အခန်း(၆)ငာကလေးမဟုတ်တော့ဘူး

12.6K 1.4K 12
                                    

Zawgyi

(ယုအမ် အမြင်)

ကျွန်တော် ဒဏ်ရာတော်တော်သက်သာလာပြီး ထူလန်လန်ပြန်ဖြစ်လာပါပြီ။ အကိုအိုင်နဲရဲ့ခြံလေးထဲမှာ အပင်ပေါင်းတင် ရေလောင်း၊ ထင်းခွဲတာတွေ ကူလုပ်နေလိုက်တယ်။

ရေတွင်းကနေသောက်ရေသုံးရေခပ်ပေး၊ ဘေးခြံမှာနွားနို့သွားကူညစ်ပေး၊ မြက်ပင်အရိုင်းပင်တွေ ဓားနဲ့ရှင်းထုတ်ပေး၊ အကိုအိုင်နဲကလဲ ကျွန်တော့အတွက်ချက်ပြုတ်ပေးတယ်။ အလုပ်တွေပြီးသွားရင်လဲ အကိုနဲ့တူတူ လက်ဖက်ရည်ကြမ်းသောက်ကြတယ်။ ညနေဖက်ဆို ညစာတူတူစားကြတယ်။ ကြာလာတော့ ကျွန်တော်လဲ ယာလုပ်ရတာကိုပျော်လာတယ်။ အကိုအိုင်နဲရဲ့သာမန်ဘဝကို နားလည်စပြုလာတယ်။

တခာတခာ ကိုယ့်ကိုကိုယ့်ပြန်ပြန် တွေးမိတယ် 'ငါကစစ်သူကြီးတစ်ယောက်၊ ဒါတွေဘာလို့ငါလုပ်နေရတာလဲ၊ ငါနဲ့လဲမဆိုင်တဲ့အလုပ်တွေ' သို့ပေမယ့် ဒဏ်ရာကအရှင်းကြီး ပျောက်တာမဟုတ်သေးတော့ နန်းတော်ကိုမပြန်ချင်သေးဘူး။ အကိုအိုင်နဲနား နေချင်သေးတယ်။ အကိုတော် လိုင်ချယ်ကျတော့ အရမ်းလေးစားအားထားရတဲ့ အကိုတစ်ယောက်လိုပဲ ခံစားရတယ်။ ဒါပေမယ့် အကိုအိုင်နဲကျတော့ ခံစားချက် ချင်းမတူဘူး၊ အကိုအိုင်နဲနားကပ်တိုင်း ရင်တွေခုန်ပြီး အရမ်းကြည်နူးမိတယ်။ ပွေ့ဖက်ထားချင်စိတ်ကိုလဲ မနဲထိန်းနေရတယ်။

ညစာစားပြီးအကိုအိုင်နဲ ပန်းကန်ဆးနေတုန်း နောက်ကျောနားလေးတိုးကပ်ပြီး

"အကို~"

"ဘာလဲ ယူအမ်"

ပန်းကန်ဆေးတာ လက်စသတ်ပြီး အကိုအိုင်နဲ ပြုံးပြီး ကျွန်တော့ကိုလှည့်ကြည့်လိုက်တယ်။ ကျွန်တော့နောက်က တိရိစ္ဆာန်နှစ်ကောင် မနာလိုအကြည့်နဲ့ကြည့်နေသလိုခံစားနေရတယ်။ ဂရုမစိုက်ပေါင်။

"အကို...ပြောင်းလဲသွားပြီ"

"ဘာကိုလဲ?"

"အကို အရင်တုန်းကဆို လောဘလဲကြီးတယ်၊ ထီးနန်းလဲအပြိုင်လိုချင်....ခုတော့ အကိုက"

"မင်း ဘာကိုပြောချင်တာလဲ သိပါတယ်"

အကိုအိုင်နဲ ပြုံးလိုက်တယ်။ သူ့ပြုံးတာလေးက ဖြူစင်တဲ့အပြုံးမျိုး။

သာမန်ဘဝမှာပျော်မွေ့ချင်ပါတယ် 田舎ライフを楽しみたいんだ (translation)Where stories live. Discover now