အခန်း(၄)သာမန်ဘဝနဲ့ပျော်မွေ့နေပါပြီ

12.5K 1.5K 5
                                    

Zawgyi

အိုင်နဲတစ်ယောက် ဘေးခြံက ဦးလေးဂန်ရဲ့ နွားခလောက်သံ၊ ကြက်ဖတွန်သံဟာ သူ့အတွက်သာယာတဲ့နေ့တစ်နေ့စပြီးဖြစ်ကြောင်း အသိပေးသလိုပါပဲ။

နဲနဲလေးမာတဲ့အိပ်ရာဟာ နန်းတော်ကအိပ်ရာနဲ့မတူပေမယ့် သူ့အတွက်ဒီဟာက နတ်စည်းစမ်းလိုပဲ။ မနက်ထပြီဆိုတာနဲ့ ကာလီခို လို့အမည်ပေးထားတဲ့ ကြောင်ကအကြောဆန့်ပြီး အိုင်နဲခြေထောက်နား လာပွတ်သီပွတ်သီလုပ်တယ်။ အိုင်နဲ မီးဖိုချောင်ထဲဝင်ပြီး သူကိုယ်တိုင်နှပ်ထားတဲ့ ကော်ဖီကို တငွေ့တထောင်းထောင်းနဲ့ လျှာအရသာဇိမ်ခံပြီးသောက်လိုက်တယ်။

ထွက်လာတဲ့မနက်ခင်းနေလုံးကြီးကိုကြည့်ပြီး သူ့ဘဝသူကျေနပ်အားရပြီး ပြုံးနေလိုက်တယ်။

>>>>>>

အမတ်ချုပ် ကားခ် ဂျန်ဆမ်တစ်ယောက် မျက်နှာပူနေတယ်။ မနက်ခင်းအစည်းအဝေးတိုင်းမှာ အကြိတ်အနယ်ဆွေးနွေးကြတဲ့ မင်းသားနှစ်ပါး..ခုတော့ ငြိမ်နေကြတယ်။ ဘုရင်ကိုကြည့်လိုက်တော့လဲ ဘာမှမဖြစ်သလိုပဲ။ မျက်လုံးပိတ်ပြီး အမတ်တွေပြောသမျှကို ခေါင်းတငြိမ့်ငြိမ့်နားထောင်နေတယ်။ ဘုရင်ဘာတွေးနေလဲဘယ်သူမှမသိနိုင်။

ဘုရင်ကလည်း သားတစ်ယောက်လုံးပျောက်နေတာတောင် အေးဆေးပဲ၊ မမေးမြန်းဘူး၊ မရှိသလိုပဲနေတယ်။ သူ ဘုရင်ဘေးနားရပ်နေရတော့ ဘာပြောလို့ပြောရမယ်မသိ၊ ခက်နေတယ်။

အစည်းအဝေးပြီးလို့ အားလုံးထွက်သွားတဲ့အခါ

"အမတ်ချုပ် ကားခ်"

"မင်းသားလေး လိုင်ချယ်၊ ဘာများပြောချင်လို့လဲ"

"အမတ်ချူပ်၊ ညီတော် အိုင်နဲဘယ်ရောက်နေလဲသိလား"

အမတ်ချုပ်ကြောင်သွားတယ်..မင်းသားလေး အိုင်နဲက....

"အိုင်နဲ!...မင်းသားလေးအိုင်နဲ..ဘာဖြစ်လို့လဲ"

"သူပျောက်နေတယ်၊ သူ့မြင်းလဲမရှိတော့ဘူး။ တော်ဝင်မြင်းက ခွင့်ပြုချက်ရှိမှ စီးလို့ရတာ။ သူတော်ဝင်မြင်းယူသွားတာ ခမည်းတော်ရဲ့ခွင့်ပြုချက်နဲ့ယူသွားတာလား"

သာမန်ဘဝမှာပျော်မွေ့ချင်ပါတယ် 田舎ライフを楽しみたいんだ (translation)Where stories live. Discover now