Zawgyi
နေလာတဲ့ရက်တွေကြာလာတော့ ဘယ်ချိန်ဘယ်နှစ်ရောက်ပြီးလဲ အိုင်နဲတစ်ယောက်သတိမထားမိ။ နေပူထဲယာလုပ်ရတော့ အသားရေတွေလဲ အရင်လိုမဖြူပဲ ဝါဖျော့ဖျော့ရောင်ဖြစ်လာပြီ။ လက်တွေလဲအရငိလိုမနူးညံတော့ဘဲ အသားမာလေးတွေနဲ့ နဲနဲကြမ်းလာတယ်။
မင်းသားဘဝကဆံပင်ရှည်ကိုဖြတ်လိုက်တော့ ခုပခုံးအထက် ခပ်တိုတိုလေးပဲရှိတော့တယ်။ 'အရင်ကနန်းတော်ကမင်းသားလေးပါလို့ပြောရင် ဘယ်သူ့မှမယုံဘူး' ကိုယ်ရုပ်ကိုမှန်ထဲကြည့်ရင်း တွေးနေမိတယ်။
'ဒီနေ့ဘာလုပ်ရင်ကောင်းမလဲ...ငါးသွားဖမ်းရမလား'........။ ငါးမျှားတံယူပြီး အိမ်ပြင်ထွက်ကာ ချောင်းရှိရာ တောစပ်နားကို သီချင်းညည်းရင်းလှမ်းလာခဲ့လိုက်တယ်။
ဘယ်မှာငါးပိုမိမလဲတွေးရင်း ချောင်းတစ်လျှောက်နေရာကောင်းရှာနေလိုက်တယ်။ 'အင်း...ငါးဥရှိတဲ့ငါးဖမ်းလို့မဖြစ်ဘူး။ သူတို့တွေမွေးပါစေဦး'...ဟော...တွေ့ပြီ..နေရာကောင်း
"ဒိုင်ကိုရုရေ..လာလာ..တွေ့ပြီ၊ ဒီမှာထိုင်မျှားမယ်"
ဒိုင်ကိုရုက အပြင်ထွက်ရင် အမြဲသူ့နောက်တကောက်ကောက် အဖော်လိုက်ပေးတယ်။ အိုင်နဲငြိမ်ငြိမ်ထိုင်ပြီးမျှားတာ မကြာခင် ကြိုးလှုပ်လာလို့...
"ဒိုင်ကိုရုရေ..မိပြီ ငါးမိပြီ"
အမြဲပြန်ထူးနေကြ ဒိုင်ကိုရု...အသံထွက်မလာလို့ကြည့်လိုက်တော့ မရှိ။ 'တောထဲဝင်ပြီး အမဲသွားလိုက်နေတာလား...အကောင်တစ်ကောင်ဆွဲသွားလို့လား' စိုးရိမ်စိတ်ဖြင့် ဆောင်နေကြ ဓားတိုတိုလေးထုတ်ပြီး ခွေးအသံခပ်တိုးတိုးလေးကြားရာနောက်ပြေးလိုက်သွားတယ်။
ဒိုင်ကိုရုကိုပြန်တွေ့တော့ ဝမ်းသာသွားတယ်။ ခွေးကလဲ ပြန်ဟောင်နေတယ်...
"ဘာဖြစ်တာလဲ..."
ဒိုင်ကိုရုတစ်ခုခုကို တရွတ်တိုက်ဆွဲလာတာ..ဘာမှန်းမသိလို့အနီးကပ်ကြည့်လိုက်တော့......
"နင်ဘာဆွဲလ-..ဟာ!..လူဟ..လူ...နင်ဆွဲလာတာလူကြီး...အစားစာမဟုတ်ဘူး"
ဒိုင်ကိုရုကိုဖယ်ပြီး ခေါင်းကိုပုတ်လိုက်တယ်။ ပြီးတော့ မှောက်နေတဲ့လူကို ပလက်လန်လိုက်တော့....သွေးတွေပေပွနေတဲ့ စစ်ဝတ်တန်ဆာနဲ့ ဆံပင်ငွေရောင်အရှည်ကို စီးထားတာ....ဒီသတိမေ့နေတဲ့လူက....'သေချာတယ် ဒါ သူ့ညီငယ်....ယူအမ်'။
YOU ARE READING
သာမန်ဘဝမှာပျော်မွေ့ချင်ပါတယ် 田舎ライフを楽しみたいんだ (translation)
Fantasyအိုင်စင်ဘဲလ်နိုင်ငံရဲ့ ဒုတိယမင်းသား အိုင်နဲဟာ တနေ့မှာသူ့အရင်အတိတ်ဘဝကိုမှတ်မိလာတဲ့အတွက် ညီအကိုတွေကြားထီးနန်းလုပွဲကို စိတ်မဝင်စားတော့ဘဲ သာမန်အရပ်သားဘဝကိုပဲတမ်းတနေမိတယ်။ အိုင်နဲရဲ့ရုတ်တရက်ပြောင်းလဲသွားတဲ့ စရိုက်ကြောင့် သူ့အကိုနဲ့ညီနှစ်ယောက်အံ့သြမိပြီး...