Part 11

2.7K 105 0
                                    

စည်းဆူး
အပိုင်း(၁၁)
#စည်းဆူးစပိုက်ကာ

“ဟန်..ကလေးတွေကို ကြည့်ထားအုံးနော်..နူး အပြင်ထုတ်ထားခဲ့တယ်..အိမ်ရှေ့တံခါးပိတ်ထားနော်..”
ဆွဲခြင်းမကိုင်ချင်ဘူးဆိုပြီး အိတ်တစ်လုံးကို ဆွဲထွက်သွားတဲ့ နူးကို ကြည့်ရင်း ပြုံးမိသည်..။
ဖုန်း အားသွင်းကြိုး ကားထဲမှာ ကျန်ခဲ့လို့ သွားယူခါ…အခန်းထဲ၀င်ပြီး အားသွင်းလိုက်သည်..။
ဟန် အခန်းထဲ က ပြန်ထွက်လာတော့ ဆိုဖာ အနားမှာ ယုန်လေးတွေ မရှိတော့ဘူး..
“ဟာ..”
ဟန် ပြေးထွက်သွားပေမဲ့..
“ဂီ..”ဟန် ထင်ထားသလိုပဲ..ခဏလေး အတွင်း..
“ဟာ…လူစီလေး..”နူး နောက်လှည့်ပြီး ပြန်ပြေးလာပေမဲ့ မမှီတော့..
“တောက်..”
“စိတ်မကောင်းလိုက်တာ..ဖြတ်ပြေးတာတွေ့တာနဲ့ ဘရိတ်နင်းပေမဲ့ မမှီလိုက်ဘူး..”
နူး..ဘယ်သူပြောတာမှ နားမထောင်ပဲ..ကျော ခိုင်းလိုက်သည်..။
“အစ်မ ဒီမှာ တစ်ကောင်.ထွက်လာပြန်ပြီ...”
“ယူသွားလိုက်ပါ..”
“ရှင်..တကယ်လား..ကျေးဇူးပါနော်..”
.
နူး စျေး၀ယ်ပြီး အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာ ထိုင်နေတဲ့ ဟန်ကို တွေ့ပေမဲ့ ဘာမှမပြောပဲ မီးဖိုခန်းထဲ ၀င်ပြီး..မုန့်ပြင်လိုက်သည်..။
ဟန်က မီးဖိုခန်း အထိလိုက်လာခါ
“နူးနောက်ကနေ လူစီ ပြေးလိုက်သွားတာ..ကို မေ့ပြီးတံခါး....”
“အင်း.ေ.တွ့တယ်လေ..ကားဘီးအောက်မှာ ပြားပြီး ကပ်နေတယ်..”
“ကျွတ်..ကို တံခါးပြန်ပိတ်ဖိုမေ့သွားလို့..” စိတ်မကောင်းတဲ့ အမူအယာ လုပ်ပြီး ပြောနေတော့
“ဟန်…နာမည်နဲ့ လိုက်အောင် ဟန်ဆောင်တက်တာပဲ..နင်က မိန်းမလား..မိန်းမလျာတောင် မူယာများပေမဲ့ မာယာ မများဘူး..”
ဟန် ရဲ့ ခံစားမှုကို စော်ကားပြီး ပြောလိုက်တဲ့ စကားကြောင့် ဒေါ သက အလိုလို ပါလာပြီလေ..ကိုယ် ပြောသမျှ ဟန်ဆောင်တယ် ပဲ တွေးနေတော့မှာလား..
“ဟန်မဆောင်ရဘူးလား..ကို က နူး ခံရ သက်သာအောင်ပါ..”
“ဟားဟား....နူး ဆိုတာ အသိုက်ကြမ်းကြမ်းကလာတာ အားလုံး ခံစားဖူးတယ်..ဘာမှ သနား ကရုဏာ ဖြစ်နေစရာ မလိုဘူး..”
“အိုကေ..ဒါဆိုလည်း..မျက်နှာချင်းဆိုင်ပေါ့… တာနဲ့ ငါ ဝေးရတာ မင်းကြောင့်..”ဟန် စိတ်ထဲမှာ မရှိတော့တဲ့ စကားတွေကို လုပ်ကြံပြောပြီး စကားနာ ထိုးလိုက်သည်..။
“ဟားဟား… တာ က ဘယ်လို ဆွဲဆောင်ထားလို့လည်း..သူ့လို မိန်းမ က  ယောင်္ကျား တကာ”
“မင်း..”
ဟန် သူ့ ပခုံး နှစ်ဖက်ကို ဆုပ်ကိုင်ပြီး အတင်း နမ်းပစ်ဖို့ ကြိုးစားမိသည်..။
“ဖြန်း..”
“တာ ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ အနိုင်မယူနဲ့.လက်မခံဘူး...”
ဟန် ပါးရိုက်ခံရပြန်ပြီ..ဒီမိန်းမ..လုပ်ရရင်.  ဟန် ဒေါသ နဲ့ ဆောင့်တွန်းလိုက်လို့ ဆိုဖာပေါ် ပစ်ကျသွားသည်..။
“ဒေါသကြောင့် တွန်းတာ့မို့ သည်းခံလိုက်မယ်..” ပြောပြီး အောက်ကနေ လူကို မော့ကြည့်နေတာ.အောင်နိုင်သူ အပြုံးနဲ့...အရင်ဒေါသနဲ့ ဆို မစဉ်းစားပဲ တစ်ခုခု လုပ်မိမှာ..အခုတော့ ဟန် လက်သီးဆုပ်ထားမိသည်...။
“စိတ်ထဲ မရှိပဲ ဘာကြောင့် ခဏခဏ ဒီစကားပြောတာလည်း..နင်စကားလေး တစ်ခွန်းကြောင့်..ငါ့ရဲ့ဘ၀..”
ဖုန်းသံမြည်လာတော့ ပြုတ်ကျတဲ့ဆိုဖာပေါ်က ဖုန်းဆီသွားပြီး..ဘာမှ မဖြစ်သလို..
“ဟလို..”
“အင်း..ပြောနေတယ်..အခု ပြောတာ ဘယ်သူလည်း....”
“ဟင်..” ခက်ထန်မာကျောနေတဲ့ မျက်လုံးတွေကနေ ထိတ်လန့်နေတဲ့ မျက်၀န်း တစ်စုံဖြင့် ဟန် ကို လှည့်ကြည့်သည်..ဘာမဟုတ်တာတွေ လည်းတော့ မသိ..။
“မဟုတ်ပါဘူး..ဒီဖုန်းနံပါတ် ဘယ်လို ရလည်း..ဒေါ်လေး နဲ့ နူး ဘာမှ မဆိုင်တော့ဘူး..”
ဖုန်းချလိုက်ပြီး ကိုင်ထားတော့ လက်တွေ တုန်နေတာ ကို ဟန် မြင်ဖြစ်အောင် မြင်လိုက်သေးသည်..။
ဘာကြောက်စရာ ဖြစ်ဖြစ်..အရင်က သူကြောက်နေရင်  ၀မ်းသာပေမဲ့ အခုတော့…
အခန်းထဲရောက်တော့ ဟန် ဖုန်းက ရီကော့ကို ဖွင့်ပြီး နားကြပ် တပ်လိုက်သည်..။
“ဟလို.”
“နူရီလား.”
“အင်း..ပြောနေတယ်..အခုပြောတာ ဘယ်သူလည်း..”
“နင့် အဒေါ်..မိုင်..”
“ဟင်..”
“နူရီ နင် ဇွဲနိုင်ကို အသည်းအသန် ရှာနေတာလား…နင့်ဦးလေးက နင်နဲ့ ပေါင်းထားတယ်ပေါ့ ငါ့ကို စိန်ခေါ်နေတာလား..မှားမယ်နော်..ဟား..ဟား..”
“မဟုတ်ပါဘူး..ဒီဖုန်းနံပါတ် ဘယ်လို ရလည်း..ဒေါ်လေး နဲ့ နူး ဘာမှ မဆိုင်တော့ဘူး..”
အဒေါ်လည်း ပြောသေးတယ်..ပြောတာက နူးညံမှု တစ်လုံး မပါ..။
.
“နူး…ထမင်းစားမယ်..” ဟန် အိမ်ထဲ ၀င်လာတော့ မတွေ့တာနဲ့ လှမ်းအော်လိုက်တာ  တကယ်က ဗိုက်မဆာသေး..။
“ရပြီ..””ဟင်.”မြန် လိုက်တာ တွေးရင်း မီးဖိုခန်း ၀င်သွားလိုက်သည်..။
ခုံပေါ်မှာ အကုန်ချထားပြီး သူက အိမ်ရှေ့ပြန် ထွက်သွားပြန်ပြီ…
ရောက်ကတည်းက မျက်နှာချင်း မဆိုင်ရသေးဘူး..။
ထမင်းစားနေရတာ တစ်ယောက်တည်းမို့ ခြောက်ကပ်ကပ်..အရင်ကလည်း တစ်ယောက်တည်းစားပေမဲ့ သူ က အမြဲ အနားမှာ ယောင်လည်လည် နဲ့လိုတာလုပ်ပေးရင်း အကျင့်ဖျက်ထားပြီးမှ..
“ရေ..”အော်ပြိးမှရပ်လိုက်ရသည်..ခုံပေါ်မှာ ရေခဲ ရေရော ရိုးရီုးရေရော နှစ်ခွက်တောင်…။
ဟန် စားပြီးလို့ အိမ်ရှေ့ပြန်ထွက်ပြန်တော့ သူက မီးဖိုခန်း ၀င်သွားပြန်ပြီ..။
ကောင်းတယ် မျက်စိနောက်တောင် သက်သာသေး..။
.
အခန်းထဲရောက်တဲ့အထိ မီးဖိုခန်းက မထွက်.. ချော့ရမှာလား..စောင့်လေ..။
ဟန် ကိုယ့်အတွေးနဲ့ ပြုံးရင်း..အိပ်နေလိုက်သည်..။
“ဒါကဘာလုပ်တာလည်း..” ညနေကတည်းက တကူးတက ရှောင်နေတာသိတယ်.. အခုတော့ သူခိုးလူမိသလို..စောင်နဲ့ ခေါင်းအုံးပိုက်လျက်သား..ဟန် ရယ်ချင်ပေမဲ့.မြိုသိပ်ထားရသည်..။
“အပြင်မှာ အိပ်မလို့..”
“ဘယ်သူ့ ခွင့်ပြုချက်နဲ့လည်း..”
“ဟမ်..”
“မင်းကို ယူထားတာ အလှကြည့်ဖို့ မဟုတ်ဘူး..”
နူး လက်ထဲ ပိုက်ထားတဲ့ ခေါင်းအုံးကို ကုတင်ပေါ် ပြန်ပစ်ချပြီး  ည၀တ် ဂါ၀န် သွားလဲရသည်..။
ကုတင်မှာ လှဲအိပ်လိုက်တော့ နူး ကို ဆွဲလိုက်တာ သူရင်ခွင်ထဲ တန်းရောက်သွားသည်..။
ရုန်းပေမဲ့ သူ့ လက်ကနည်းနည်းမှ မလျော့့..သူရင်ဘတ်က အကျီ င်္ ကြယ်သီးလေးတွေက နူး မျက်လုံးရှေ့မှာ..
မုန်းရင် ဘာလို့ အဲလောက်ဖက်ထားလည်း..ဟန်မဆောင်တော့ဘူးပြောပြီး ဟန်ဆောင်နေပြန်ပြီ..။

စည်းဆူး Where stories live. Discover now