Part 8

2.5K 103 1
                                    

စည်းဆူး
အပိုင်း(၈)
#စည်းဆူးစပိုက်ကာ

“လာ..လာ…လူစီ…ဟုတ်တယ်..လာ….”
ဟန် အနောက်မှာ ရောက်နေတာ မသိပဲ ယုန်နှစ်ကောင် ကို ဆိုဖာတွေရှေ့မှာ ချပြီး. ဒူးထောက်ထိုင်ခါ တစ်ကောင်စီ ကို နာမည်ခေါ်နေသည်..။
“ပူစီ..အလှည့်…လာလာ…”
“ဟဲ့ ခွေးကောင် ခေါ်နေတာ မကြားဘူးလား..”
ဟန် ပြုံးနေတာရပ်ပြီး လန့်တောင်သွား၏ အဲလိုတွေနှုတ်ကြမ်းတာ..။
“ဟင်..”နူး ခုံအောက်ကို ရောက်နေတဲ့ ပူစီကို ငုံကြည့်ရင်းတွေ့လိုက်တာ ..နူး မော့ကြည့်တော့ မတ်တက်ရပ်ပြီး နူးကို အပေါ်ကနေ မိုးကြည့်နေတာ..
“ဟာ..ဘယ်တုန်းက ရောက်နေတာလည်း..”
“ကြာပြီ..”
“ဟုတ်လား…နူး..မသိလိုက်ဘူး..”
“သိရင် ထွက်ကြို မလို့လား….”
“ဒီနေ့ အစောကြီးပြန်လာတယ်နော်..”
“အင်း..သွားစရာရှိလို့ လာခေါ်တာ..”ဟန်က ပြောရင်း ခုံပေါ်ပစ်ထိုင်လိုက်သည်..။
“ဘယ်ကိုလည်း..”
“သူငယ်ချင်း စေ့စပ်ပွဲ..သွားမြန်မြန်လုပ်..”
“နူးက ဘာလို့လည်း..နူး..လည်း လိုက်ရမှာလား..”
“အဲဒါကြောင့် အိမ်တစ်ခေါက်ပြန်လာရတာပေါ့..”
နူး..အခန်းထဲ ၀င်ပြီး တီရှပ်နဲ့ ဘောင်းဘီရှည် ၀တ်လိုက်ခါ အပေါ်က ကုတ် တစ်ထည် ၀တ်လိုက်သည်..။
ဆံပင်က တိုတော့ တစ်ချက်ဖြီးတာနဲ့ ပြီးပြီ..မျက်နှာကတော့ အရင်လို ပန့်ဆန်ဆန်ပဲပေါ့..ရပြီ..အိုကေ..။
“ရပြီ သွားမယ်..”
နူး.အခန်းရှေ့ ရောက်လာတော့ ဟန် က ခေါင်းစ ခြေဆုံးကြည့်ရင်း..
“နူး.. ဒီပုံစံပဲ ပြင်တက် ဆင်တက်တာလား..”
“အင်းလေ..ဘာလို့လည်း..”နူးလည်း ကိုယ်ကို ပြန်ငုံကြည့်လိုက်မိသည်..
“မိန်းမပျက် တွေတောင်ယဉ်သေးတယ်..”
“အဟက်..နူး ၀တ်ထားတာ ဒီလောက်လုံခြုံနေတာ…ဟန် မျက်လုံး..စောက်ထိုးဖြစ်နေပြီ..”
ဟန် ဒေါသထွက်ပေမဲ့ အတက်နိုင်ဆုံးပြုံးပြီး..
“နူး..က ကို့ မိန်းမ အနေနဲ့ ပွဲတက်ရမှာဆိုတော့ အထက်တန်းဆန်ဆန် မျက်နှာကို ပြင်ပေးလို့ရမလား..”
ပြောလိုက်တာ အထက်တန်းဆန်ဆန် တဲ့ နူးက အခု ဘာပုံဖြစ်နေလို့လည်း…
“မရဘူး..နူး..မပြင်တက်ဘူး.ပြီးတော့ ဒီပုံစံနဲ့ လိုက်လို့မရရင် ခေါ်မနေပါနဲ့ ဟန် သိက္ခာကျလိမ့်မယ်...”
“ရတယ်လေ..နူး..ကို ပါအောင် ခေါ်ခဲ့မယ် ပြောခဲ့ပြီးသားဆိုတော့ နူး..လိုက်မှ ဖြစ်မယ်..အိုကေ.ဒီအတိုင်းသွားမယ်လာ..”
နူးက ဟန်အနောက်က လိုက်လာပြီး တံခါးနား ရောက်မှ..သတိရတာနဲ့
“နေအုံး..ကလေးတွေ သွားကြည့်လိုက်အုံးမယ်..”ပြောပြီး အိမ်ထဲ ပြန်၀င်ပြန်ပြီ
“လိမ်လိမ်မာမာနေနော် မကြောက်နဲ့နော်..ခဏနေ ပြန်လာမယ်..” ခြင်းနားမှာ ထိုင်ပြီး သေချာမှာ နေသေးသည်..။
“ရပြီ..သွားမယ်လာ..”ပြောပြီး ထွက်သွားတာ သူက ရှေ့က ..။
.
“ဝိုး…ပွဲက ကြီးလိုက်တာ..”
“ဟုတ်တယ်..အလုပ်က လူကြီးတွေပါ တွေ့ရမှာ..ပီကေ ထားခဲ့လိုက်နော်..”
“အိုကေ..”ပြောပြီး ကားတံခါးကနေ ခေါင်းထွက် တွေးလိုက်တာ ရှေ့မကြည့် နောက်မကြည့်…ဟန်မှာတော့ တစ်ယောက်ယောက် မျက်နှာများထွေးမိပြီလားလို့ စိတ်ပူရတာ သူကတော့ ဘာကိုမှ ဂရုမစိုက်..။
“ဟန် လာတယ်…ဝါး..သူ့ မဒီပါ တကယ် ပင့်လာတာပဲကွ..”စိုးမိုးက ထိုင်ရာက မတ်တက်ရပ်ပြီး စောင့်နေသည်…ဟန် သိနေတယ်..သူတို့ စတော့မယ်ဆိုတာ..။
“ထိုင်လေ..မမ..ကျွန်တော်က ဟန် သူငယ်ချင်း..စိုးမိုးပါ..”
“ဟုတ်ကဲ့..နူးပါ..”
“နူး..ဆိုတော့ ဘာ နူး တာလည်းဟင်...” စိူးမိုး တို့ စ ဖောက်မှန်းသိလို့ ဟန် ဘာမှ ၀င်မပြောပဲ…ရယ်နေလိုက်သည်..။
“နူး..ဟိုဘက်ဝိုင်းသွားထိုင်ရင် ကောင်းမယ် ထင်တယ် ဟန်..”
“နေပါ မမရဲ့ ကျွန်တော်တို့ က ခင်လို့ စတာပါ..မကြိုက်ရင် မစဘူုး..”
“ဟားဟား..ခင်လို့စတာ ခုမှတွေ့တဲ့လူကိုလား..”ဟန် မျက်နှာ ဘယ်လိုထားရမှန်းမသိ..နူး..အသံကျယ်လို့ ဘေးဝိုင်းတွေက ပါ လှည့်ကြည့်ကြသည်..။
“နူး..အသံလျော့စမ်း..”ဟန် အနားကပ်ပြီး ငေါက် သလိုပြောလိုက်မှ
“အွတ်စ်…sorry..”နူးက ရှေ့က အအေး ပုလင်းဆွဲပြီး သောက်နေသည်.။
“အာ..စိုးမိုး..နင် ကျော်စိုး ဆိုတဲ့ လူကို သိလား..”
“ဟမ်..”စိုးမိုးသာ မက ဟန်လည်း အံသြမိတယ်..ခုနပဲ ပြောတာ အခုမှတွေ့တဲ့လူ ဆိုပြီး အခုကျပြန်တော့ သူက စကားစ ပြောနေပြန်ပြီ..။
“ကျော်စိုးနဲ့ မမ သိလို့လား..”
“မသိဘူး..ဒါပေမဲ့ သိဖို့လိုတယ်..ငါ့ကို သူ့ဖုန်းနံပါတ်ရှိရင်ပေးပါလား.လိပ်စာဖြစ်ဖြစ်.”
စိုးမိုးက ဟန် ကို တစ်ချက်ကြည့်တော့ ဟန် မသိသလို တစ်ဖက်လှည့်ပြီး ခေါင်းရှောင် လိုက်သည်..။
“ဟုတ်ကဲ့..မမ လိုချင်ရင် ပေးမယ်လေ..မမ က ကျွန်တော်ကို ဘာပြန်ပေးမလည်း.”
“နင်က ဘာလိုချင်လို့လည်း..”နူးရှေ့က အအေးပုလင်းရွေ့ပြီး အလေးအနက်ပြောလိုက်တော့
“ကျွန်တော် အတွက်မဟုတ်ပါဘူး..ကျွန်တော့် ဘော်ဒါ ဟန် အတွက်..ကျွန်တော် ကျော်စိုးနဲ့ ချိတ်ပေးရင်  မမ ဟန်ကို ကွာရှင်းပေးမလား..”
“ခွီး..” နူး..ကြိုးစားထိန်းပေးပေမဲ့ မမြိုသိပ်နိုင်လို့
“ဟာသပဲ..ငါ့မှာ အခု ကိုယ်ပိုင်ဖုန်းမရှိသေးလို့..ရှိရင် ကျော်စိုး အဘလည်း ရှာလို့လွယ်တယ်..မောင်လေးရဲ့..ဟန် ကိုလား..မေးကြည့်ပါအုံး..သူက ကွာမပေးတာလေ..အဟက်..”ဟန် ဒေါသထွက်နေပြီထင်လို့ နူးလှည့်ကြည့်လိုက်တော့ တစ်ဖက်ဝိုင်းကိုငေးနေတာ ဘာမှ မသိသလို..ဟင်…အတာ..။
“အတာ..”
“ဟင်…နူး..”ဟန် နူးကို အလန့်တကြားလှည့်ကြည့်သည်..။
“ဟန် နေအုံး..နူး..အတာ ဆီ ခဏ သွားလိုက်အုံးမယ်..”
“မသွားရဘူး..ခုပြန်ထိုင်..”ဟန် သူ့လက်ကို ဆွဲထိုင်ခိုင်းနေပေမဲ့ မထိုင်သေးပဲ တောင့်ရပ်နေသေးသည်..။
အတာတ ို့ လင်မယားထွက်သွားတာကို နူး နောင်တရစွာကြည့်နေပေမဲ့ ဟန် ကတော့ စိတ်စောပြီးကြည့်နေသည်..။
“ရပြီမလား..လက်ကို လွှတ်တော့..ဟွန့် စိတ်ပူတက်လိုက်တာ..”
“စိတ်ပူတယ်…တာ မျက်ရည်ကို ထပ်တွေ့ရင် လူသတ်မိမှာ စိုးလို့”
“အဟက်..”
ဟန်နဲ့ နူး ကြိတ်ပြီး ရန်ဖြစ်နေလို့ ဥက္ကာနဲ့ စိုးမိုးလည်း..ဒီတိုင်းကြည့်နေုကြသည်..။
“ဟလို..ဟန် လာတာပဲ..ဒါက ဟန် အမျိုးသမီးလား..”
“မဟုတ်ပါဘူး..” ဟန် ခေါင်းညိတ်ခါနီးမှ နူး စကားကြောင့်ရပ်တန့်သွားသည်..။
“အော်..ဆော်ဒီးနော်..ဟန် တို့ တခြားဝိုင်းပြောင်းလိုက်ပါလား မသင့်တော်လို့.”
စိုးမိုးနဲ့ ဥက္ကာ က နူး ကို အားနာ သလို ကြည့်ပေမဲ့ ဟန် ကတော့ ခေါင်းငြိမ့်လိုက်သည်..။
ဟန် က ခေါ်တဲ့ လူနောက် လိုက်သွားတော့   ဥက္ကာ ကလည်း ထလိုက်သွားသည်..။
စိုးမိုးကလည်းထတော့..”နေအုံး..စိုးမိုး..ငါ့ကို ကူညီပါ..ကျော်စိုး..ဖုန်းနံပါတ်..”
စိုမိုးက ခဏ စဉ်းစားသလို ရပ်နေပြီးမှ “ကျွန်တော် ပေးချင်ပေမဲ့ စာရွက်ဘောပင် အဆင်မသင့်ဘူး..နူး မှာလည်း ဖုန်းမရှိတော့..”စိုးမိုးစကားမဆုံးခင်..နူး ကုတ်အိတ်ထဲ က နုတ်စာရွက်လေး ထုတ်ပြီး ဘောပင်ပေးလိုက်သည်..။
စိုးမိုးက ဖုန်းကို ထုတ်ခါ ကျော်စိုးနံပါတ်ကို ကူးရေးပေးခဲ့ပြီး ဝိုင်းက ထွက်သွားသည်..။
“ဟူး…တော်ပါသေးရဲ့..လိုနေတာ အဲဒါ..”စာရွက်ကလေးကို ကုတ် အကျီ င်္ထဲ အမြန် ပြန်ထည့်လိုက်သည်..။
ဟန် တစ်ဖက်ဝိုင်းကနေ နူးကို ကြည့်နေတာ စိုမိုးဆီက ဖုန်းနံပါတ်ရအောင် တောင်းနေမှန်းသိသည်..။
စိုးမိုးကို အိတ်ထဲက ဘောပင်နဲ့ စာရွက်ထုတ်ပေးတော့ လမ်းကြုံလို့ တောင်းတာမျိုးမဟုတ် သေချာစီစဉ်ထားတာပဲ..။
“မင်း..မဟေသီကလည်း..ဇွတ်ကြီးကွာ..ငါ့မှာ သူမျက်လုံးနက်နက်ကြီး ကြောက်လို့ ပေးခဲ့ပြီ.”
“ဟေ့ကောင်..ကျော်စိုးက လူရှုပ်နော်..သူက ဘာကိစ္စ ဒီလောက်  အသဲအသန် ဖြစ်နေတာလည်း..သတိလည်းထားအုံး..”နှစ်ယောက်စလုံးက ဘေးက ပြောနေပေမဲ့..
“ငါ..သူ့ အကြောင်း စိတ်မ၀င်စားဘူး..”
“မင်းကလည်း..တာ ကို မေ့လိုက်ပါတော့ကွာ..သူက သူ့ ဘ၀နဲ့ သူ သာယာနေပြီ..မင်းက နောက်ငေး ဘ၀နဲ့ အရိုးထုတ်မလို့လား.”
“အေး..”ဟန် အမှန်အတိုင်းပြောလိုက်တာပါ…တာ နေရာမှာ ဘယ်သူမှ အစားထိုးမရဘူးဆိုတာ ကိုယ်ကိုယ်သာ အသိဆုံး..။
.
“ဟင်..”နူး..ထိုင်ရာက ထရပ်မိသည်…နူး ဒီမှာနေလို့ မဖြစ်ဘူး.. ဟန် နဲ့ တွဲတွေ့သွားလို့ မဖြစ်ဘူး..
နူး..စားပွဲဝိုင်းက ထခါ အနီးဆုံး နောက်တံခါးကနေ ထွက်လိုက်သည်..။
ကားတန်းတွေ တန်းစီိရပ်ထားတဲ့ နေရာရောက်မှ မြန်နေတဲ့ခြေလှမ်းတွေကိုရပ်လိုက်သည်..။
မဖြစ်နိုင်ပါဘူး..ဒီလူကြီး ထိုင်း မှာနေတာပါ..ဘာလို့ ဒီရောက်နေမှာလည်း..ပြီးတော့ နူး ကို ဘယ်မှတ်မိမလည်း..နူး..ဆံပင်တွေ တိုနေပြီ..ဟုတ်တယ်..မတွေ့လောက်ပါဘူး..။
“နူရီ….နူရီလေး..မလား..”
“ကျွတ်..သွားပြိ..”ဒီ အသံကို မုန်းတာ..ငယ်ငယ်ကတည်းက ရင်းနှီးနေတဲ့ အသံ နူးညံ့သလောက်  တုန်နေအောင် ကြောက်ရတဲ့ အသံ..ငယ်ငယ်ကလိုပဲ တစ်ယောက်တည်း ရင်ဆိုင်ရမှာကြောက်ပေမဲ့ ဟန် ဆီက အကာအကွယ်တော့ မလိုချင်..။
“ကိုယ့်ဦးလေးကို တွေ့တာ နှုတ်ဆက်မှပေါ့ကလေးရယ်..”ပြောရင်း သူ နူး အနားလျှောက်လာနေပြီ..ထွက်ပြေးရင် ကောင်းမလား ရင်ဆိုင်ရင် ကောင်းမလား..တွေးလို့ မပြီးခင် သူက ရှေ့ရောက်နေပြီ…
ထုံးစံ အတိုင်း..နှုတ်ခမ်းပါးမှာ အပြုံးတင်ပြီး..၀တ်စုံပြည့်နဲ့ သူက အသက် ၂၀ကျော်သာ ထင်ရသည့် နူးရဲ့ သွေးမတော် ဦးလေး..။
“နူရီလေး..ဆံပင် ညှပ်လိုက်တော့ ဦး မမှတ်မိဘူးဖြစ်သွားတာ..”
“နူး..ဒီမှာနေတာ ကြာပြီ..”နူး..ပြောစရာ စကားရှာရင်း..ကြောက်လန့်မှုကြောင့် မဆိုင်တာပြောမိသည်..။
“အွန့် သိတယ်လေ ကလေးရဲ့..ဒီဒီပြောတယ် ကလေးကို အိမ်ထောင်ချပေးမယ်တဲ့ ဦး တားတာ မရဘူးလေ..ကလေး စိတ်ညစ်နေမှာပဲ..”
“မညစ်ပါဘူး..အရမ်းပျော်နေတာ..ဘ၀အသစ် ဖြစ်နေပြီ..”
“ဟုတ်လား…’ဒါဖြင့် ဦး မြန်မာပြည် ခဏ ရောက်တုန်း နူရီ မိသားစု အသစ်တွေနဲ့ တွေ့သွားချင်တယ်...”
ခဏ..ခဏ ဆိုတော့ ပြန်မှာပေါ့..နူး..၀မ်းသာသွားသည်..။
“နူရီ တွေ့လို့ ရမယ်မလား..”
“မရဘူး..သူတို့က နူးကို တစ်ကောင်ကြွက်ပဲ သိတာ..”
“ဘယ်လို….”
“ဟုတ်တယ်..နူး..ကဒီမှာ တစ်ကောင်ကြွက်ပဲ..အဲတော့ ဦးလည်း. နူး..သာယာနေတဲ့ ဘဝလေးကို မဖျက်စီးပါနဲ့..နူးသွားတော့မယ်.”
“ကလေးရယ်..”
နူးကျောခိုင်းပြီး ထွက်လာပေမဲ့ လက်တုန်နေတာ လျော့မသွား…ခြေထောက်တုန်ပြီး..လူက ခွေ ကျချင်လာသည်..။
သူ ဒိနားမှာ စောင့်ကြည့်နေမှာ ဟန် အနားကို ပြန်သွားလို့ မဖြစ်တော့..တက္ကစီ တားလိုက်သည်..။
.
“နူရီလေး..အတွက်မွေးနေ့ လက်ဆောင်..”
“ဟင်..ယုန်လေး..”
“အင်း..ကြိုက်လား.ဦး သေချာ ၀ယ်လာရတာ အရမ်းနုလို့လေ.”
“မကြိုက်ပါဘူး..နူး..မကြိုက်ဘူး..”
“ဟင်..နူရီလေးက ယုန် ချစ်တယ်ဆို..မိစိုးပြောတာလေ..”
“မချစ်ပါဘူး..”
“တောက်…မိစိုး..လာစမ်း..” နူး ကြောက်လို့ မျက်လုံးမှိတ်ထားလိုက်သည်..။
“နင်ပြောတော့ နူရီ က ယုန်ချစ်တယ်ဆို..”
“ဟုတ်..ဟုတ်…နူးလေး ချစ်တယ်လိုချင်တယ်လို့ မိစိုးကို ပြောဖူးတယ်လေ..”
မိစိုးက တုန်တုန် ယင်ယင် နဲ့ ထောက်ခံချက်တောင်းနေပေမဲ့ နူး ကြောက်သည်..။
“မချစ်ဘူး..မကြိုက်ဘူး..”နူး အသံတုန်ခါ အော်မိသည်..။
“ရတယ်လေ..နူး မကြိုက်တာ ဘာလို့ထားမလည်း..”
“မောင်ဦးလာစမ်း..”
“ဟုတ်ကဲ့..ဘော့စ်..”
“’ဒီယုန် သုံးကောင်ယူသွား..ဓားနဲ့ မွန်းပြီး ချိတ်ထားလိုက်.မသေစေနဲ့နော်.”
“ဟုတ်..”ယုန်ခြင်းလေး ယူသွားတာ သိပေမဲ့ နူး မတားမိ..။
နူး မနက်ကျောင်းသွားဖို့ ထွက်လာတော့ နှလုံးရောဂါသည်ဆို သေလောက်တဲ့ အထိ ခြောက်ချားစရာ နိုင်စရာ မြင်ကွင်း..
ယုန် ဖြူဖြူလေး..သုံးကောင်ကိုယ်က  သွေးတစ်စက်စီ ကျနေတာ အိမ်ရှေ့ ဆင်၀င်အောက်မှာ သွေးစီးချောင်း တိုင်မှာ ချည်ထားလို့ တိုင်တွေပါ သွေးပေနေပေမဲ့ ယုန်လေးတွေ အသက်ရှုသေးတာသိသည်..။
ကားနားကနေ နူးကို ပြုံးကြည့်နေတာ …သူ့ကို မုန်းတယ်…။
“မိစိုး..”
“ရှင် လာပြီ..နူး..”
“ဘာမှ မဟုတ်တော့ဘူး..”
နူး အံကြိတ်ပြီး..ဂိုဒေါင်ထဲက မြက်ရှင်းတဲ့ ဓားအရှည်ကို  ဆွဲထုတ်ယူလိုက်တော့ မိစိုးက နောက်မှာ ရပ်ကျန်ခဲ့သည်..။
ယုန်သုံးကောင် ကို စိမ်းစိမ်းကြည့်ခါ ဓားကို လွဲ ချလိုက်သည်..။
“ဟား..ဟား…နူရီရယ် အရွယ်နဲ့ မလိုက်ဘူးကွယ်..”ပြောပြီး..ကားမောင်းထွက်သွားပြီ..
နူး လက်ထဲက ဓားလွတ်ကျပြီး လူလည်း ခွေကျသွားသည်..။
အဲဒီအချိန်မှာ နူ းအသက် ၁၄နှစ်သာသာ..။.
.
ရှေ့က ပူစီနဲ့ လူစီကတော့ ဘာမှ မသိ ဆိုဖာအောက်က အခင်းကို ကိုက်နေကြသည်..။
ဟင်..ဟန်…
နူး..ခုံပေါ်က ဖုန်းကို မြန်မြန်ကောက်ကိုင်ပြီး အလွတ်ရနေတဲ့ နံပါတ်ကို နှိပ်လိုက်သည်..။
“တီ..တီ…တီ…..”ကိုင်ပါ ဟန် ရယ်..ဖုန်းကိုင်ပါ..။
“ဟလို..ပြော..’
ဟူး..တော်ပါသေးရဲ့..။
“ဟန်…နူး အိမ်ပြန်ရောက်ပြီ..”
“အင်း..သိပြီ..အဲဒါပြောမလို့မလား..”
ဖုန်းချလိုက်ပြီး..ဟန် အရှေ့ကို ပြန်ထွက်လာလိုက်သည်..။
.
“ဟလို..ဥက္ကာ လား..အေး ..မရှာနဲ့တော့ တွေ့ပြီး..စိုးမိုးကိုလည်း ပြောလိုက်အုံး..”
ဟန်ကားပေါ်ရောက်မှ ရှုသွင်းထားတဲ့ လေတွေ ပြန်ထုတ်၇သည်..။
စိုးမိုး တို့နဲ့ စကားပြောနေချိန်..ကြည့်တုန်းက နူးရှိသေးသည်..။
နောက်တစ်ခေါက် စားပွဲကို မျက်လုံးပြန်ရောက်တော့ မတွေ့တော့..
စိတ်တော့ မပူပါဘူး..သူလည်း..ကလေးမှ မဟုတ်တာပဲ..
တစ်နာရီ ကြာသွားပြီ မတွေ့သေး..အိမ် ကို ဖုန်းဆက်တော့လည်း မကိုင်..။
ဟန် အရင် ထပြီး လိုက်ရှာပေမဲ့ မတွေ့တော့..စိုးမိုးတို့ကိုပါ အကူအညီ တောင်းရတော့သည်..။
မတွေ့လေ..လူ က ထူပူလာလေ..
သူ ဘယ်သွားတာလည်း..ဖုန်းမ၀ယ်ပေးထားမိတာ ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်..။
စိုးမိုးနဲ့ ဥက္ကာကလည်း မတွေ့သေးဖူးတဲ့..
ဘာလို့ ဒီလောက်စိတ်ပူနေမိတာလည်း..ဟန် နားမလည်နိုင်....။
နူး ဖုန်းဆက်လို့ အသံကြားမှ ရင်ထဲက အလုံးကြီးကျတော့တယ်..ဟုတ်ပါတယ်..ပါ ဆူ မှာ စိုးလို့ပါ..။
.
“နူး..မမ ..အထဲမှာလား..”
“အထဲမှာ ဘယ်သူမှ မရှိဘူး..ညီလေး..”
“အော် ဟုတ်ကဲ့ ကျေးဇူးပဲ..” စိုးမိုး အပြင်ပြန်ပြေးထွက်လာသည်..။
“ဘော့စ်..”
“ဒီကောင် နူရီ ဘယ်သွားမှန်းတောင်မသိတာ တစ်သက်လုံး ဘယ်လို စောင့်ရှောက်မှာလည်း..”
“ဘော့စ်လေယာဉ်ကွင်း ၁၁နနာရီ ဆင်း၇မှာ.”
“အေး..အချိန်နည်းနည်းကျန်တာပဲကွ..”
“ဟုတ်..”
.
ဟန် ကားနဲ့ ထွက်လာရင်း လမ်း၀ အရောက် ဖုန်း၀င်လာသည်
“ဟန်..စိုမိုးဖုန်းခေါ်တယ်…သူ့ကို ကားပါကင်မှာ ဘလိုင်းကြီး ဝိုင်းသမလို့တဲ့..”
“ဘာ..”
ဟန် ကားကို အဆုံးပြန်ကွေ့ရင်း အရှိန်တင် လိုက်သည်..။
ကားပါကင်ရောက်တော့..အုတ်ခုံမှာ ထိုင်နေတာ စိုးမိုး..
“စိုးမိုး..စိုမိုး..”
“ဟင်..ဟန်လား..”
“အေး..ဘာဖြစ်တာလည်း..လာ ဆေးခန်းသွားမယ်..”မျက်နှာ မှာ ထိုးခံထား၇လို့ ဖူးယောင်နေပြီလေ..။
“ရပါတယ် ထိုးရုံကြိတ်၇ုံပဲ..”
ဟန် စိုးမိုးကို တွဲလာပြီး ကားပေါ်တင်လိုက်သည်..။
ဆေးခန်းကို လိုက်ပို့တော့ ဆေးထည့်ရုံနဲ့ ပြီးတာ တော်သေး၏
စိုးမိုးကို အိမ်ပြန်လိုက်ပို့ဖို့ ကားမောင်းနေရင်း..
“ဟန်..နူးမှာ အကို ရှိလား…”
“မရှိပါဘူး..ဘာလို့လည်း..”
“ဒါဆို လူမှားတာနေမှာပါ..”
“ဘာလည်း..နူးအကိုလို့ ပြောလို့လား..”
“မပြောပါဘူး..ဒီကောင်တွေ အုပ်စုလိုက်ထိုးပြီးလို့ နောက်ဆုံးရောက်လာတဲ့ ကောင်က ခပ်သန့်သန့်ကွ ပြိးတော့ ငါကို “နူရီ လို မိန်းမရထားတာ တန်ဖိုးထားလေ”ဆိုပြီးပြောသွားတာကွ “
“နူရီ..”
“အေး..ငါ က နူး ကို ပြောတယ်မှတ်လို့..”
“ငါလည်း သေချာ မသိဘူး..နူးပဲ သိတာ..”
“ဟား..မင်းကလည်း ကြည့်ကျပ်လုပ်အုံးနော် တော်ကြာ ယူထားတာ အထီးကြီး ဖြစ်နေအုံးမယ်..”
“မသာ…အပေါက်ပိတ်လိုက်တော့..”
“ဟား..ဟား…”
ဒီကောင် အထိုးခံထားလို့ ဖူးယောင်နေတာတောင်မှ ပါးစပ်က ရယ်နိုင်သေးတာ အံသြသည်..။
......

ကျေးဇူးအထူးတင်ပါတယ်💪❤💪
ဟီးဒီနေ့လည်း နည်းနည်းနောက်ကျသွားတယ့်🙈😅
မရေးတက်ရေးတက်မို့ ခွင့်လွှတ် သည်းခံ ပေးကြပါနော် ❤😍😙
ဝေဖန်ပေးပါနော် 📖🙏
စောင့်ဖတ်ပေးလို့လည်းကျေးဇူးအထူးပါ ❤💪❤
Love u all ❤

စည်းဆူး Where stories live. Discover now