Part 1

14.2K 223 1
                                    

စည်းဆူး
အပိုင်း(၁)
#စည်းဆူးစပိုက်ကာ

When my eyes are closed the greatest story told…
I woke and my dreams are shattered here on the floor
Why oh Why tell me why not me
Why oh why.we w..
“အွန့်..””ဒေါက်..”
“ဟာ…..”
“sorry…sorry…ဘေးကတွန်းလိုက်လို့ပါ…”
“ဘာ ဖြစ်သွားပြီလည်း မသိဘူး…တစ်ခုခု ဖြစ်သွားရင် ပြန်လျော်ပေးပါမယ်…”
တာ..ဖုန်းကို ပြန်ကောက်ပြီး ကြည့်လိုက်တော့ ဘာမှ မဖြစ်တာနဲ့…
“ရပါတယ်..ဘာမှ မဖြစ်ဘူး…”
“အော်..ဟုတ်ကဲ့..သွားလိုက်အုံးမယ်နော်..”
နားထောင်နေတဲ့ သီချင်းတောင် ဘယ်ရောက်သွားလည်း မသိဘူး…။
“ဟင်…”တာ ခြေထောက်နားမှာ ကျနေတဲ့ ဆွဲကြိုး လေးဖန်စီ် ပုံစံမို့ ယူကြည့်တော့..လော့ကတ်လေးမှာ စာလုံးဖော်ထားတာ han .…
စောစောကလူရဲ့ ဆွဲကြိုးများလား…
ပြန်ချထားခဲ့ရင် ကောင်းမလား…ဘယ် လိုက်ပေးရမှန်းမှ မသိတာ..ပြန်ချခဲ့တာပဲ ကောင်းတယ်..။
တာ ကျောခိုင်းပြီး ဆက်လျှောက်လာပေမဲ့…
“ဟယ်…ဆွဲကြိုးလေး…ခုန ဖြတ်သွားတဲ့ အစ်မ လား မသိဘူး..”
“နင်ကလည်း အာကျယ်နေတယ်..လှလိုက်တာ..ယူလိုက်မယ်..”
“ဟယ်…အစ်မ ဆွဲကြိုးလေးပဲ…ကျေးဇူးပဲ ညီမလေးတို့..”
တာ ပြောရင်း ဆွဲကြိုးလေးကို ယူပြီး ပြန်ထွက်လာခဲ့လိုက်တာ…
…ကလေးတွေ ဖြစ်ပြီး..သူများ ပစ္စည်း ပိုင်ရှင် ရှာပေးရမယ်ဆိုတာ ..တစ်ယောက်မှ မတွေး…
ဒါဆို..တာ ကရော…အို..တွေ့အောင်မရှာပေမဲ့..တွေ့ရင် ပြန်ပေးမှာပါ…။
.
“ဟေ့ကောင် ..ဒီမှာ ကျတာ သေချာလို့လား..”
“သေချာတယ်…မင်းတို့ တွန်းလိုက်လို့ သူများတောင် တိုက်မိသေးတာပဲ..”
“မင်းဆွဲကြိုးက လည်ပင်းကနေ ဘာ ကိစ္စ အောက်ခုံဆင်းရတာတုန်း..”
“အေးလေ..စိတ်နာလို့ ထွက်ပြေးတာနေမှာ…အသစ်၀ယ်၀တ်လိုက်ပါ…ဟန်..ရာ..”
“မဖြစ်ဘူး..ငါ့ အမေ လုပ်ပေးထားတာ..လော့ကတ်ကလည်း..အော်ဒါ မှာလုပ်ရတာ....ပျောက်တာ သိသွားလို့ကတော့..သေပြီပဲ..”
“နည်းတောင် နည်းသေးတယ်….ဒါနဲ့ တိုက်မိတဲ့ မိန်းကလေးများ ကောက်သွားတာလား မသိဘူး…”
“မဖြစ်နိုင်ပါဘူးကွာ..သူ့ကြည့်ရတာ..စားနိုင်သောက်နိုင်တဲ့ ပုံပါပဲ..”
“ဟာ..ကွာ…အဲလိုပြောတာ မဟုတ်ဘူး..ပြန်ပေးဖို့များကောက်သွား..သလားလို့..မင်းကကလည်း..တုံးချက်..”
“မင်းရော..ဘယ်လောက်ထက်နေလည်း..”
“ကဲ တော်ကြပါတော့ကွာ…စိတ်ညစ်ရတဲ့ ကြားထဲ..မင်းတို့က တစ်မှောင့်..:”
“နောက်နေ့မှ ရှာတော့…မိုးချူပ်တော့မယ်..”
ဟန်..အိမ်ပြန်လာခဲ့ပေမဲ့.. စိတ်ထဲကတော့…..”မသမာတဲ့ သူတွေ လက်ထဲ မရောက်ပါစေနဲ့…ပြန်တွေ့ပါစေ..ကောက်ရသွားရင်လည်း..လက်ထဲ ပြန်ရောက်ပါစေ…”
.
“ဟယ်…ဒုက္ခ ပါပဲ…”
တာ..အခန်းဖော်ဖြစ်သူ လက်ထဲရောက်နေတဲ့ ဘယ်သူမှန်း မသိသူရဲ့ ဆွဲကြိုးကို ကြည့်ရင်း ဒုက္ခ ပါ တမိတယ်..။
“မတာ…ညီမလေးကို ခဏငှား…”
“မရဘူး…သူများဟာ..ကောက်ထားတာ..ပြန်ပေးဖို့..”
“ဟာ ပိုကောင်းတာပေါ့..မတာ က ဘာဖြစ်ဖြစ် မေ့နေကျလေ..ညီမလေး ၀တ်ထားလိုက်မယ်..မတာ မေ့နေလည်း..ပိုင်ရှင်က တွေ့သွားရင် လာတောင်းမှာပေါ့..”
‘မဖြစ်ပါဘူး..ဟယ်..ပေးစမ်းပါ..” တာ  လက်ထဲက ဆွဲကြိုးကို ယူပြီး..လည်ပင်းမှာ တခါတည်း ၀တ် လိုက်ရသည်..။
မိုးမိုး..တို့က ပစ္စည်း တစ်ခုတွေ့ရင် ဦးအောင် ၀တ်လိုက်ရမှ..အခု မပေးလည်း တစ်ချိန်ချိန် ရအောင် ယူ၀တ်မှာ သိနေတယ်လေ…။
အလုပ်နောက်ကျမှာ စိုးလို့ ထွက်ခါနီး..မှန်ကြည့်တော့ ဆွဲကြိုးနှစ်ကုံးနဲ့..လူက ဘာနဲ့ တူနေပြီလည်း..
တာ…ဆွဲကြိုးကို ပြန်ချွတ်ထားခဲ့လိုက်သည်..အရေးကြီးတာ..သူများဆွဲကြိုး…မပျောက်ဖို့ …။
.
“မတာ...နောက်ကျလိုက်တာ..မန်နေဂျာ မသိပေမဲ့..ကျွန်မ တို့ မှာလည်း မျက်လုံးတွေ နဲ့ ပါနော်… မန်နေဂျာ ကြီး ကလည်း..မျက်နှာ လိုက်တာ လွန်ရော…”
“ကားတွေပိတ်နေလို့ပါ…” တာ..ဘာမှ ထပ်မပြောပဲ..ကောင်တာ ကို ၀င်လိုက်သည်..။
သူများတွေနဲ့ ယှဉ် ရင် ဘွဲ့ မရခဲ့တော့ မျက်နှာ ငယ်နေရတာ.. အင်္ဂလိပ် က လည်း မကျွမ်းကျင်.. ၀န်ထမ်း အချင်းချင်းတောင် မျက်နှာ လေးကြောင့် အလုပ်၇တာ ဆိုပြီး အမြဲ နှိမ်နေကြတာ…။
ကိုယ်ကလည်း နယ်က တက်လာတဲ့ လူဆိုတော့ တော်ရုံ ပြန်မပြောတော့ပဲ ပြသာနာ မရှိအောင်ပဲနေလိုက်ရတယ်..ဒါ ပေမဲ့ စိတ်ထဲတော့ ဘယ်ကောင်းပါ့မလည်း..ကိုယ့် ညီမလေးအရွယ်တွေက လက်ညိုးထိုးပြီး တစ်မျိုး မျက်စောင်း ရွယ်ပြီး တစ်ဖုံ..အမျိုးမျိုး..စော်ကားနေကြတာလေ..။
ဒိနေ့လည်း..အလုပ်လာတာ နောက်ကျလို့ဆိုပြီး..တစ်နေ့ကုန် အဆင်မပြေတော့…။..
တာ..ကားစောင့်နေရင်း..သီချင်းနားထောင်နေလိုက်သည် သီချင်းနဲ့ ပဲ အပန်းဖြေနေရတာ..တစ်နေ့တာ.ဘယ်လောက်  ပင်ပန်းလည်း....တာပဲ သိတယ်မလား..
“ဟယ်…”
မနေ့က ဆွဲကြိုးကောက်ရတဲ့ နေရာမှာ လူတစ်ယောက်ထိုင်ပြီး တစ်ခုခု ရှာနေသလို..ဆွဲကြိုးပိုင်ရှင်များလား…။
“ဟို…ဘာရှာနေတာလည်း..ဟင်..”
“ဆွဲကြိုးပါ..” လူ ကို မော့ မကြည့်ပဲ ပြောနေပေမဲ့ မျက်ခုံးထူထူ မျက်တောင် ရှည် ရှည် နဲ့ မို့ အပေါ်စီးက ကြည့်တာတောင် ကြည့်ကောင်းနေတော့တာ..။
တာ အကျီ င်္ ထဲ ထည့် ၀တ်ထားတဲ့ ဆွဲကြိုး ကို မြန်မြန်ထုတ်ပြီး..ချိတ်ဖြုတ်ခါ..
“ဒါလေးလား..မသိဘူး…”
“ဟာ…ဟုတ်တယ်…”
ဆွဲကြိုးကို ပြုံးပြိး ကြည့် လိုက်တော့ တာ ရင်တွေ လှုပ်ခတ်သွားသည်..။
အို…ချောလိုက်တာ…။
“ညီမ သိမ်းပေးထားတာလား..ကျေးဇူး အရမ်းတင်တာပဲ..”
“မနေ့က လိုက်ပေးမလို့ ဘယ်လိုက်ပေးရမှန်းမသိလို့..”
“မနေ့ကတည်းက တွေ့ထားတာလား..”
“ဟုတ်တယ်..မနေ့က သူ နဲ့ တိုက်မိတာ …တာ….လေ..”
“တာ……အော် ဟုတ်လား..အမြန်ထွက်သွားတော့ မမှတ်မိလိုက်ဘူး ဖြစ်သွားတာ…ကျွန်တော်က ဟန် ပါ..”
တာ ပြုံးပြီး ခေါင်းငြိမ့် ပြလိုက်သည်… မနေ့က ဆွဲကြိုးမှာ ရေးထားတာ တွေ့ကတည်း..သိပြီးသား ဆိုတာ မပြောမိတော့…။
“ကျေးဇူး..အရမ်းတင်တာပဲ..အမေ ပေးထားတာမို့လို့လေ..ပျောက်လို့ မဖြစ်ဘူး..”
အမေ ချစ်သားလေးပဲ….။
“တာ…နဲ့ ခင်ချင်တယ်..ရမလား…”
“အင်း…”
“တာ..က ဒီနားမှာနေတာလား..”
“မဟုတ်ဘူး…ကားစောင့်နေတာ…”
“ဟုတ်လား….ဟန်..ကား ပါတယ်..လိုက်ပို့ ပေးမယ်လေ..”
“နေပါစေ..အခုမှ တွေ့တာ..ဘယ်လိုဖြစ်မလည်း..”
ဟန် က ရယ်ရင်း…”တာ..ကလည်း..တအားတွေးတာပဲ…အိုကေလေ..နောက်နေ့ ဆိုရင်တော့ ငြင်းလို့ မရတော့ဘူးနော်…”
ဘယ်လိုတောင်လည်း..စကားပြောရင် ပြုံးလိုက် ရယ်လိုက်…တာ မှာ  ရင်ခုန်ရလွန်းလို့ ရူးတော့မယ်…။
.
“ဟန်..ထမင်း..မစားသေးဘူးလား..”
“ဗိုက်ပြည့်နေတယ်…မာ…”
“ဟဲ့ ..ဘာတွေ စားလာပြန်ပြီလည်း…”
“မစားပါဘူး…”
ဟန်..အခန်းထဲ က ကုတင်ပေါ်မှာ လှဲအိပ်ရင်း..ဆွဲကြိုးကို ကိုင်ခါ..တာ ….တဲ့..နာမည်လေးက ချစ်စရာလေး..
ခုလို ခေတ်မှာ ဆံပင်ရှည်တဲ့ မိန်းကလေးမျိုး ရွှေလိုရှားနေတာ..သူမ က ဆံပင် ရှည်..ကျစ်ဆံမြီးထူထူ နဲ့..
မျက်နှာလေးက သွယ်သွယ်..မျက်တောင်ရှည်လေးနဲ့..သနပ်ခါး ပါးကွက်လေးက ရင်ပိုခုန်စေတာ…။
ဟန်…အပျော် တွဲခဲ့တဲ့ ကောင်မလေးတွေ ထက် အများကြီးသာတာပေါ့…ဒါမျိုး လက်လွှတ်လို့ ဘယ်ဖြစ်မလည်း…။
.
“တာ…”
“ဟင်..”
“ချစ်တယ်..”
တာတို့ တွေ့တာ..သုံးလေးရက် ရှိသေးတယ်…သူ က ချစ်တယ်တဲ့လေ…ရင်တွေ ခုန်လိုက်တာ…။
“ချစ်တယ်..လို့..”
“အင်း…”
“တာ ကရော…”
“မသိဘူး…”
“ဟာ….အဲလို မရက်စက်ပါနဲ့ တာ..ရယ်.. တာရော ဟန်ကို ချစ်လားလို့ မေးတာ..”
“တွေ့တာ..၂ ရက် ၃ရက်ပဲ ရှိသေးတာ..မလွယ်လွန်းဘူးလား..ဟန်ရယ်..”
“မလွယ်ပါဘူး..စတွေ့ကတည်းက ပြောမိမလို့…မနည်း မြိုသိပ်ထားရတာလေ…”
“ချစ်တယ်မလား…”
“နေပါအုံး…စဉ်းစားပါရစေအုံး…ဟန်ရယ်…”
“မြန်မြန်တော့ စဉ်းစားပေးပါနော်..”
“ဘာလည်း..နောက်တစ်ယောက်ပြောင်းမလို့လား..”
“အင်း…”
“ဘာ…”
“မဟုတ်ပါဘူး..စောင့်နေရတာ ကြာရင်..ရူးသွားမှာ စိုးလို့..”
“ဟွန့်…” တာရဲ့ မျက်စောင်း လှလှ လေးတွေကိုလည်း..ဟန် ချစ်တာပဲလေ…။
“ခြင်းပေး..ကိုင်ပေးမယ်…”ဟန် ဘေးကနေ လျှောက်နေရင်း..တာ လက်ထဲက ထမင်းချိုင့့် ကို ယူပြီး ဆက်လျှောက်လာသည်..။
“အဆောင်ရှေ့တောင် ရောက်တော့မယ်…ပြန်တော့နော်..”
“အင်း…ဒါပေမဲ့..စိတ်ပူတယ်..တာ ၀င်သွားမှ ပြန်မယ်လေ..”
“သွားပြီနော်…”တာ ပြုံးပြီး လက်ပြရင်း..အဆောင် ထဲ ၀င်သွားတော့ ရင်ထဲ မှာ ဟာတာတာ..။
.
“ဟေ့ကောင်..ဟန်…မင်း လွန်နေပြီနော်….”
“ဘာလည်း..”
“ငါတို့ နဲ့ ချိန်းတိုင်း..မလာဘူး..ဘာလည်း…စာပြ နေတာလား…ည ကလည်း…ခေါ်တာ မလာတော့ ငါတို့ မှာ..နာရီတွေ ဖုန်းတွေ ထားခဲ့ရတယ်..”
“ကောင်းတယ်လေ…ပိုက်ဆံမပါပဲ ဘာလို့ သွားလည်း..”
“မင်းလာမယ် ထင်လို့ပေါ့ကွ..”
“အော်..မင်းတို့ မြိုဆို့ တိုင်း လိုက်ရှင်းပေးနေရအောင်..ငါ က မင်းတို့ အဖေလား..”
“အကိုကြီး..အဖရာ လေ မသိဘူးလား..”
“မင်း ကြီးတော်…”
“အိုခေ လေ..ဒီည ဒိုးမယ်..အိမ်ပြန် ရှိုင်းလိုက်အုံးမယ်..”
“ဟေ့ကောင်…ငါတို့က လို တာ မင်းက မလိုဘူး…အရောင်ထွက်ပြီးသား..ဟုတ်တယ်မလား..ဟေ့ကောင်တွေ..”
“ဟုတ်တယ်…အရောင်ထွက်လွန်းလို့ မျက်လုံးတောင် ကျိန်းတယ်..”စိုးမိုးနဲ့ ဥက္ကာ တို့ က  မျက်လုံးပိတ်ပြီအော်နေတာ..
‘မသာတွေ..” ပြောလည်း မနာပါဘူး..နောက်ကနေ တကောက်ကောက် လိုက်ကြတာပဲ..ဒါပဲလေ..ဘော်ဒါ ဆိုတာ..။
ညဘက် စိုးမိုးပွဲကို ဟန် ၀င်ဆွဲရင်း အရိုက်ခံလိုက်ရသေးသည်..။
လူက နိုးလာတော့ ဆေးရုံ ကုတင်ပေါ်မှာလေ..
“ဆရာမ…ကျွန်တော်ကို ဘယ်သူခေါ်လာတာလည်း..”
“မိန်းကလေးတစ်ယောက်ပဲ..လာပို့ပြီး ပြန်သွားပြီ..”
“မိန်းကလေးတဲ့..ဟေ့ကောင်..ဟန်…ငါ တို့တော့ ဘ၀ပျက်ပြီလား..မသိပါဘူးကွာ..”
စိုးမိုးက ခေါင်းကပတ်တီးကို အားမနာပဲ..ရင်ဘတ်ကို လက်နဲ့ ကာ ရင်းပြောနေတော့..
ဟန် ရယ်နေရသည်..။
.
“တာ…တစ်ပတ်တောင် ရှိပြီလေ…”
“မစောင့်နိုင်ဘူးလား..”
“စောင့်နိုင်ပါတယ်လေ…ဟန်က ချစ်မိသွားတာကိုး..”
တာ လည်း..စိတ်ထဲ မကောင်းဖြစ်မိသည်….ဟန် ..သူ့နောက် တကောက်ကောက် လိုက်ပြီး အပို့ အကြို လုပ်နေတာ..နေ့တိုင်းလိုလို ဒါပေမဲ့ နားပူအောင် အတင်း အဖြေ မတောင်းပါဘူး..တစ်ပတ်ပြည့်တော့ မှ အခုလို ပြောတာလေ…။
“ခြင်းပေးတော့..ရောက်ပြီလေ..တော်သေးတယ်..ကား မကြပ်လို့..”
“တာ က ဟန် ကား နဲ့ မှ မလိုက်တာ…ခေါ်တိုင်း ငြင်းတယ်နော်…မပတ်သက်ဖို့ ဆုံးဖြတ် ထားတဲ့ပုံပဲ..”
“မဟုတ်ပါဘူး…”
“သွားတော့မယ်..”
“ဟန်…”
“ဟင်..”
“ချစ်တယ်..” ဟန် အနားလာပြောပြီး..အပြေးလေး ပြန်ထွက်သွားခါ စင်တာ ထဲ ၀င်သွားပြီလေ..။
ဟာကွာ..ဒါမျိုးက ပန်းခြံ ထဲမှာ လက်လေးကိုင်..မျက်နှာလေး ကြည်ပြီး ပြောရမှာ မဟုတ်ဘူးလား..အခုတော့…။
ဘာပဲ ဖြစ်ဖြစ်ပါ..အဖြေရပြီပဲ…Yes..!
..
“တာ..”
“အင်း..”
“အလုပ်လာရင် ဆံပင်တွေ ထုံးထားပါလား…”
“တစ်နေကုန်ထုံးထားတော့ ခေါင်းလေးနေမှာပေါ့ ဟန်ရယ်..”
“ဒါပေမဲ့…တာ ဆံပင်တွေကို ဟိုကောင်က ငေး ဒီ ကောင်က ကြည့်နဲ့.. ကို မကြိုက်ဘူး..”
“အဟက်..လှ လို့ ကြည့်တာ ကြည့်ပါစေပေါ့..”
“တာ…” ဟန်ဒေါသထွက်တယ်..အပြင်ထွက်တိုင်း ဘေးကပါနေတာတောင်..ယောင်္ကျား မိန်းမ အကြည့်တွေက တာ ဆီမှာ..
တစ်ခါ တစ်ခါ ဆွဲထိုးချင်လောက်အောင် နောက်ပြန်တွေ လိုက်ကြည့်နေတာ..
တာ နဲ့ အပြင်ထွက်တိုင်း ရင်တွေ ပူရတာ အမြဲ..
တာ ကလည်း…ငေးယူရလောက်အောင်လှတာကို..ဆံပင်က အ၇ှည်ကြီးနဲ့ အချိုးအစား ကျတော့လည်း..ပုရိသ အကြိုက်…။
ကိုယ်လည်း..ချောတာ လှတာ မြင်လို့ လိုက်ခဲ့ပေမဲ့ …အခုလို ချစ်သူဖြစ်လာပြီးနောက်တော့…ဘယ်ကောင်မှ ကြည့်တာ မကြိုက်.. ဖြစ်နိုင်ရင် အခန်းထဲ ထည့် သော့ ခတ် ထားချင်တာ…။
တာ မှာ အမြင်အေးစေတဲ့ မျက်နှာမျိုး ပိုင်ဆိုင်ထားတာ ..မျက်နှာလေး မြင်ရင် စိတ်ထဲ အေးချမ်းသွားပြီး ပန်းလေး ပန်ထားလိုက်ရင် မဟာဆန်တဲ့ အလှမျိုးမို့ ရင်ပိုခုန်စေတာ…။
မြန်မာ၀တ်စုံလေးတွေ အ၀တ်များပေမဲ့..အဲဒီ ၀တ်စုံလေးတွေကပဲ ပိုပြီး ဆွဲဆောင် နှလုံးတုန်စေတာ..တာ မသိဘူးလေ..။
မိတ်ကပ် လိမ်းရင် ဖြစ်ပါရဲ့နဲ့…သနပ်ခါး ပါးကွက်လေး နှစ်ခုကြောင့်…လူပေါင်းများစွာထဲမှာ ပိုပို သာသာ အလှပေါ်နေတက်တာ…။
“ကို..တစ်နေ့ ကို ဘယ်လောက် ရင်ပူရလည်း သိလား..”
“ဘယ်လိုလုပ်မလည်း…တာ က အလုပ်လုပ်နေတာလေ..”
“ကို ဆိမှာ လာလုပ်မလား..ဘာမှ မခိုင်းဘူး ထိုင်နေရုံပဲ..”
“မလုပ်ချင်ပါဘူး.အခွင့်အရေးယူသလိုကြီး..တာ မကြိုက်ဘူး..”ဟန် သက်ပြင်းချမိသည်..တာ က မိန်းမ မာန အပြည့်ရှိတဲ့ မိန်းကလေး မလား..။
“ဟိုနေ့က စကား အကြာကြီး ပြောနေတာ ဘယ်သူလည်း..ဆံပင်နီနီ နဲ့လေ..”
“၀ယ်သူပါပဲ…”
“တာ…ကို…စိတ်မချဘူးကွယ်..”
“ဟန် က…တာ နှလုံးသားကို ပိုင်ပြီးသားပဲ…ဘာကို စိတ်ပူနေတာလည်း..”
“ဒါလည်း..ဒါပေါ့ ..ဒါပေမဲ့..”
“ဟန် ကို တာ က စိတ်မချရမှာပါနော်…ဟန် အနားမှာ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတာ..အခု အလုပ်မှာပါ မိန်းမတွေနဲ့ တွေ့နေရပြီမလား…စိတ်ချစရာလား…”
“စိတ်ချသာနေပါ တာ..ရယ်…ဟန်..နှလုံးသား ထဲမှာ တာ ပဲရှိတာ..”
“ပြောတာလည်း…ဟန်…ပါပဲ..”
“မယုံဘူးလား…”
“ဟာ..နောက်ဆုတ်..လမ်းမကြီးမှာနော်…”
တာ လည်း..ဟန် ကို စိတ်မချရပါဘူး.. လိုက်ပြီး လက်ဆောင်ပေးမဲ့လူ နဲ့..ဖုန်းနံပါတ်တောင်းတာနဲ့..အရင်ကလည်း..မိန်းကလေးတွေ တွဲခဲ့တာ မှ အများကြီး…။
တာ ကိုလည်း..အပျော်တွဲ ပြီး ထားခဲ့မှာ စိုးရိမ်တယ်..
အဲလို သာ ဖြစ်လာရင် တာ  ခံစားနိုင်မှာ မဟုတ်ဘူး ဟန် ရယ်…။
.
“တာ ရေ…”
“ဟုတ်ကဲ့ ဂျာကြီး..”
“တာ  လည်း ရန်ကုန် ရောက်တာ မကြာသေးဘူး..လူရည် လည် လာပြီနော်…”
“ရှင်..”
“အော်..ချစ်သူ ရနေပြီမလား..”
“ နုံနုံ အအ လေးတွေကို ပစ်မှတ်ထားပြီး  ချည်းကပ်တာလေ..စားပြီး ပစ်ချသွားကြတာ..အများကြီး ယုံပြီး မပုံမိစေနဲ့…”
“ဟုတ်ကဲ့..” မန်နေဂျာကြီးကို ပိုကြောက်နေရတာပါလို့တော့ တာ မပြောမိပါဘူး…။
ဒါပေမဲ့…တကယ်ကြောက်ရတာ..တာ အနားရောက်ရင် လက်ကို ရရင် ကိုင်မယ်..ပခုံး ကိုင်မယ်..တခါတလေ ကျစ်ဆံမြိး ကျစ်ထားတဲ့ ဆံပင်ကိုတောင် မျက်လုံးထဲ ၀င်မယ်ဆိုပြီး ဖယ်ပေးရင်း အခွင့် အရေးယူနေတာ..။
မကြိုက်တဲ့ ပုံမျိုးလေး နေမိရင်..တာ က ဘွဲ့မရပဲ ဒီမှာ အလုပ်ရနေလို့..တော်တော်များများ မကျေနပ် ဘူးနော်…ဂျာ ကြီး ကာနေလို့..ဂျာကြီးကလည်း..သနားလိူု့ ကာကွယ်ပေးနေတာ ဆိုပဲ..။
တာ တို့လို မိန်းကလေး ၀န်ထမ်း ဘဝတွေ လည်း မသက်သာလှပါဘူး..။
.
“တာ..ရော့..”
ဟန် ကားနဲ့ လာခေါ်နေကြမို့လို့ ကားပေါ် တက်ထိုင်နေပေမဲ့ ဟန်က မရှိ..။
ဟန် က ကားထဲရောက်တော့ သေချာ မထိုင်သေးပဲ…တာ လက်ထဲကို ဘူးလေး ထည့်ပေးသည်..။
“ဘာလည်း..ဟင်..”
“ဖွင့်ကြည့်ပေါ့…”
တာ ဖွင့်ကြည့်လိုက်တော့ ဟမ်းချိမ်းလေး…
“ဟယ်..လှလိုက်တာ..” အသံထွက်ပြီးပြောရလောက်အောင် သော့ လေးတစ်ချောင်းနဲ့ အလှဆင်ထားတာလေ..။
“တာ..ကြိုက်ရဲ့လား…”
“ကြိုက်တာပေါ့..အရမ်းလှတာ…စျေးကြီးလားဟင်..”
“၄ လောက်ပါပဲ..တာ ကြိုက်တယ်ဆိုလို့ တော်သေးတယ်..ကို က အရင်က ဘယ်သူမှ လက်ဆောင် မ၀ယ်ပေးဖူးဘူးလေ..”
“စျေးကြီးးတာ တွေ လက်ဆောင်မပေးပါနဲ့ ဟန်ရယ်..၀န်ထုတ် ၀န်ပိုး ဖြစ်ရမယ်..”
“ဟန် က ပေးချင်လို့ ၀ယ်လာတာကို ငြင်းတော့..”
“မဟုတ်ပါဘူး..အခုက အရမ်းလှတယ်..ကြိုက်လွန်းလို့ခုတောင် ၀တ် ချင်နေပြီ..နောက်တစ်ခါ မ၀ယ်ဖို့ပါ.. အခုလိုပစ္စည်းတွေ လျှောက်၀ယ်မဲ့ အစား စုဆောင်းထားရင်..အတူတူနေတဲ့ အခါ ကျ ပို အဆင်ပြေတာပေါ့ ဟုတ်ဘူးလား..”
ဟန်က အော်ရယ်လိုက်တော့..တာ စိတ်မကောင်းဖြစ်မိသည်…။
ပြောခဲတဲ့ စကားတွေက အလေးအနက်ပေမဲ့ သူ့ အဖို့ အဲလို မဟုတ်ဘူးလား…။
“ဟန်..အတွက် ဟာသလား ဟင်..”
“မဟုတ်ပါဘူး…အတူတူနေရင်လည်း တင့်တောင်းတင့်တယ်..ကို ထားနိုင်ပါတယ်..တာ ရယ်..တာ ပြောနေပုံက…”
“တာ သိပါတယ်..ဒါပေမဲ့..တာ တို့ မိသားစုက ငွေ ကြေးကြောင့် တကွဲ တပြား ဖြစ်ခဲ့ကြတော့..တာ က စိုးရိမ်မိတာပါ..”
ဟန် ရယ်မိတာကို စိတ်မကောင်းဖြစ်သွားသည်..တာ က အလေးအနက်ပြောနေတာ ပြီးတော့ ခံစားချက်တွေနဲ့..။
“sorry ပါ တာ ၇ယ်…” တာ လက် သွယ်သွယ်လေးတွေကို ဆွဲရင်း ဟမ်းချိမ်းလေး…၀တ်ပေးပြီး..လက်ဖမိုးကို အနမ်းဖွဖွလေး ပေးလိုက်သည်..။

အစအဆုံး wall မှာ တင်ပြီးမှ Group မှာတင်ပေးမယ်နော် 💪
စောင့်ရတဲ့သူတွေကိုအားနာလို့ပါ..💪❤💪

အားပေးတဲ့သူအားလုံး❤📖❤
ကျေးဇူးအရမ်းတင်ပါတယ်❤💪❤

စည်းဆူး Where stories live. Discover now