Part 4

2.5K 108 0
                                    

စည်းဆူး
အပိုင်း(၄)
#စည်းဆူးစပိုက်ကာ

“လာ သွားမယ်လေ..နင် ရှေ့မှာ ထိုင်မယ်မလား..”
“အို…နူးလေး…အဲလိုမခေါ်ရဘူးလေ…ကိုယ့်ယောက်င်္ကျားဖြစ်သွားပြီ..နင်တွေ ငါတွေ မသုံးရတော့ဘူးနော်..အဟန်ရောပဲ ကြားလား..” မာမီ က နှစ်ယောက်စလုံးကို ပြောနေမှန်းသိတော့ ဟန် ခေါင်းငြိမ့်လိုက်သည်..။
“အဟန်…ရှေ့က တက်မလား..”
“ဟင်..”အားလုံးမျက်လုံးပြူးသွားသည်..ပြီးတော့ အပြုံးကိုယ်စီနဲ့ ပြန်ဖြစ်သွားသည်..။
“သား..နောက်မှာပဲ နူးလေးနဲ့ ထိုင်လိုက်နော်..နေလည်း သိပ်ကောင်းတာမဟုတ်ဘူး..နောက်မှာနှစ်ယောက်ဆိုတော့ ပိုကောင်းတာပေါ့..”ဟန် ဘာမှ မပြောပဲ ကားနောက်ခန်း တံခါးဖွင့်ပြီး တက်ထိုင်နေလိုက်ပြီ်း..ဒင်းကတော့ ၁၀မိနစ်နေမှ ကားထဲ ၀င်လာသည်..။
မတွေ့ချင် မမြင်ချင်တာနဲ့ မျက်လုံးမှိတ်ပြီး တစ်ဖက် စောင်း အိပ်နေလိုက်သည်..။
ပီကေနံ့ရနေတော့ ခေါင်းကပိုမူးလာပေမဲ့ စကားမပြောချင်လို့ ဒီတိုင်းလိုက်လာခဲ့တာ..အခုက လွန်လာပြီ..
တစ်လမ်းလုံး..တစ်ဖောက်ဖောက်နဲ့
“မင်း..ဘယ်လိုဖြစ်နေတာလည်း..နည်းနည်း ပါးပါး အလိုက်ကန်းဆိုးသိပေးရင်..ကျေးဇူးတင်မိမှာပဲ..”
“ဘာတွေလည်း..အဟန် ရယ်..ငါ နားလည်အောင်..အဲမှားလို့ နူး နားလည်အောင် ယောင်္ကျားလိုပြောစမ်းပါ..”
ကိုယ်က မိန်းမလို ပြောမိလို့လား..
“မင်း..ပါးစပ် က ပီကေ ကို ခုထွေးလိုက်..အနံ့ကြောင့် ခေါင်းမူးတာတစ်မျိုး..အသံကြောင့်ခေါင်းကိုက်တာ တစ်မျိုး..”
“အွတ်စ်…sorry..”ပြောရင်း..ပါးစပ်ထဲက ပီကေကို ကားထဲမှာပဲ တွေးထုတ်လိုက်တာ..ဘယ်လိုတွေလည်း..ဒါ ဘယ်လို လူစားလည်း..လူ့ယဉ်ကျေးမှုတောင် နားမလည်တဲ့…ဒီမိန်းမတော့…တောက်…။
“အဟန်ကလည်း…စိတ်ပဲ…ကားတံခါး ဖွင့် မရလို့..ဒီလိုလုပ်တာပါ..”
“မမေးရင် မပြောနဲ့ ပြီးတော့ ငါ့ကို အဟန်လို့ မခေါ်နဲ့..”
“ဟဲ့အကောင်လို့ ခေါ်တာမှမဟုတ်တာ..ဘာလို့..”
“….အဲဒါ ငါ့ အဖွားတစ်ယောက်ပဲခေါ်တာ..”
“မာမီပဲ ခေါ်ပါမယ်လို့ စာချူပ်ချူပ်ထားလို့လား…အခုလည်း ခေါ်ချင်လို့ ခေါ်နေတာမဟုတ်ဘူးနော် မာမီတို့က နင် ငါ မပြောရဘူးလို့ မှာလိုက်လို့..”
“ကျွတ်….ရပြီ ပိတ်ထားတော့…”
ဟန် ခေါင်းကိုက်လာလို့ မှေးထားရင်း အိပ်ပျော်သွားတာ
တံခါးဖွင့်သံ လူသံတွေ ကြားရတော့ မျက်လုံးပွင့်လာသည်..။
ဟန်ကို ငုံကြည့်နေတဲ့…ဒင်း…။
ဟင်…ဟန် က သူ့ပေါင်ပေါ်မှာ အိပ်ပျော်သွားခဲ့တာပဲ..အိပ်တုန်းက ထိုင်လျက်ပါ..ဘာလို့ဒီလို…ဟန် မျက်လုံး ဖွင့်ပြီးစဉ်းစားနေချိန်မှာတောင်..သူက ငုံ့ကြည့်နေတုန်း..တော်တော်အကြည့်ရဲတဲ့ မိန်းမ..။
ဟန်..အမြန်ထလိုက်လို့ ခေါင်းပြန်မူးသွားပေမဲ့ ခါ ထုတ်လိုက်သည်..။
“အဟန်က တော်တော် ချောတာပဲ..အိပ်နေရင် ပိုချောတယ်..နှုတ်ခမ်းတွေကလည်းလှတာပဲ…အမြဲစူပုတ်ထားလို့..ဒီလိုလှမယ် မထင်ထားဘူး…အဟက်..”
ခေါင်းကို လမ်းဘက်လှည့်ထားပေမဲ့ ဘေးက ပြောနေတဲ့ သူ့ စကားတွေကြောင့် မျက်နှာပူရသည်..။
ဒိ မိန်းမ..ဘယ်လို ပြောထွက်တာလည်းး…ယောင်္ကျားလေးက မိန်းကလေးတစ်ယောက်ကို..ပြောရင်တောင် နှစ်ကိုယ်ကြားတီးတိုးပြောမဲ့ စကားမျိုး…။
ဒါကို ဒါရိုင်ဘာ တစ်ယောက်လုံးရှိနေတာတောင်..မကြည်ဖြူတဲ့ ဟန်ကို ပြောနေတာ ဘာမှ မဟုတ်သလို..ထမင်းစားရေသောက်.ပုံစံမျိုး..….။
“ရောက်ပြီ..ဆင်းမယ်လေ…”ဟန် ဘာမှ မပြောပဲ..တံ့ခါးကိုဆောင့်ဖွင့်ပြီး ဆင်းသွားလိုက်သည်…
မနက် ၁၁နာရီ ကထွက်ခဲ့ပေမဲ့ လမ်းမှာ ကားကြပ်တာ မို့ ဟိုတယ်ရောက်တော့ ညနေ ၆နာရီ ရျိပြီ.။
နေ၀င်သွားလို့ ကျန်ခဲ့တဲ့ လိမ္မ်ာရောင်သန်းနေတဲ့ တိမ်မျှင်တချို့သာ.နေ၀င် အလှ အဖြစ်ကျန်တော့သည်..။
ဒါရိုက်ဘာ က  ကားပေါ်က ပစ္စည်းတွေကို ဟိုတယ်ထဲ ပို့ပေးခဲ့ပြီး အခန်းသော့ လက်ထဲလာပေးမှ ဟန်နေရာက ရွေ့ရမယ်ဆိုတာ သတိ၀င်လာသည်..။
ပင်လယ်ကို ကြည့်နေတော ဘယ်လောက်ကြာပြီလည်း မသိ..ကောင်းကင်မှာ အနက်ရောင် ဖုံးလွမ်းသွားပြီ…။
ဟန်ကြည့်နေတာလည်း..ပင်လယ်နေ၀င်အလှမှ မဟုတ်ခဲ့တာပဲ…တာ…အကြောင်း..တာ ကို လွမ်းတယ်…တာ ကို သတိရတယ်..တာ နဲ့ပဲ အမြဲ မခွဲတမ်းနေချင်ခဲ့တာ…တာရယ်…။
“သော့ က အဟန် ဆီမှာလား….”
ဟန် ခွန်းတုန့်ပြန်မနေပဲ…ကမ်းခြေကိုမျက်နှာမူထားတဲ့ လုံးချင်း အခန်းထဲက ၁၀၂ အခန်းတံခါးကို သော့ဖွင့်၀င်လာလိုက်သည်..။
“အဟန်…ရေချိုးအုံးမလား..”
“ကျွတ်…မင်း…စကားမပြောပါနဲ့ကွာ…တောင်းပန်ပါတယ်…”ဟန်....အသံက အဖျားခတ်ခါ တုန်သွားသည်…။ဟုတ်တယ်…ငိုချင်နေတာ..။
“အိုကေ..အဲဒါဆို..နူး အရင်ချိုးလိုက်မယ်..”အခုပဲ ပြောပြီးတာ…အခု ထပ်လာပြောနေပြန်ပြီ..ဟန် ဘာမှ ပြန်မပြောတော့ပဲ..ကုတင်ပေါ်တက်ပြီး ကျောခိုင်း အိပ်နေလိုက်သည်…။
ဟန် မျက်လုံးထဲမှာ စွဲနေတာ တာ ရဲ့ ငိုထားတဲ့ မျက်နှာလေး…တာ..ရယ်…ကို ကြောင့် ငိုခဲ့ရတာ..တစ်ခါပဲ တာရယ်..ကို ကို မေ့လိုက်ပါတော့..ကို ကို နာကြည်းမုန်းတီးလိုက်ပါတော့…ဒါမှ ကို ခံစားနေရတာ သက်သာမှာ..ဟုတ်တယ်..မုန်းလိုက်ပါ တာရယ်…မေ့လိုက်ပါ…ဟန် အသံထွက်ပြီး ငြီးသလို ပြောရင်း မျက်လုံးမှိတ်ထား လိုက်ရသည်..။
“အိုင်..ရယ်ဒီ...”အသံက ဟန်ရှေ့ဘက်က ထွက်လာတာမို့ မျက်လုံးဖွင့် ကြည့်လိုက်တော့တာဝါ အကြီးကို ရင်လျားပတ်ထားပြီး..အိုင်းလိုင်နာ ထူထူတွေနဲ့ မျက်လုံး..နှုတ်ခမ်းက ပြုံးနေတာ မြူစွယ်တဲ့ အပြုံးလား..မာယာ အပြုံးလား. ခနဲ့ပြုံးလား..အောင်နိုင်သူ အပြုံးပဲဖြစ်မှာ ပါ..။
“အဟက်…မာမီ တို့က ဒါလည်း..မိန်းမ တာ၀န်ပဲတဲ့လေ..အဲဒါကြောင့်..”
ဟန် ဘေးက ချထားတဲ့ စောင်အပါးတစ်ထည်နဲ့ ပစ်ပေါက်လိုက်ပြိး..မျက်လုံးနဲ့ တစ်ကိုယ်လုံးကို ခပ်ရိုင်းရိုင်း သေချာစိုက်ကြည့်ခါ..
“ဟွန့်…စောင်ပတ်ထားစမ်းပါ..ငါ ရွံ့လွန်းလို့..မင်း က ဘာနဲ့ တူနေလည်း သိလား..”
ဟန် ပစ်လိုက်တဲ့ စောင်ကို ကောက်ယူခါ လက်နှစ်ဖက်နဲ့ သူ့ ပခုံးပေါ် ဆွဲတင်လိုက်ပြီး..
“သိတယ်လေ…အပျော်မယ်နဲ့..တစ်ထပ်တည်းတော့ တူမှာ မဟုတ်ဘူး..မလုပ်ဖူးတဲ့ အလုပ်မို့လို့လေ..”
တခြားမိန်းကလေး တစ်ယောက်ဆို. သိက္ခာ နဲ့ အရှက် တရား ထိခိုက်လို့.ချုံးပွဲချ ငိုသွားမဲ့ အပြုအမူ နဲ့ စကားလုံးမျိုး ရွေးပြီး ဟန်ပြောလိုက်ပေမဲ့..သူဆီ ကပြန်လာ တဲ့ စကားတွေက ကိုယ် တောင် နားရှက် မျက်နှာ ပူစရာ..။
“တောက်…” ဟန် တံခါးကို ဒုန်းကနဲ့ ပြန်ပိတ်ပြီး  အပြင်ထွက်လာခဲ့လိုက်သည်..။
ကမ်းနားမှာ  ညစာ ထိုင်စားနေတုန်း..အနားကို မိန်းကလေး နှစ်ယောက်ရောက်လာသည်.။
အစကတော့ ရှောင်လိုက်အုံးမလို့…မုန်းတီးတဲ့ စိတ်က အစပေါ်လာတော့ အလိုက်သင့် ပြန် မိတ်ဆက်ရင်း..မိန်းကလေးတွေက အတင်း၀င်ရောတော့သည်..။
ဟန် လည်း ပြန်ဖက်ထားလိုက်သည်…အမှန်တော့ သူထွက်လာတာတွေ့လိုက်လို့..ဒါမျိုး ဘယ်မိန်းကလေးက သည်းခံနိုင်မလည်း..မင်္ဂလာဦးည မှာ သတိုးသားရင်ခွင်ထဲမှာ မိန်းမနှစ်ယောက်…ခံစားကြည့်စမ်း စုန်းမ..။
“အဟန် အေးမယ် ရော့ ခြုံထား..”ဟန် အနောက်ကနေ စောင်ပါးတစ်ထည် လာခြုံ ပေးပြီး ပြန်ထွက်သွားပြီ…ဒီမိန်းမ…ဟာကွာ..တောက်…။
အနားက မိန်းကလေးနှစ်ယောက်ကိုလည်း..ပိုက်ဆံပေးပြီး ပြန်လွှတ်လိုက်ပြီ..အမှောင်ပင်လယ်ကို ကြည့်ရင်း ဒီမိန်းမကို ဘယ်လို ခံစားအောင် လုပ်ရမလည်း..ဟန် အပြေး စဉ်းစားနေမိသည်…။
မင်းနဲ့ သိတာ မကြာသေးလို့ အချိန်တွေ အများကြီးပေးပြီးစောင့်နိုင်တယ် မင့်းအားနည်းချက်ကို မသိသေးပေမဲ့....သိတဲ့ တစ်နေ့တော့ မင်း မချိအောင်ခံရမယ် …။
ဟန် အခန်းထဲရောက်တော့ ဒင်း က ဘေးကုတင်မှာ အိပ်နေပြီ..ကောင်းတယ်..ကိုယ့် အဆင့်အတန်း ကို သိတာ အကောင်းဆုံးပဲလေ..။
ဟန် ဆေး သောက်ပြီး..နှစ်ယောက်ကုတင် အလယ်မှာ တစ်ယောက်တည်း.. အိပ်လိုက်သည်…။
.
ညနေခင်းရဲ့ ပင်လယ်အလှနဲ့ အတူ အပြိုင်လှနေတဲ့တာ..
ဟန်ကို ပြုံးပြပြီး..ရေစပ်မှာ လှိုင်းလေးတွေကို ခြေနဲ့ ခတ်ပြီးဆော့နေသည်။..
တာ က ရေစပ်ကနေ ဘာလို့ ဆက်သွားနေတာလည်း…တာ အ၀တ်အစားတွေ စိုကုန်မှာပေါ့..
“တာ..မသွားပါနဲ့..တာပြန်လာပါ..”
“ရေ က အရမ်းနက်မှာ…တာ….”ဟန် ကြည့်နေရင်း…တာ က မြင်ကွင်းမှာ ပျောက်သွားပြိ…။
တာ ဘယ်ရောက်သွားတာလည်း..တာ ငိုပြီး ရေထဲ ဆင်းသွားတာ…ဒါဆို တာ…..။
တာ…….။
I can’t win,
I can’t regin
I will never with this game
Without you… without you…
ဟန် အိမ်မက်ကလန့်နိုးလာတာ ဖုန်းသံကြောင့်.. အာရုံထဲမှာတော့…တာ ကိုပဲ မျက်လုံးထဲ စွဲနေတာ..။
“ဟလို…ပါ..”
“အင်း..ဘေးမှာ..ဘာလို့လည်း..”
“ဟုတ်လား..ဘယ်တုန်းကလည်း..ဟန်..ပြောလိုက် ရမလား..”
ဖုန်းချပြီး ဘေးကုတင်ဘက် ကိုကြည့်လိုက်တော့ ကုတင်ပေါ်မှာ စောင်က လွဲလို့ ဘာမှ မရှိ…။
ဟန် အခန်းတံခါးတွန်းဖွင့်ပြီး အပြင်ဘက် အလောတကြီး ထွက်လာမိသည်..ကမ်းခြေမှာ သူရပ်နေတာလား..
အိမ်မက်ထဲကလိုမျိုး အဖြစ်ကို  တာ မဟုတ်ပဲ သူ ဆိုလည်း မဖြစ်…
ဟန်..ကို သူ ပေးဆပ်စရာတွေကမှ အများကြီး…ဒါတွေ မရသေးခင် သူလည်းသေလို့မရဘူး…။
“မင်း..အဲဒီမှာရပ်စမ်း..”
ကမ်းခြေကို ပြေးရင်းလှမ်းအော်လိုက်သည်..။
အနားရောက်တော့ ကိုယ်ရှိန် သက်လိုက်ပြီး..ဟိုတယ် မီးအလင်းရောင်ကျနေတဲ့ သူ့ မျက်နှာကို သေချာ ကြည့်လိုက်သည်..။
ငိုနေတာလား..မဟုတ်ပါဘူး..အိုင်းလိုင်နာ ထူထူနဲ့ ပီကေ ဝါးမပျက်…။
ဟန် ကို မျက်မှောင်ကျုံ ကြည့်နေသေးသည်..။
“ဘာဖြစ်တာလည်း…အဟန်..”
“မင်းကို မေးရမှာ ည ၁နာရီကို ဘာကိစ္စ ကမ်းခြေကို ရောက်နေတာလည်း..”
“အဟက်..အိပ်ရင်းယောင်တာလေ..”
“ဘာ…”
“ငါ့ အဖွားဆုံးပြီတဲ့..ဟားဟား..တော်တော် အံသြဖို့ကောင်းတယ်..လူ အသက်ကလည်း အံသြစရာ ယောင်္ကျားယူမှ စိတ်ချမယ်လို့ ပြောတုန်းက မယုံဘူး..အခုတော့ ယုံရတော့မယ်..”
“ပါ..ဖုန်းဆက်တယ်..လိုက်သွားချင်ရင် လေယာဉ် လက်မှတ်၀ယ်ပြီးသားရှိတယ်တဲ့..”ဟန် နှစ်သိမ့် ရလောက် အောင် သူကို မသနားမိ သူကရော..လိုလား..တစ်ယောက်ထဲရှိတဲ့ ဖွားအေ သေတာ ရယ်ပြီး မေးခွန်းထုတ်နေသေးသည်.ပါ ပြောတာကိုတော့ တာ၀န်ကျေ ပြန်ပြောပြလိုက်တာ.။
“မလိုတော့ပါဘူး..ဒီဒီ မှမရှိတော့တာ..လိုက်သွားတော့ ဘာထူးအုံးမှာလည်း..”
စကားပြောတာတွေ အသံဖျားခတ်နေသလားလို့ ဟန် အာရုံစိုက်နားထောင်နေပေမဲ့..သူပြောသွားတာ အရင်အတိုင်း မာရေကျောရေ အသံမျိုး. အဖွားသေတာတောင် မတုန်လှုပ်တော့ သူရဲ့ အားချက်က ဘာဖြစ်နိုင်လည်း..တော်တော် စိတ်ဓာတ်မာကျောတဲ့ မိန်းမ...။
“အခန်းကို ပြန်မယ်လေ..ညဘက်ကြီး..မင်းတစ်ယောက်တည်း..မကောင်းဘူး…”
“အဟက်…အဟန် ပဲပြောတာ..နူး..တန်ဖိုးက ဘာဆိုလား..”ဟန် မျက်ခုံးပင့်မိသည်..ပြောထားတဲ့ စကားတစ်ခွန်းကိုတောင် မမေ့ပဲ..အခွင့်အရေးရတာနဲ့ ပြန်ချေပဖို့ ကြိုးစားနေတဲ့…သူ က ကလဲ့စားချေ ဖို့ လက်ထပ်တာ မဟုတ်ဘူးဆိုတော့…။
“မင်း..သဘောပဲ…ပါ က မင်းအနားမှာ နေဖို့ ဖုန်းဆက်နိုးပြီး ပြောလို့..”
ဟန်ကျောခိုင်းပြီး ထွက်လာလိုက်တော့..
“နေပါအုံး…”
“ပြန်လာ..”
“ဘာလည်း..”ဟန် အနားရောက်အောင် မသွားပေမဲ့ ခပ်လှမ်းလှမ်းမှာရပ်ပြီး မေးခွန်းထုတ်လိုက်တော့…
“ကောင်းတယ် အဲလောက်မှာဆိုလည်း ဖြစ်တယ်..ခဏစောင့်ပါ…”ဟန် ဘာမှ မပြောပဲ အမဲရောင် ပင်လယ်ကို မမြင်ရပဲငေးနေလိုက်သည်..တာ အကြောင်းပဲ ခေါင်းထဲ ပြန်ရောက်လာသည်..။
သူကို တစ်ချက်ကြည့်တော့ ...မီးရောင်ကို ကျောခိုင်းပြီး ပင်လယ်ကို ကြည့်နေလို့ မျက်နှာ မမြင်ရ..။
“ရပြီ ပြန်မယ်…”သူလည်း..ငေးချင်ရာငေး..ဟန်လည်း..တာအကြောင်းတွေးရင်း..အမေ့အလျော့ ဖြစ်နေမှ..အနားက ခေါ်သံကြောင့် အသိပြန်၀င်သည်..။
“အဟန် တို့ ကလည်း..နည်းနည်း အချိန်မရနဲ့..အတာ ပဲ…အဲသလောက်ချစ်လား..”
ဟန်..မျက်လုံးပြူးသွားသည်..ဘာလည်း..အကြားအမြင်ဆရာမလား..နေထိုင်ပုံကလည်း သူများနဲ့ မတူတော့ ဖြစ်ရင် ဖြစ်နိုင်တယ်..။
“မဟုတ်ပါဘူး..အဆွေးရိပ်တွေ မတော်တဆ မြင်မိသွားလို့ပါ..”
ဟန်လည်း ဘာမှ မပြောပဲ..သူက သိပြီး အဖြေပြောပြန်ပြီ…။
“ဟုတ်တယ်…တာ က ငါ့ ဘ၀..သူ မရှိရင် ဘ၀ မရှိဘူး..”
“ခွီး..ခေတ်သစ် ရိုမီယိုနဲ့ ဂျူးလိယက်…အိုမိုင်ဂေါ့..နူး က ဗီလိန်ပေါ့..”
“ဒီရုပ်လေးနဲ့ ဇာတ်လိုက်ဖြစ်ရမှာ.ဒီဒီ ကြောင့်အခုတော့ ဗီလိန်တဲ့..ဟားဟား…” ဒီမိန်းမ ရယ်နေတာက ခြောက်ကပ်ကပ် ရူးများနေတာလား…။
“သွားတော့မယ်..အဟန် ဆွေးချင်ဆက်ဆွေး..ခြင်တွေ ကတော့ ၀မ်းသာမှာပဲ..”ပြောပြီး ဟိုတယ်၀န်းထဲ ပြန်တက်သွားလိုက်တာ ပေါ့ပေါ့ ပါးပါး…။
ဟန် ကမ်းခြေမှာ ရပ်ကျန်ခဲ့ပေမဲ့ အိပ်ချင်လာတာနဲ့ အခန်းထဲ ပြန်၀င်လာခဲ့သည်..။
“ဟင်..”
နှစ်ယောက်အိပ် ကုတင် မှာ ဒင်းက အခန့်သား..အလယ်ကျကျ မှာ ကို အိပ်နေတာ..
အိပ်ပျော်နေပြီလား..ဘာကိစ္စ ဒီကုတင်မှာ လာအိပ်နေတာလည်း…။
ချီ ပြီးလည်း မရွေ့ချင်ပါဘူး..ဟိုဘက်ကုတင်အသေးမှာ သွားအိပ်ရင် ကောင်းမလား..
ဟန် မတ်တက်ရပ်တွေးနေရင်း..ခေါင်းတွေနောက်လာပြီ..လူက လည်း ဆေးသောက်ထားတာ ည က၂နာရီ ဖြစ်တော့မယ်..။
ဟန် စောင်တစ်ထည် ဆွဲယူလိုက်ပြီး ကုတင်အသေးမှာ အိပ်လိုက်သည်..။
ဒါ ကုတင်မှ မဟုတ်တာ..ခြေထောက်က အောက်ကို ပြုတ်ကျနေတော့ အိပ်ရတာ အဆင်မပြေ…ကွေးအိပ်တော့လည်း..ခါးညောင်းသည်..။
လက်ကလည်း ဘေးဆန့်တာနဲ့ ပြုတ်ကျ..ဟန် အတွက် အခု ကောင်းကောင်း အိပ်ပျော်ဖို့က အရေးကြီးတာ…ခေါင်းတွေတောင်ကိုက်နေပြီ..။
ဟန် ညာဘက် ကို ပြန်စောင်းလိုက်တော့  မျက်လုံးနက်နက်နဲ့ အကြည့်ချင်းဆုံသွားသည်..
ဒင်း အိပ်ချင်ယောင်ဆောင်နေတာပဲ..ရပြီ..
ဟန် စောင်ဆွဲပြီး ကုတင်ပေါ်ပြေးတက် လဲချလိုက်သည်..။
ဒင်းက နေရာက မရွေ့ မျက်လုံးပါ ပြန်မှိတ်ထားသည်..ရမလား..
ဟန် ကိုယ်လုံးနဲ့ တွန်းလိုက်လို့..ကုတင်ပေါ်က ပြုတ်ကျ သွားတော့..
“အား..ဘယ်လို လုပ်တာလည်း..”
“မင်း..ဟိုဘက်မှာ သွားအိပ်..”
“မအိပ်ဘူး..” ပြောပြီး ဟန်ဘေး က နေရာလွတ်သေးသေးလေးမှာ လဲချလိုက်တော့..
ဟန်..နောက်ဆုတ်ပေးလိုက်မိသည်…။
တောက်…သူ့ကိုယ်နဲ့ မထိချင်လို့ ရှောင်ပေးလိုက်တာ..ဒင်း အတွက် အခွင့် အရေးရသွားတာ..။
ဟန်ကျောခိုင်းပြီး မျက်လုံးမှိတ်ထားလိုက်သည်..။
အရမ်း အိပ်ချင်လို့ ခေါင်းအုံးနဲ့ ခေါင်းထိတာနဲ့ အိပ်ပျော်လု ဖြစ်နေပြီ..
ဟာ…အ..အ..
ဟန် ကုတင် ဘောင်ကို လှမ်းဆွဲတာလည်းမမှီ ခေါင်းအုံးကို ဆွဲမိပြီး ခေါင်း အုံးကော လူရော ကုတင်အောက်ကို ပစ်စလတ်ခတ်  ပြုတ်ကျသည်..။
ဒင်း သပ်သပ် နောက်ကနေ ခြေထောက်နဲ့ ကန်ပြီး တွန်းချတာ
“တောက်…လုပ်ရရင် သေတော့မှာပဲ…”။
ကျိန်းလိုက်ပေမဲ့ လူ က ထလို့ မရသေးပါ…။
တော်ပြီ..တော်ပြီ…စိတ်ကိုလျော့ ဟန်  စိတ်ကိုလျော့..နောက်နေ့မှ တွေ့မယ်..ကိုယ့်ကိုယ်ကို ဆုံးမရင်း..
ပြုတ်ကျတဲ့ ကုတင်ဘေးမှာပဲ လက်ထဲ ပါလာတဲ့ ခေါင်းအုံးကို ပစ်ချလိုက်ပြီး ကြမ်းပြင်ပေါ် ဒီတိုင်းလဲချလိုက်ရသည်..။ကုတင်ပေါ်က စောင်ကို ခြေထောက်နဲ့ ထိုးယူပြီး ခြုံလိုက်တော့ မျက်လုံးက မှေးကျလာပြီလေ…။
ပါ…ရေ…. အိပ်နေပြီမလား..ဟန် ..ကတော့…။

အရေးအသားမကောင်းတာသိပေမဲ့
ရေးမိနေတုန်း 💔
ဖတ်ပးတဲ့သူအားလုံး
ကျေးဇူးအထူးတင်ပါတယ်နော် ❤💪❤

စည်းဆူး Where stories live. Discover now