Ep-(9)

13.8K 1.1K 34
                                    

#zawgyi

Xiao zhan ကတော့ စားပွဲပေါ်တွင် စားစရာများချပြီးကတည်းက ခေါင်းကိုမဖော်တော့ဘဲ စားနေလေသည်။
Xiao zhan ကလည်းအားရပါးရစားနေ ...တစ်ယောက်ကလည်းသူ့ကို သဘောကျစွာကြည့်ရင်း စားဖို့တောင်မေ့နေတဲ့သူလည်းရှိသည်။

"စီနီယာYibo မစားဘူးလား"

Jiyang စားနေရင်း yibo ကိုမထင်မှတ်ဘဲ မျက်လုံးရောက်သွားကာ ပြုံးပြုံးကြီး သူ့အရှေ့ကိုကြည့်နေတာကြောင့် jiyang လည်း yibo ကြည့်ရာ ကိုလိုက်ကြည့်တော့ xiao zhan ကိုကြည့်နေခြင်းဖြစ်သည်။
သူလည်း yibo ပန်းကန်ကို ကြည့်တော့ ဟင်းပွဲတွေက အေး၍ပွတောင်နေပြီ အမြင်မတော်တာကြောင့် yibo ကိုစကားလှမ်းပြောလိုက်သည်။

"အော်...အင်း..."

Jiyang ပြောမှ သူလည်း သူ့ပန်းကန်ကိုကြည့်မိတယ် ..ဟင်းတွေတောင် အေးကုန်ပြီ။

"Xiao zhan မင်းကလေးလား ပါးစပ်မှာလည်းပေကျံနေတာပဲ "

Xiao zhan ပါးစပ်မှာ ပေကျံနေတာကြောင့် zhou cheng ပြောလိုက်သည်။
ပြောလည်းပြော tissue ကိုဆွဲယူကာ သုတ်ပေးဖို့ ပြင်ရန်ရှိသေး......

"ဟင်းတွေက စားလို့လည်းမကောင်းဘူး "

Yibo တစ်ယောက် စားပွဲခုံကိုတွန်းကာ ပြောလိုက်သောကြောင့် အကုန်လုံးက ကြောင်ကြည့်နေလေသည်။
(

J ဝင်နေမှာကြီး 😕)

"ရား...zhou cheng ဘယ်တွေကိုသုတ်နေတာလဲကွာ "

"ဆောရီးပါ သူငယ်ချင်းရယ် "

"ပေးပေး..ကိုယ့်ဘာသာပဲ သုတ်တော့မယ်"

Zhou chneg မှာ yibo ကိုငေးနေတာကြောင့် xiao zhan ပါးစပ်ကိုမသုတ်ဘဲ အကျီ်ကို သုတ်နေလေသည်။
Yibo လည်း xiao zhan ကိုယ့်ဘာသာ ကိုယ် ပါးစပ်သုတ်တော့မှ ကျေနပ်သွားလေသည်။
...............
ွ"arrr...ရင်တွေခုန်လိုက်တာကွာ "

ဒီနေ့က xiao zhan တို့နဲ့ yibo တို့ရဲ့ အစမ်းပြိုင်တဲ့နေ့ဖြစ်တာကြောင့် အကုန်လုံးက ရင်တွေခုန်နေကြလေသည်။
ထိုအခိုက်အတန့်  basketball တံခါးပွင့်လာကာ သူတို့နဲ့ ပြိုင်ရမယ့် သူတွေလာနေပြီဆိုတာကို ဂျူနီယာလေးတွေသိလိုက်သည်
Basketball ဝတ်စုံအက်ျီ အဖြူကို ဝတ်ဆင်ကာ စီနီယာတွေဝင်လာကြသည်။ အရပ်ရှည်ရှည် နှာတံမှာလည်းဖြောင့်စင်းနေပြီး  အကျီ်အဖြူနဲ့ လိုက်ဖက်ကာ အလွန်ပင်ချောမောနေသော yibo သည်အရွှေဆုံးကာလျှောက်လာကာ နတ်သားတောင်အရှုံးပေးရလောက်အောင်ကို ချောမောသန့်ပြန့်နေသည်။
Yibo ကိုမြင်သောကြောင့် ပွဲကြည့်ကောင်မလေးများ ထအော်ကြလေသည်။

i love you 3000(Completed 😘)Where stories live. Discover now