Ep-(34)

8K 610 22
                                    

#zawgyi

Zhou Cheng ကတော့ ရင်တွေအရမ်းခုန်နေလေသည်။hai kuan ကသူ့ကိုတင်းတင်းဖက်ထားတော့ သူ့နှုတ်ခမ်းက hai kuan လည်ပင်းကိုထိနေလေသည်။zhou Cheng လည်းမျက်နှာတွေလည်းနီ လူကလည်းပူ နှလုံး‌ကလည်းခုန်လွန်းနေတာနဲ့တော့zhou Cheng တစ်ယောက်ခက်တော့တာပဲ။

နောက်ဆုံးတော့zhou Cheng လေးကံကောင်းသွားပြီ exitလေးကိုလှမ်းမြင်နေရတာက သူ့အတွက်နတ်ပြည်ကိုသွားနေရသလိုပါပဲ။

"အောင်မလေး နောက်ဆုံးတော့လွတ်‌မြောက်ပြီ"

Xiao Zhan တစ်ယောက် သူ့လက်လေးနဲ့ ယပ်ခတ်နေပြီး အပြင်ရောက်မှာပဲအသက်ရှူချောင်တော့သည်။

"Xiao Zhan ရယ်သရဲအိမ်ဝင်တဲ့တစ်လျှောက် နင့်အသံကြီးပဲ"

Xuan Lu ‌‌ပြောလေသည်။

"ဟီးဟီး နင်ကလည်းငါကအသံအောင်တယ်လို့ခေါ်တယ်"

Xiao Zhan တစ်ယောက်သွားလေးစိပြကာ‌ပြောလေသည်။
သူကတော့ ဒီတိုင်းစကား‌ပြောလိုက်တယ်ဆိုပေမယ့် yiboမှာတော့သူ့ပုံကိုကြည့်ပြီးကမ္ဘာပျက်နေလေသည်။

*အား..‌ယောင်္ကျားလေးတစ်ယောက်က အဲ့လောက်ချောဖို့လိုလို့လား.. မဟုတ်‌သေးပါဘူး လှရက်လွန်းတယ်*
Xiao Zhan ကတော့ မျက်နှာမှာ ချွေးတွေထွက်နေတာတောင် ချောရက်နေတုန်းပဲyiboကတော့ သူ့ကြည့်ပြီး အသက်ရှူဖို့တောင်မေ့နေတယ်။

"Yibo ဟိတ်ကောင် ဖြည်းဖြည်းကြည့် မျက်လုံးလည်းကျွတ်ထွက်နေဦးမယ်"

Yu Chen တစ်ယောက် xiao zhanကို ဝါးစားမတတ်ကြည့်နေတဲ့ yibo ကို‌ပြောလေသည်။
Yibo ကတော့ရှက်သွားတယ်ထင်ပါရဲ့ နားရွက်လေးတွေနီလို့။

"ကျွန်တော်တို့မုန့်ဈေးတန်းကို လျှောက်ပတ်ကြည့်ရအောင်"

Jiyang တစ်ယောက် မျက်နှာလေး လန်းကာ ‌ပြောလေသည်။

"အင်းသွားကြမယ် ချစ်လေး"

Hao xuan. ကလည်း ထောက်ခံလေသည်။

"ကလေးတွေ မင်းတို့ရဲ့ ကိုကိုတွေနားပဲကပ်နော် မကပ်ဘဲလျှောက်သွားရင် ဒီကကိုကိုတွေက ညကျရင်ကလေးတွေကို စားမှာ"

Yiboတစ်ယောက် အကုန်လုံးကိုမှာနေပြီး နောက်ဆုံးတစ်‌ကြောင်းလည်းရောက်ကော xiao Zhan နားလေးနားကို ကပ်ကာ ‌ပြောလိုက်သည်။

i love you 3000(Completed 😘)Where stories live. Discover now