Zawgyi
အိုင်နဲ ပင်ပန်းပြီး တော်တော်အိပ်မောကျသွားတယ်။
သူတို့ထပ်လုပ်ချင်ပေမယ့် မတတ်နိုင်ဘူးလေ၊ အရမ်းအိပ်မောကျနေလို့။ ပထမဆုံးကြိမ်ဆိုတော့ ဖြည်းဖြည်းချင်းစသွားတာပေါ့။ အိုင်နဲအိပ်မောကျတဲ့မျက်နှာကလဲ စွဲဆောင်မှုရှိတော့ သူတို့စိတ်တွေ ကြွနေဆဲပဲ။
ယူအမ်ကမနေနိုင်တော့ပါ။ သူထပ်လုပ်ချင်စိတ်မထိန်းတော့လို့နောက်ဆုံး သူအိုင်နဲကိုယ်ကိုပွေ့ချီပြီး သူပေါ်ခွတင်လိုက်တယ်။
"မင်း ဒါဘာလုပ်တာလဲ"
"အကို ကြိတ်ပြီးသည်းခံမနေပါနဲ့"
"မင်း! အရူးပဲ"
"ဟုတ်တယ်၊ ကျွန်တော်ကအကို့လို တည်ငြိမ်သူမဟုတ်ဘူး။ ကျွန်တော် အိုင်နဲနဲ့ပတ်သက်ရင် စိတ်မထိန်းနိုင်ဘူး"
လိုင်ချယ် ယူအမ်ကိုတွန်းပြီး အိုင်နဲကိုယ်ကိုလှမ်းဆွဲသော်လည်း ယူအမ်ပြန်တိုက်ခိုက်လိုက်တယ်။
"အကို ဟန်ဆောင်မနေနဲ့"
လိုင်ချယ်ကအကြီးဆုံးဆိုတော့ ရင့်ကျက်မှဖြစ်မှာ၊ သို့သော် ယူအမ်က အိပ်ပျော်နေတဲ့အိုင်နဲကို နမ်းရှိုက်နေတော့ သူလဲမနေနိုင်တော့ပါ။ လိုင်ချယ်လဲ အိုင်နဲကျောတလျှောက်ကို အနီကွက်ပေါ်တဲ့အထိ လိုက်နမ်းနေလိုက်တော့တယ်။
အိုင်နဲ ညည်းညူသံထွက်လာတော့ သူတို့ရပ်လိုက်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း သက်ပြင်းချလိုက်တယ်။ အိပ်ပျော်နေတဲ့သူကို မတိုက်ခိုက်တာအကောင်းဆုံးပဲလေ။
"အကို ကျွန်တော်တို့ အိုင်နဲနိုးလာရင် သုံးယောက်ခေါင်းချင်းဆိုင်ပြီး ပြောသင့်ပြီ၊ သူ ဘယ်သူ့ကိုရွေးမလဲဆိုတာ"
"အင်း...ဟုတ်တယ်၊ သူ မင်းနဲ့ငါနှစ်ယောက်ထဲက မင်းကိုရွေးခဲ့ရင် ငါ.....လက်လျော့ပေးမယ်"
"......အကို ကျွန်တော်လဲ အကို့အတိုင်းပဲ၊ သူသာအကို့ကို ရွေးခဲ့ရင် ကျွန်တော် နောက်ဆုတ်ပေးပါမယ်"
"........"
လိုင်ချယ် ဘာမှပြန်မပြောပါ။ သူ့ညီ မျက်နှာလေး ညိုးနေတာကို သူတွေ့ရတော့ စိတ်တော့မကောင်းဘူး။ သို့သော်လဲ အိုင်နဲရွေးချယ်ခဲ့ရင် လက်လျော့ရမှာ အမှန်ပဲ။
VOUS LISEZ
သာမန်ဘဝမှာပျော်မွေ့ချင်ပါတယ် 田舎ライフを楽しみたいんだ (translation)
Fantasyအိုင်စင်ဘဲလ်နိုင်ငံရဲ့ ဒုတိယမင်းသား အိုင်နဲဟာ တနေ့မှာသူ့အရင်အတိတ်ဘဝကိုမှတ်မိလာတဲ့အတွက် ညီအကိုတွေကြားထီးနန်းလုပွဲကို စိတ်မဝင်စားတော့ဘဲ သာမန်အရပ်သားဘဝကိုပဲတမ်းတနေမိတယ်။ အိုင်နဲရဲ့ရုတ်တရက်ပြောင်းလဲသွားတဲ့ စရိုက်ကြောင့် သူ့အကိုနဲ့ညီနှစ်ယောက်အံ့သြမိပြီး...