Part 10

2.8K 108 0
                                    

စည်းဆူး
အပိုင်း(၁၀)
#စည်းဆူးစပိုက်ကာ

“နူး..မပြီးသေးဘူးလား..ဗိုက်ဆာနေပြီနော်..” ဟန်က ပြောလေ..နူး မှာ အယော်ယောင် အမှားမှား..ဖြစ်ရလေ..။
“နေပါအုံး..ဟန်ရယ်..ဒီမှာ စာအုပ်ကြည့် ချက်နေ၇တာ..”
“၈နာရီတောင်ဖြစ်နေပြီ..မနက်ကလည်း ဘာမှ မစားရဘူး..”
“ဟန် အိမ်မှာ သွားစားလိုက်ပါလား.”
“မစားချင်ပါဘူး..ဟိုနေ့က မာမီက မကျွေးနိုင်ဘူး..ကိုယ့် မိန်းမကို ခိုင်းတဲ့လေ..”ဟန်က နှုတ်ခမ်းခပ်စူစူ လုပ်ရင်းပြောတော့ နူးရယ်နေမိသည်..ဒါတော့ ဟန်ဆောင်တာ မဖြစ်နိုင်ပါဘူးလေ..။
“ကို ကူပေးမယ် ဘယ်လို လုပ်ရမလည်းပြော..”
“နူးလည်း မသိလို့ စာအုပ်ပြန်ကြည့်နေတာလေ.”
“ဒီမှာရေးထားတာ..ဆီဆူလာရင် ပုစွန်ထည့်ကြော်ထားတဲ့လေ..”ဟန် က နူး အနားမှာရပ်ရင်း..ဆရာလုပ်ပြန်သည်..။
“ကြော်ထားတယ်လေ..မီးဖိုပေါ်မှာ..ဟာ..”
နူး မီးဖိုဆီပြေးတော့ အငွေ့ထနေတဲ့ မီးခိုးမဲမဲတွေနဲ့ ဒယ်အိုး..။
“အ..” မီးဖိုပေါ်က အိုးကို အ၀တ်နဲ့ ကိုင်ချပေမဲ့ လက်စောင်းကိုတော့ အပူဟက်သွားသည်..အိုးထဲကြည့်တော့ ပုဇွန် တစ်ဖက် က အမဲရောင်ဖြစ်နေမှာသေချာတယ်..။
“ဟာ…အပူလောင်သွားတာလား..ကို ကို ပြစမ်း..”နူးလက်ကို အလောတကြီး လိုက်ကြည့်နေတာ ဟန်ဆောင်တာလား..မဝေခွဲတက်တော့..။
“ရပါတယ်..အပူဟက်ရုံပါပဲ..ခဏစောင့်နော် ပြန်လုပ်ပေးမယ်..”နူးချထားတဲ့ အိုးကို ဇွန်းနဲ့ ကော်ကြည့်တာ အဆင်မပြေ .။
“ထားပါ..ကို ဆက်ကြော်လိုက်မယ်..”
“ဟင်..”နူး ကိ်ုယ်နား ကို မယုံနိုင်…ဟန် တကယ်ပြောလိုက်တာလား..။
“ကို လုပ်တက်ပါတယ်…နူး ခဏထိုင်နေ...လက်ကို ဆေးထည့်အုံးနော်..”
ဟန် ကပြောပြီး..အိုးထဲက ပုဇွန်မဲမဲတွေကို ပန်းကန်ထဲထည့်ပြီး..အိုးကို ရေပြန်ထည့်ခါ မီးဖိုပေါ်တင်လိုက်သည်..။
ဒီလို ကြည့်တော့လည်း..ဟန် က မီးဖိုချောင် ကျွမ်းကျင်သားပဲလို့ နူးတွေးမိသည်..။
“ဟန်..ပုဇွန်ပြန်ချက်မှာလား..ရေခဲသေတ္တာထဲမှာ ရှိတယ်..”နူး ပြောလိုက်တော့ ဟန် က ရေခဲသေတ္တာ တံခါးဖွင့်ခါ တွေ့သမျှ အကုန် ထုတ်ကြည့်ပြီး စပ်စုနေသည်..။
ပန်းပွင့်စိမ်း.ခရမ်းချည်သ်ီးနဲ့ ငရုတ်ပွတွေပါ ထုတ်ချလာပြီး..ခုံပေါ်တင်ခါ လှီးချွတ်နေသည်..။
“ဟန် ..ဖယ်လေ..နူးလှီးပေးမယ်..”နူး..ထိုင်နေတာ မကောင်းတာနဲ့.အနားသွားပြီး ပြောမိတော့ လူကို ပြုံးပြီး ပြန်ကြည့်ပြန်ပြီ…။
“ထိုင်နေပါကွာ..ကို လုပ်ပါ့မယ်..လိုရင်ခေါ်ခိုင်းမယ်..အားမနာနဲ့..ဟား..ဟား..”
ဟန် က ဘာကိုတွေးပြီးသဘောကျနေမှန်းမသိပေမဲ့..နုး.စိုးရိမ်မိသည်..။
ဟန် အရွက်တွေ လှီးရင်း..နူး..အကြောင်းတွေးခါ ပြုံးမိသည်..။
ဘယ်လောက်ပဲမာကျောပါစေ…အခုလို ဟန် ခိုင်းလိုက်တိုင်း အပြေးအလွှား အလွဲလွဲအချော်ချော် နဲ့ ကြိုးစား လုပ်ပေးနေပြန်တော့..သနားစရာလေးလို့ပဲ မြင်မိသည်..။
ဒီပုံစံဆို မင်းကို သနားပြီး.ကို စိတ်တွေ ပြောင်းလဲကုန်တော့မယ်.. …။
ပန်းဖူးလှီးနေရင်း. ပါကင်ထုတ် အသစ်ဖောက်တာ မရ…ဓားစမ်းကြည့်တော့လည်း မထက်လို့ ကူညီချင်လွန်းသည့် နူးကို အလုပ်ပေးရတော့မည်..။
“နူး…ကို ကို ဒီ အထုတ် ကိုင်ထားပေး..ဓား မထက်တော့..သေချာလှီးလို့ မရလို့..”
“အင်း..ပေးလေ..”နူး လက်ထဲကို အထုတ်ထည့်ပေးပြီး အိတ်စ ကိုင်ထားတဲ့နေရာ ဘေးတိုက်လှီးလိုက်သည်..စက္ကန့်ပိုင်းအတွင်း..
“အား..”
“ဟာ..ထိသွားပြီလား..ဟာကွာ..” ဓားက မထက်လို့ စောင်းပြီး ဖိလိုက်တော့ နူး လက်ကို ထိသွားပြီ…ကတ်ကြေးနဲ့ ဖောက်လည်း ရရဲ့သားနဲ့ ဟန် ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်..။
“သွေးထွက်နေတာလား..နေအုံး..”ဟန် အခန်းထဲက ဆေးဘူးပြေးယူပြီး ဂွမ်းတွေ ဆွဲထုတ်ခါ သုတ်ပေးရင်း ဖိထားသည်.။
“တအားနာနေလား..”
နူးက ခေါင်းခါ ငြင်းမိပေမဲ့ စိတ်ထဲမှာတော့ ၀မ်းနည်းလာသည်..အခုလို တမင်လုပ်တာလည်း သိတယ်..ဟန်ဆောင် ကြင်နာတာလည်း သိပါရဲ့နဲ့ သာယာနေတဲ့ ကိုယ့်ကိုယ်ကို ဒေါသထွက်မိသည်…။
.
ဟန်နဲ့ နူး..ထမင်းစားပြီးတော့ ၁၀နာရီဖြစ်ပြီ..နူး က လက်နာနေလို့ ဟန်က ခွံကျွေးပြီး ပန်းကန်တွေပါ သူကိုယ်တိုင် ဆေးသွားတာ..နူးစိတ်ထဲ ကြည်နူးတစ်၀က် ၀မ်းနည်း တစ်၀က်နှင့် ခံစားလိုက်ရသည်..။
“ဟန် မအိပ်သေးဘူးလား..”
“ဟင့်အင်း..သရဲကား အသစ်ကြည့်မလို့…နူးကောကြည့်မလား”
“မကြည့်ပါဘူး..ကြောက်တယ်..”မကြောက်တက်ပေမဲ့ ဟန် ၀မ်းသာအောင်ပါ..။
“လာပါကွာ..ကို တစ်ယောက်တည်း ဖြစ်နေတာလေ..” နှိပ်စက်ချင်လို့ ခေါ်တာ သိလို့  နူး သူဘေးမှာ ၀င်ထိုင်ပြီး ကြည့်လိုက်တော့ ရယ်စရာမျက်နှာနဲ့ သရဲမလား..မသေချာသည်.့.အရာတစ်ခုတီဗီပေါ်မှာပေါ်နေသည်..။
“ဟာ…မကြည့်တော့ဘူး..”
“လာပါကွာ..ကို ရှိသားပဲ..”ဟန် ကပြောရင်း နူးကိုဆွဲပြီး..သူပခုံးပေါ်ခေါင်းမှီခိုင်းထားသည်..။
နူးထသွားမှာစိုးလို့ လက်တစ်ဖက်ကို လည်း ဆုတ်ကိုင်ထားသေးသည်…။
“အား….မကြည့်တော့ဘူး..ကြောက်တယ်..”
သရဲထွက်လာတဲ့ အခန်းဆို ဟန် လက်မောင်းကို ဆုပ်ကိုင်ပြီး ကြောက်ချင်ယောင်ဆောင်ပြရလို့ နူး စိတ်ပင်ပန်းလာပြီ.. နူး ဟန်မဆောင်ချင်ဘူး.. ။
“မကြည့်တော့ဘူး..နူး..အိပ်ချင်လာလို့..”နူး မတ်တက်ရပ်ဖို့ ဟန် ကခွင့်မပြု..
“ကို ဘေးမှာ အိပ်ပေါ့ “
နူး ဘာမှ မပြောပဲ မျက်လုံးမှိတ်ထားလိုက်သည်…အရာအားလုံးက ခေါင်းထဲကထုတ်ပြီး..ဒါဘယ်သူ့ ပခုံး..ဘယ်သူဘးမှာ ဆိုတာတွေ မတွေးတော့ မျက်လုံးက တစ်ကယ်အိပ်ချင်လာပြီး..အတွေးတွေ တကယ်ရပ်တန့်သွားသည်..။
နူးကို ဟန် ပွေ့ချီပြီး အိပ်ယာပေါ်သေချာချခါ..နဖူးကို ဖွဖွလေး နမ်းပြီး..စောင်ခြုံပေးသည်.. ဘာဟန်ဆောင်မှုမှ မပါတဲ့ အပြုံးလေးနဲ့ စိုက်ကြည့်နေတဲ့ ဟန် ..
နူး…နိုးလာတော့ နွေးထွေးတဲ့ ဟန် ရင်ခွင်ထဲမှာ…။
.
“ဟလို..ကိုကျော်စိုးလား..”
“ဟုတ်ပါတယ်..”
“ကျွန်မက..”
“သိပါတယ်..ဇွဲနိုင် ကိုစုံစမ်းခိုင်းထားတာမလား…ကျွန်တော်တို့ ကြိုးစားနေပါတယ်..နည်းနည်း ကြာသွားတော့ သတင်းစ ပျက်နေလို့ပါ..
“ဟုတ်ကဲ့..ကျွန်မ ဘက် သိရဖို့ အရေးကြီးလို့ပါ..”
“ကျွန်တော်နဲ့ အလုပ်လုပ်မယ်ဆို တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုနဲ့ လုပ်မှ ရမယ်  မယုံဘူးဆိုရင် ပိုက်ဆံ ပြန်လွဲပေးလိုက်ပါမယ်..”
“အဲလို မဟုတ်ပါဘူး..ယုံပါတယ်..လောသလို ဖြစ်သွားးရင် တောင်းပန်ပါတယ်နော်.”နူး..အမြန်တောင်းပန်ရသည်..ကိုယ့်အတွက် ကောက်ရိုးတမျှင်က ဒီလူတစ်ယောက်သာ ရှိတော့တာ..။
ဟန် နှစ်ဖက်စလုံးက ဖုန်းချသွားတာတောင် ဆက်ကိုင်ထားရင်း စဉ်းစားမိသည်..။
ဇွဲနိုင်ဆိုတာ ဘယ်သူလည်း…ဒီလို လူမိုက်တွေကိုစုံစမ်းခိုင်းရလောက်အောင် သူ့ အတွက်အရေးပါနေတာလား…
စိုးမိုးလည်း..သိနေတော့ စိုးမိုးဆီက ထပ်စုံစမ်းရမည်..။ဟန် ဖုန်းကို အိတ်ထဲထည့်ရင်း ကားပါကင်ထွက်ခဲ့သည်..။
‘အေး..စိုးမိုးလား..မင်းဘယ်မှာလည်း..ငါလာခဲ့မယ်..ထွက်လာနေပြီ..” 
ဟန် ကားမောင်းနေရင်း လမ်းတစ်လျှောက် တွေးလာမိသည်..။
ဇွဲနိုင်ဆိုတာ ဘယ်သူဖြစ်နိုင်မလည်း…။
ပါ တို့ သိတာ နူး က တစ်ယောက်တည်းဆို..ဟို တစ်ခါ စိုးမိုးကို ရန်ရှုာသွားတာ ဘယ်သူလည်း…
ပြီးတော့ နူးက ဇွဲနိုင် ဆိုတာကို ဘာလို့ အသည်းအသန်  တွေ့ချင်နေတာလည်း..
တွေးနေပေမဲ့ သိတာ တစ်ခုမှ မရှိ..
စိုးမိုးနဲ့တွေ့တော့ ပိုသာဆိုးလာတော့သည်..။
“ဟန်..မင်းဆိုသည်မှာ တစ်နှစ်တစ်ခါ ပေါ်လို့လာ သလား..”
“ငါ  အခု ပါ အလုပ်တွေပါ လုပ်နေရတယ်လေကွာ..”
“ထားတော့ မင်းကို တွေ့တာ ပြောစရာရှိလို့..”
“ဘာဖြစ်ပြန်ပြီလည်း..”
“ငါ မဟုတ်ဘူး..မင်း မိန်းမ…နူး…ကျော်စိုးပြောတာ ဇွဲနိုင်ဆိုတဲ့ ကောင်ကို အသည်းအသန်ရှာနေတယ်တဲ့..မင်းသိထားသင့်တယ်..ထင်လို့..ပြီးတော့ နူး..အကြောင်း မင်းတို့ မိသားစုက ဘာမှ စုံစမ်းထားတာ မရှိဘူးလေ..အဲဒါ..တစ်ခုခု ဖြစ်လာမှာစိုးလို့..”
“ဟုတ်လား..သူ့ ကြည့်တော့ အိမ်မှာပဲ အေးဆေးပါကွာ..:” ဟန် မုသားလွတ်ရုံလေးပြောပြီး ရယ်နေလိုက်သည်..။သိထားတာတွေက စိုးမိုး ထက်ပိုများနေတော့ နောက်ရင်းပြောင်ရင်းနဲ့ ပဲ စကားဆက်ပြီး..ပြန်လာခဲ့ရသည်..။
.
“ပါ…နူးမှာ အကိုရှိလား..”ဟန် လက်မှတ်ထိုးဖို့ ကိစ္စ သွားပြောရင်း ပြန်ခါနီး သိချင်နေတာ ကိုကောက်မေးလိုက်သည်..။
“ရှိတယ်…မိန်းမ ယူပြီးကတည်းက စွန့်ပစ်ထားလိုက်တာလေ…၅နှစ်လောက်ရှိပြီ..”
“နူးက တစ်ယောက်တည်းဆို..”
“မဟုတ်ဘူး..သူ့ဆီမှာ အဒေါ်နဲ့ ဦးလေး လည်း ရှိသေးတယ်..ဒီဒီ က နူးကို သွေးသားမတော်တဲ့ သူတို့နဲ့ ထားခဲ့ရမှာ စိတ်မချဘူးလို့ ငါကိုပြောဖူးတယ်..သူတို့ အတွင်းရေးကလည်း တော်တော် ရှုပ်တယ်..”
“မင်းလည်း..နူးကို ဂရုစိုက်အုံးနော်..’
“အင်း..ပြန်တော့မယ်..ပါ သွားခါနီး..ဖုန်းဆက်အုံးနော်..”
ဟန် အပြန်လမ်းကျတော့ စဉ်းစားစရာ ပိုများလာပြန်ပြီ..
နူးမှာ အကိုနဲ့ ဦီးလေးရှိတယ် ..ဒါဆို နူးက ဘယ်သူကိုရှာနေတာလည်း..။
..ဟန် အတွက် အဓိက  …..။.
.
နူး..ဖုန်းမဆက်ချင်ပေမဲ့..ကြိုးစားခေါ်ရသည်..။
ချပစ်ဖို့လည်း..အကြိမ်ကြိမ် တွေးမိသည်..ကြောက်လာသလို လက်တွေလည်း တုန်လိုက်..အေးလိုက်နဲ့…
ဟန် အတွက်တော့….။
“ဟလို..ဦးလား…”
“ဟုတ်တယ်..ကလေးလား..ဘာဖြစ်လို့လည်း..”
“ဦး..နူး စိတ်ချမ်းသာတာ မကြည့်ချင်ဘူးလား..”
“ဟင်..”
“ဦး..လူတွေ စိုးမိုးကို ရိုက်သွားတာကို ပြောတာ..”
“ကလေးရယ်..ဦးက..ကလေး အတွက်..”
“အား..မကြားချင်ဘူး..ဒီဒီ က ဦးတို့ကြောင့်.နူးကို ဒီကိုပို့ သွားတာ..’
“ဟုတ်တယ်..အဲဒါတွေကြောင့် ဒေါသထွက်ရတာ..နူရီ ဆိုတာ ကိုယ့် တူမ ဆိုတာထက် ကိုကိုကြီး သမီးလေးမို့လို့  သမီးအရင်းလို သဘောထားတာ..ဒီဒီနဲ့ မိုင် က ဦး သိက္ခာကို စော်ကားလွန်းတယ်..အဲဒါကြောင့် နူရီ ကို ရအောင်ယူမယ်လို့ ပြောမိတာ..ဦးစိတ်ထဲမှာ ကလေးက ဦးသမီး..ဦးညီမ..ဒါပဲ…ကလေး စိတ်ချမ်းသာရင် ဦးလည်း..စိတ်ချမ်းသာတယ်.. ဦး ကြောင့် ကလေး အဲဒီမှာ ဒုက္ခခံနေရတာသိတော့ ဦး..တကယ်စိတ်မကောင်းဘူး..”
“ဦး..တကယ်..ပြောတာလား…ဦး..က နူးကို..သမီးအရင်းလို..”
“ဟုတ်တယ်..နူရိအဒေါ်က ဦး ကို ကိုကိုကြီး လွဲပေးခဲ့တဲ့ရှယ်ယာတွေကြောင့် မကျေနပ်ဘူး..ဦးကလည်း မမက်ပါဘူးကွာ..ဒါပေမဲ့ ကလေး ရဲ့ ပိုင်ဆိုင်မှုတွေ မတရားသိမ်းမှာ စိုးလို့ ဦး ထိန်းသိမ်းပေးတဲ့ သဘောပဲ..အခုလည်း..ကလေးနာမယ်နဲ့ အကုန်လွဲပြီးသားပါ”
နူး စဉ်းစားရင်း ခေါင်းတွေမူးလာသည်..ငယ်စဉ်ကတည်းက ဒေါ်လေးပြောထားတာ..ဦး ဆိုတာ သွေးသားမတော်ဘူး..လူဆိုး..လူယုတ်မာ နူး အမွေတွေကို မတရားသိမ်းထားတဲ့ သူဆိုပြီး အခုကျတော့..
နူး..မှားသွားပြီလား…။
“…ဦးကို..အထင်လွဲမိတာ..စော်ကားမိတာတွေ..နူး..ကို ခွင့်လွှတ်ပါနော်..”အသံတုန်ပြီး တောင်းပန်မိသည်..။ ဖုန်းကိုင်ထားပေမဲ့ ရင်ထဲ စို့နစ်လာသည်..အမြဲ အထင်လွဲပြီး ရှောင်ပြေးနေတဲ့သူက နူး အတွက် အဖေလိုပါပဲလား..။
“ဟား..ဟား..နူရီ မပီသဘူးကွယ်..ကြည့်ရတာ..လူယဉ်ကျေး ပတ်၀န်းကျင်မှာပျော်နေတဲ့ပုံပါပဲ..ဦးမှာတော့ စိတ်တွေပူနေရတာ..”
“အင်း..နူးပျော်ပါတယ်..ဒီမှာနေတာ.အဒေါ်ရန်ကလည်း လွတ်သွားပြီလေ..”
“ဟား..ဟား…လည်လိုက်တဲ့ကလေး..”
ဒီလူက နူးကို အပိုင်သိမ်းမှာ လို့ အမြဲနားထဲရိုက်တဲ့ခဲ့တဲ့ နူးအဒေါ်ဆိုတာကရော…...
လူကောင်းနဲ့ လူဆိုးတောင်မှ ဘေးပယောက ပါရင် ခွဲခြားမတက်တော့ပါလားနော်…။
.
“နူး..တံခါးဖွင့်..”
“ဟင်..မာ တို့ဆီ မ၀င်ခဲ့ဘူးလား..”
“အင်း..”ဟန် ဖိနပ်ချွတ်ပြီး အရင်၀င်လာတော့ tv ပေါ်မှာ ကြည့်လက်စ ဗီဒီယို တစ်ခုတွေ့ရသည်..။
“ဟင်..ဒါက..”ဟန်ပြောရင်း သေချာ ကြည့်ဖို့ လုပ်တော့ tv  က ပိတ်သွားပြီ…လှည့်ကြည့်လိုက်တော့ နူး လက်ထဲမှာ ရိမုကွန်ထရိုး..။
ဟန် ပြုံးပြီး နူးလက်ထဲက ကွန်ထရိုးကို ဆွဲယူလိုက်သည်..နူးက လွှတ်မပေးလို့ ခပ်ဆပ်ဆပ် ဆောင့်ဆွဲ လိုက်မှ လွှတ်ပေးသည်..။
“ဟင်..ဒါ..ဟန် ငယ်ငယ် တုန်းကပဲ..ဟားဟား..နူး က ဘယ်လို ရပြီး ထိုင်ကြည့်နေတာလည်း..”
တီဗီမျက်နှာပြင်မှာ ပေါ်နေတဲ့ ..ကလေး သုံးယောက်ကို ကြည့်ပြီး နူးမျက်ရည်ဝဲလာသည်..။
“အဲဒါ ဘယ်သူတွေလည်း..ဟင်..”
“မသိဘူးလေ..ကိုတောင် အခုမှ မြင်ဖူးတာ..”ဟန် က အ၀တ်အစားမလဲသေးပဲ ခုံမှာ ၀င်ထိုင်လိုက်သည်..။
“မသိဘူးလား..ဟန်နဲ့ အတူတူ ဆော့နေတာ ရင်းနှီးသလိုမျိုးပဲ..ဘေးက  ကောင်မလေးကိုရော..မသိဘူးလား..”
“အင်း…နေအုံး…သူက…”ဟန်ကို တီဗီ ကြည့်နေရင်း နုးကို လှည့်ကြည့်သည် ပြီးတော့ တီဗီကို ပြန်ကြည့်ခါ..
“ဟာ..ကောင်မလေးက နူးမလား..”
“အင်း..”မသိအောင်လို့ ကွယ်ဝှက်ထားချင်ပေမဲ့ အမှတ်တမဲ့ တွေ့သွားတော့ မုန်းတီးမှုတွေ လျော့သွားအောင် ၀န်ခံလိုက်မိသည်..။
“ဟာ..ငယ်ငယ်ကတည်းက လူဆိုးမလေးပဲ..ဟား..ဟား..’
“မမှတ်မိဘူးလား.နူးကတော့ မှတ်မိတယ်..”
“ဟုတ်လား..ကို ကတော့ အမှတ်တမဲ့ပဲ…”
“အဲနေ့တုန်းက နူး အပင်ပေါ်က ပြုတ်ကျတာကို ဖမ်းလိုက်လို့ ဟန် လက်စုတ်သွားသေးတယ်..”
“ဟင်…”
“အဲနေ့က နူး ကတိပေးထားခဲ့တယ်လေ…ဟန် ကို အမြဲ ကာကွယ်ပေးမယ်လို့.ဟား..ဟား ရယ်ရတယ်နော်.....”
“ဟား..ဟား..နူး..က အကုန်မှတ်မိတာပဲ..ကို မှာ တော့  အခုမှ မြင်ဖူးသလိုပဲ .”
“အင်း..အဲတုန်းက မာမီနဲ့ လိုက်လာတာလေ…ဘေးက နူး အကို..”
နူးအကိုဆိုတော့ ဟန် စိတ်၀င်စားပြီး သေချာ လိုက်ကြည့်မိသည်..ကလေးအရွယ်တွေမို့ ဘာမှ ထူးပြီး မမှတ်မိ…ဟန် ရယ် နူးရယ်..သူ့ အကိုရယ်..အားလုံးက ၁၀ နှစ် အရွယ်လောက်တွေ ဆိုပေမဲ့ ဟန် ကတော့ အဲဒီ အကြောင်းတွေ သိကို မသိတာ အံသြမိသည်..။
“ဟန် မမှတ်မိတာ..တစ်ခါပဲ တွေ့ဖူးလို့နေမှာပေါ့..နူး မိဘတွေက အဲဒီနှစ်ပဲ ဆုံးသွားတာလေ..” နူး ဆီက ကြေကွဲရိပ်များထွက်လာမလားလို့ ဟန် ငေးကြည့်နေမိပေမဲ့..ဘာပုံစံမှကို မပြ…။
စကားပြောင်းတဲ့ အနေနဲ့ ဘာပြောရ ကောင်းမလည်း စဉ်းစားရင်း..
“ဒါနဲ့ အကျီ င်္၀တ်ကြည့်သေးလား..တော်လား..’
“၀တ်မကြည့်ပါဘူး..အဲ ဒီဇိုင်းတွေနူးမှ မကြိုက်တာ..”ဟန် က တီဗီကို ပိတ်လိုက်သည်
“ကို က ၀တ်စေချင်လို့ ၀ယ်လာတာ အပြင်မှာ မ၀တ်တောင်..အိမ်မှာပဲ ၀တ်ပြခိုင်းတာလေ…၀တ်ပြနော်..”ဟန် က နူးလက်ကို ကိုင်ပြီး အခန်းထဲကို ခေါ်လာသည်..
ပြီးတော့ သူကိုယ်တိုင်ပဲ ချိတ်ထားတဲ့ ဂါ၀န် ရှည်ကို ဖြုတ်လိုက်သည်..။
“အင့်..၀တ်ကြည့်..”
“ကျောပြောင်ကြီး မ၀တ်ချင်ဘူး..”
“ဘယ်သူမှ မရှိပါဘူးဆို..”
“နူး ကျောမှ အမာရွက်ကြီးရှိတယ်..”ဟန် ပြုံးလိုက်မိသည်..သူ့လို မိန်းမဆီက မိန်မဆန်ပြီးအလှအပ အလေးထားတဲ့ စကားထွက်လာတာ..ရယ်စရာတော့ ကောင်းသား..။
“ရတယ်..၀တ်..”
နူး..အကျီ င်္ကို ယူခါ အ၀တ်လဲခန်းထဲ၀င်ပြီး လဲလိုက်သည်..။
အ၀တ်လဲခန်းက ထွက်လာတော့ ဟန်က လက်ကို ဆွဲထုတ်ပြီး သေချာကြည့်သည်…။
“ပါဖက်ဖ်ပဲ..တစ်ပတ်လှည့်ပြပါလား..”
နူး သူပြောတဲ့ အတိုင်း တစ်ပတ်လှည့်ရပြန်သည်..
“ဟင်..ဒါတွေက..”နူး ကို ကိုင်ပြီး ကျောကို သေချာ ကြည့်နေတာ နူးသိသည်..။
ဟန် ရင်ထဲစို့သွားသည်..မိန်းကလေးတစ်ယောက်ရဲ့ ကျောမှာ ကြိုးရာ က လည်ဂုတ်အောက်နားက စပြီး ကျောလည် အထိ..။
“ဘာ ဖြစ်တာလည်း..”မနာတော့မှန်း ဟန်သိပေမဲ့ အမာရွက်ရာကို ဖွဖွ လေး သတိထားကိုင်မိသည်..။
“အရိုက္ခံရတာ..”
“ဟင်..” မိန်းကလေးတစ်ယောက် အခုလို အရိုက်ခံရတာ....
“ဘာနဲ့ ရိုက်လို့..အမာရွက်က ဒီလိုရဲနေတာလည်း..”
“မီးလောင်နေတဲ့ ကြိုးလေ..ဟား..ဟား..”
“ဘယ်လို..”
“အလုပ်သမားကိုရိုက်တာ ၀င်ခံလိုက်တာ..အမာရွက်ကို ကြည့်ရင်း တော်တော် နာခဲ့မှန်း သိသာတယ်မလား..တော်သေးတယ် ကျောမှာ မို့လို မြင်ရတဲ့နေရာမှာဆို ပို နာ မှာ…” နူး အကျီ အနားစတွေကို ငေးရင်း တစ်ယောက်တည်းပြောနေသလို လို..။
“ဘာလို့ ၀င်ခံရတာလည်း..”
“အိမ် က လက်စွပ် ပျောက်လို့ အားလုံးကိုစစ်တော့ မိစိုး ဆိုတဲ့ ကောင်မလေးဆီက တွေ့သွားတယ်လေ..နူး က သူ့ကို အရမ်းချစ်ပေမဲ့ မရိုက်ပါနဲ့လို့တော့ တားပိုင်ခွင့် မရှိဘူး..အဲဒါကြောင့် အဒေါ်က လွဲရိုက်ချိန် ၀င်ခံလိုက်တာ..”
“12 တုန်း ဆိုတော့ တော်တော် နာခဲ့တာ..အခုဆို..မျက်ရည်မကျပဲ ခံနိုင်နေပြီ” နူး ကျုံးဝါးမှု က ဘယ်သူရယ်လို့ ဦးမတည်တော့ ဟန် ဆက် မမေးမိတော့ပါ..။
ဟန် နူး သမိုင်းအကြောင်းတွေလည်း စိတ်မ၀င်စားချင်ပါ..ဒါပေမဲ့ သူ့ရဲ့ အသိုက်ကြမ်းကြမ်း ဆိုတာကို သိချင်မိလာသည်..။
အတွေးတွေနဲ့ ရပ်ပြီးငေးနေတဲ့ သူမ အနားကို တိုးသွားရင်း..
ပွေ့ဖက်လိုက်ချိန် ဟန် နှလုံးသားထဲ လှိုင်းတစ်ခုထသွားတာ…ဘာရယ်ကြောင့်မှန်းတော့ မသိ..။
......
ကျေးဇူးအထူးတင်ပါတယ်💪❤💪
မရေးတက်ရေးတက်မို့ ခွင့်လွှတ် သည်းခံ ပေးကြပါနော် ❤😍😙
ဝေဖန်ပေးပါနော် 📖🙏
စောင့်ဖတ်ပေးလို့လည်းကျေးဇူးအထူးပါ ❤💪❤
Love u all ❤

စည်းဆူး Όπου ζουν οι ιστορίες. Ανακάλυψε τώρα