်းကတော့ yibo ကားနဲ့လာတယ်ဆိုပေမယ့် အပြန်ကိုတော့ ဒေါသထွက်ထွက်နဲ့ လမ်းလျှောက်ကာ Jiyang လက်ကိုဆွဲပြီး တစ်နေရာကိုခေါ်သွားလေသည်။
Jiyang မှာတော့လက်ကနာကျင်ဒဏ်‌ကြောင့် ညည်းမိတော့ သူအချစ်က လက်ဆွဲထားတာကိုအနည်းငယ်‌ဖြေလျော့လိုက်တာ‌ကြောင့် ပြုံးမိသည်။

တစ်ဖက်ကားပေါ်တွင်တော့......
Xiao Zhan ကို ကားပေါ်တင်ပေး‌ပြီး ခါးပတ်ပတ်ပေးကာ ထိုနေရာမှ အမြန်ဆုံးထွက်ခွာလာခဲ့သည်။

"ကို..ကိုကို"

"တိတ်တိတ်နေ "

Xiao Zhan တို့အလာလမ်းတစ်လျှောက်လုံးကားပေါ်မှာ ဘာစကားမှမ‌ပြောကဘဲ ငြိမ်သက်နေတာ‌ကြောင့် xiao Zhan လည်း ‌ကြောက်လာတာနဲ့ သူ့ဘက်ကပဲ yibo ကိုစကား‌ပြောမိပါတယ် ဟိုကတိတ်တိတ်နေလို့‌ပြောတော့ ချက်ချင်းကိုပါးစပ်ပိတ်‌ပေးကတော့သည်။
Xiao Zhan မှာတော့ တစ်လမ်းလုံး ဘုရားတ လာကသည်။
.....
"‌ပြောစမ်းပါဦး ဟိုကောင်တွေနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာတွေကို"

Hao xuan တစ်ယောက် သူခေါ်တဲ့နေရာရောက်တာနဲ့ Jiyang လက်ကိုလွှတ်ကာ ဒေါသထွက်နေသောမျက်ဝန်းတို့နဲ့ကြည့်တော့ Jiyang မှာ‌ကြောက်လာလေသည်။

"ဟို .ဟို..အဲ့ဒါက ဒီလိုပါ"
.......
"ရှင်းပြ အခုချက်ချင်း"

Yibo လည်း လူသွားနည်းတဲ့ နေရာကိုရောက်တာနဲ့ ကားကိုတရှိန်ထိုး ရပ်လိုက်ကာ xiao Zhan ဘက်လှည့်ပြီး မျက်လုံးစိမ်းကြီးနဲ့ကြည့်ကာမေးလေသည်။

"ဟို..ဟို..ဒီလိုပါကိုကို"
......
"Xiao Zhan ဒီနေ့တော့ အပီအပြင်ကဲမယ် ကျောင်းလစ်တုန်းလေး"

i love you 3000(Completed 😘)Dove le storie prendono vita. Scoprilo ora