Part 6

2.4K 108 0
                                    

စည်းဆူး
အပိုင်း(၆)
#စည်းဆူးစပိုက်ကာ

“ရော့....ဒါ ကကြက်သားပေါင်း..ဒါ ကပုဇွန်ပေါင်း..”
ဟန် ငုံကြည့်လိုက်တာ အားလုံးဖြူဖြူတွေ အရွက်တွေလည်း ရောထားလို့ ဘာဟင်းတွေ မှန်းကို မသိတော့..။
“..ဟင်းမချက်တက်လည်း..အစ ကတည်းပြောရင် အိမ်မှာ ပြန်စားမှာပေါ့ “
“စားကောင်းမှာပါ..စားကြည့်ပါအုံး..” ပြောရင်း နူး.အရင် စားကြည့်လိုက်တော့..
“ဟီး..ဆားမေ့သွားတာ..နေအုံး..”နူး ဆော့ပုလင်းယူလာခါ..ဆော့ကို ကြက်သားပေါင်းထဲ ထည့်နယ်လိုက်ပြီ်း..စားကြည့်တော့ ကွက်တိ…။
“ရပြီ စား…”ဟန် စိတ်မပါတပါ စားကြည့်တော့ မဆိုးပါဘူးပြောရမည်..။
“ဘယ်လို နေလည်း..ကောင်းတယ်မလား..”
“ကောင်းတဲ့ ပုံမျိုးလား..”
“အဲဒါပဲ စား..မစားရင် ငတ်မှာ..” နူး တို့ ပါးစပ် က အဲလို ၀ဇီ ပါနေတာ…။
ဟန် ဘာမှ မပြောပဲ ဆက်စားနေလိုက်သည်…။
ထသွားလည်း သူပြောသလို တကယ်ငတ်မှာသိနေလို့…။
“အဟန် ပန်းကန်တွေထားခဲ့နော်..နူး..ဆေးလိုက်မယ်..”
“ဘယ်သူကကော..ဆေးနေလို့လည်း..”
နူးက ပခုံး တွန့်ပြရင်း ဆက်စားနေသည်..။
“အဟန်…လာပါအုံး..”
“ဘာလည်း..”
“နူး ပန်းကန်ဆေးပြီးပြီ..”
“အဲတော့..”
“အဟန်က စားပွဲခုံရှင်းလေ..”
“ဘာ…”
“ဟုတ်တယ်..မောင်တစ်ထမ်းမယ်တစ်ရွက်ဆိုလား..”
“မသိမ်းဘူး…”
“ဟား..ဟား....”ရယ်နေတဲ့ ပုံ က ဖြတ်ရိုက်ချင်စရာရုပ်..
“မင်းတော့…”
“မဟုတ်ဘူး…နူး လို့ ခေါ်ပါ်…အဟန်ကိုကျတော့ နင် ငါ မပြောရဘူးတဲ့..နူး ကိုကျတော့ မင်းတဲ့ တရားလား..”
“ငါ့ နာမယ်ကလည်း..ဟန် အဟန် မဟုတ်ဘူး ..မသိဘူး..ခေါ်ချင်သလို ခေါ်မယ်…”
“မရဘူး..”ပြောရင်း အနားတိုးလာလို့…ဟန် နောက်ဆုတ်လိုက်ရသည်..။
“မာမီက သေချာ မှာ ထားတာ..အဲတော့ နင်ငါ မင်းသုံးခွင့်မရှိဘူး..ပြောမိရင် ဘယ်သူပြောပြော နမ်းကြေး..”
“ဘယ်လို…” ဟန် နားမလည်တာ မဟုတ်ပေမဲ့ ပြောထွက်တဲ့ သူ့ ပါးစပ်ကြောင့် တစ်ခါ ပြန်မေးမိတာ…။
“နူးလို မိန်းကလေးက အနစ်နာခံထားတာ..မင်းလို့ ထပ်ပြောရင်တော့ ဟန် စိတ်ထဲ က နမ်းချင်နေလို့ပဲ..”
“မ…မင်…တော်ပြီကွာ…”စကားလုံးတွေနဲ့ ကတိမတောင်းပဲ ရစ်ပတ်လိုက်တာ..ဟန် ပါးစပ် က မင်း ဆိုတာတောင် မထွက်ရဲတော့ဘူး..တော်တော်ယုတ်တဲ့ မိန်းမ..။
.
“ဟယ်…သား..အစောကြီးပါလား..”
“ဟုတ်တယ်မာ..သူက လိုက်ပို့ပါဆိုလို့ အလုပ်မသွားခင် လာပို့တာ..”
“အော်..နူး လည်းပါတာပဲ လာ သမီး..”
“ဟန် သွားလိုက်တော့မယ်..”
“မင်းကို ညနေမှ ၀င်ခေါ်…ခေါ်…အဲ…”ဟန် မှားသွားပြီ ..
“ဟင်…ဟန် က လူကြီးတွေရှေ့မှာလား..”
“နူး.နူး…နူးလေ…အဲဒါ နူး..က ညနေမှ ပြန်မှာမလားလို့..”ဟန်မှာ နူး..အထပ်ထပ်ပြန်ပြောရသည်…သူက လူကြီးရှေ့တွေ ဘာတွေ ရှောင်မှာ မဟုတ်ဘူးပြောချင်ရာ ပြောလုပ်ချင်ရာလုပ်မယ် ဆိုတာ သိလို့…။
မာ ကတော့ နားမလည်သလို ကြည့်နေမှာ သိပေမဲ့…
ဒင်းက တော့ ပြုံးနေမှာ သေချာတယ်..အဲဒါတွေကို မုန်းတာ…။
.
“တာ…ကားစောင့်နေတာလား..ကို လိုက်ပို့မယ်လေ..”မသက်ဆိုင်တော့တာ သိပေမဲ့ တာ တစ်ယောက်တည်း ဆွဲခြင်းတစ်လုံးနဲ့ ကားစောင့်နေတာတွေ့တော့ မနေနိုင်…ဆင်းသွားပြီးမေးမိသည်..။
“ရပါတယ်..ဟန်…တာ..အမျိုးသား လာခေါ်မှာမို့ေ စာင့်နေတာ..”
“တာ တို့ အဆင်ပြေရဲ့လား..” ဟန်က ကြေကွဲရိပ်သန်းပြီး မေးလိုက်ပေမဲ့ တာ ကပြုံးခါ..
“အင်း..ပြေပါတယ်…သူက တာ ကို အရမ်းချစ်တာလေ…တန်ဖိုးလည်းထားပါတယ်…”
တာ ဘာဆိုလိုတာလည်း မသေချာပေမဲ့ ဟန်ကတော့ ခေါင်းမဖော်နိုင်အောင် ကိုယ့်ကိုယ်ကို သိမ်ငယ်နေမိသည်..။
“ဟန် တို့ ေ၇ာ အဆင်ပြေကြလား..”
“မပြေဘူး..”လွယ်လွယ်ကူကူပင် ၀န်ခံလိုက်မိတာ..
“နောက်ကြာသွားရင် အဆင်ပြေသွားမှာပါ..အဆင်ပြေဖို့ တာ လည်း ဆုတောင်းပါတယ်..”
“သွားလိုက်အုံးမယ်နော်…”တာ ကျောခိုင်းပြီးထွက်သွားပေမဲ့..လိုက်မငေးမိပါဘူး..။
.
“မာ ဟင်းချက်တက်လား..”
နူး စကားကြောင့် ကိုယ့်မှာ ဘာပြန်ပြောရမှန်းတောင်..မသိ..ဒေါ်မာမာစိုး…ပြုံးလိုက်မိသည်..
“ချက်တက်တာပေါ့ သမီးရဲ့..”
“အဲဒါဆို နူး ကိုလည်း သင်ပေးပါလား..”
“ဟင်…သမီးလေးက ဟင်းချက်တာ ဝါသနာ ပါလို့လား..”
“မပါပါဘူး..ဟန် အတွက် ချက်ရမှာမို့..” အစ က တော့ ရမ်းကားတယ်ထင်လို့ ကြည့်မရပေမဲ့ အခု ကိုယ့်သား အတွက်စဉ်းစားပေးနေပြန်တော့ ထင် သလောက် မဆိုးဘူးပြောရတော့မည်..။
“နူး..က သင်ချင်တော့ မာမီ သင်ပေးမှာပေါ့..”မာစိုး ပြုံးမိပြန်သည်..မာမီ သင်လို့ ကတော့ အသစ်စက်စက် ကိုယ့် ချွေးမလေး ပြန်ပြေးတော့မှာ မြင်ယောင်မိသေးသည်..။
“အင်း..အခုက စသင်တော့မှာလား..” နူးက အကျီ င်္လက် မတင်လိုက်တော့ မာ က ရယ်သည်..။
“ရတာပေါ့..ဒါနဲ့ သမီးနာမည် က ဘာလည်း..”
“နူရီ..”
“နူး ကို ဟန် အကြိုက်ဆုံး တစ်ခု အရင်သင်ပေးမယ်..”
“ဘာလည်း..”
“မန္တလေး ထိုးမုန့်..”
“ဟင်..”
“ဟန်က ၀ယ်တာတွေ မစားဘူး..အိမ်မှာလုပ်ပေးရင် ကုန်အောင်ကို စားတာ..”
“ဟုတ်လား..အဲဒါဆို ဒီနေ့  အတက်သင်သွားမယ်လေ..”
“လိုအပ်တာတွေ မိနိုင်ကို ၀ယ်ခိုင်းလိုက်အုံးမယ်..”
“နူးလိုက်သွားလိုက်မယ်..နောက်လည်း..၀ယ်တက်အောင်လို့..”နူးက မိနိုင် နောက်က ပြေးလိုက်သွားတော့..
“မာမီရယ်…အဲလို လုပ်လို့ ကောင်းပါ့မလား..သူလေး က ဒီမှာ တစ်မျက်နှာနဲ့ နေရရှာတာ ပါ သိရင် စိတ်ဆိုးမှာ..”
“အမလေး..ငါ့မြေးကို ဒင်း ဒုက္ခ ပေးတာ နည်းသလား..တစ်ခါတစ်လေ တက်ထားသင့်တာ သင်ပေးတာ..”:
နူး မိနိုင် ၀ယ်တာကို သေချာလိုက်မှတ်နေရသည်..။ တစ်ခါမှ ဒီလို စျေးမ၀ယ်ဖူးပေမဲ့ အသစ်တွေ သင်ယူရတာ ပျော်စရာတော့ ကောင်းသား…။
“နူး…ရပြီ မွှေတော့..”
“ဟင်..ဇွန်းနဲ့လား..ရေတွေကိုလား…”
“အင်း..မရပ်နဲ့နော် တူးသွားမယ်..”
နူး..မွေရင်းမွေရင်းနဲ့ လက်တွေလေးလာသည်..မာမီပြောတဲ့ တူးမယ်ဆိုတာကြီးကို ကြောက်လို့ ပို အားစိုက်မွေလိုက်သည်..။
၀ိုး..တော်တော် လေးကို အားစိုက်ရတာ နေ့တိုင်းများလုပ်ရင် လက်မောင်းလေ့ကျင့်ခန်းသပ်သပ် လုပ်စရာ မလိုတော့ဘူး..။
“ရပြီ..တော်တော့ နူး…”
“ဟူး..တော်ပါသေးရဲ့..”
နူး..အပင်ပန်းခံ လုပ်ထားတဲ့ မုန့်လေး..
“မာမီ…ဒါတွေ ကို ဘယ်လို သယ်သွားရမလည်း..”
“ဟဲ့ နူးရယ်..နင် လုပ်တာဆိုပြီး အကုန်သယ်သွားမလို့ လား..ဟန်က အားလုံးစားနိုင်ပါ့မလား..”
“ဟီး..ဟုတ်သားပဲ..နူး..က တခြားလူတွေ မကျွေးချင်လို့..”
ဒီကောင်မလေး စိတ်ထဲ မြိုသိပ်ထားရမှာလည်း..တစ်ခါတည်းထုတ်ပြောတာပဲ..မြည်းကြည့်နေတဲ့ မာ နဲ့ မိနိုင် တောင် စားလက်စ ရပ်ပစ်ပြီး ပြူးကြောင်ကြောင် တွေ ဖြစ်ကုန်ပြီ..။
နူး..ထိုးမုန့်ချိုင့်ကို  မြှောက်ပြီး.. ကြည့်လိုက် ပြန်ပိုက်ထား လိုက်လုပ်နေတာ ကြာပြီမို့ မာ ကြည့်ပြီး ပြုံးမိသည်..။
ဟန် ကလည်းနောက်ကျ လိုက်တာ ဒီကောင်မလေးခမျာ ထမင်းစားပြီးကတည်းက ထိုင်စောင့်နေတော့တာ ကြာလှပြီ..မျက်စိထဲ ၀င်တဲ့ ပုံစံ မဟုတ်ပေမဲ့..ယောင်္ကျားရှိတဲ့ မိန်းမချင်းမို့ ကိုယ်ချင်းစာမိတာတော့ အမှန်..။
“ဟယ်..ဟန် လာပြီ…”ကားတောင် အိမ်ရှေ့ မရောက်သေး.န.ူးက လစ်ခနဲ့ ပြေးထွက်သွားပြီလေ..။
“သား..နောက်ကျလိုက်တာကွယ်..”
“ဟုတ်တယ် သူငယ်ချင်းတွေနဲ့ တွေ့နေလို့..”
“ပြန်တော့မယ်..မာ…”
“ထမင်းစားသွားအုံးလေ..”
“စားခဲပြီ မာ..” မာစိုး..သားမျက်နှာကို ကြည့်ပြီး အလိုမကျမှု ဒေါသအရိပ်ရောင်တွေတွေ့နေရသည်..။ဘာဖြစ်ပြန်ပြီလည်း..မသိ..။
ဟန် ကားပေါ်မှာလည်း..စကားမပြော..အိမ်ရောက်တော့ လည်း..ဆိုဖာ မှာ ပစ်ထိုင်နေတာ မထမို့..
နူး..အကျီ င်္ မလဲသေးပဲ..မီးဖိုခန်းမှာ ထိုးမုန့် ထည့်ပြီး ယူလာလိုက်သည်..။
“ရော့ ..ဟန် ကြိုက်တဲ့ မုန့်..”
“ဘာလည်း..”
“ထိုးမုန့် နူးကိုယ်တိုင်..”
“ဒုန်း..ခွမ်း..”
“ဟာ….ဘယ်လို လုပ်လိုက်တာလည်း.”
“မမြင်ဘူးလား..”
“အဲဒါတွေ လုပ်တာ ဘယ်လောက်..ဟာ…ကျွတ်..”ဟန် ကို ကြည့်တော့ နားလည်လို့ မရအောင်ကို နူးကို စူးစူးဝါးဝါး ကြည့်နေတော့တာ..နူး..ဘာလုပ်မိလို့လည်း..။
“ကောင်းတယ်…မသိမ်းဘူး..ကိုယ်လုပ်တာ ကိုယ်ပြန်သိမ်း..ဒါပဲ..”နူးပြောပြီး အခန်းထဲ ၀င်လာ လိုက်သည်..။
အခန်းထဲရောက်တော့ မှန်တင်ခုံမှာ ထိုင်ရင်း…အရည်တွေ ပြည့်လာတဲ့ မျက်၀န်းတစ်စုံကို အံ့သြမိသည်..
..နူး…နင် ငို ဖို့လား…ဟားဟား…အသစ်တွေပဲဟာ…အရူးမ…။
နင် မျက်ရည်ကို တွေ့ပြီး ဟားချင်နေတဲ့ လူတွေချည်းပဲ..။
အဲဒီအထဲမှာ ဟန်ဆိုတာ ထိပ်ဆုံးက…။
မော့ပြီး..ခေါင်းခါ ထုတ်လိုက်သည်…နူး..ဘ၀ မှာ ဒီလို အသေးအမွှားလေးတွေကို တစ်ခါမှ ၀မ်းမနည်းဖူးဘူး..။
တွေးနေပေမဲ့ စေတနာ ကို စော်ကားခံလိုက်ရလို့ ရင်ထဲတော့ အောင့်သပ်သပ်..။
မတက်နိုင်ဘူးလေ…မယား၀တ်..ဆိုလား..မယား..၀ဋ် ဆိုတာလား…အဲဒီ ဟာကြီးကြောင့် ..။
..
ဟန် ဒေါသထွက်သည်..မနက်ကတည်း..က အတိအကျပြောရရင် တာ ကို တွေ့ပြီးကတည်းက..။
တာ နဲ့ ဝေးအောင် လုပ်တဲ့ အဓိက တရားခံက ဒင်း..။
စကားပြောရင် ဒေါသပါမိမှာမို့ တစ်လမ်းလုံးမပြောပဲနေလာတာ…
အခု စပြီး ပြသာနာလာရှာ တာ ဒင်းပဲ..။
ထိုးမုန့်…မကြိုက်လို့ တစ်ခါမှ မစားဘူး.. လူ မျက်နှာေ၇ှ့ လာထိုးပေးနေတာ..
မြိုသိပ်လို့ မရတော့ဘူး..
လူကို တစ်ခုခု လုပ်မိမှာ စိုးလို့ ပန်းကန် ပေါ်ပုံချလိုက်တာ..ကျေးဇူးမတင်..
ကိုယ်လုပ်တာ ကိုယ်ပြန်သိမ်းတဲ့…တောက်…။
.
ဟန် အခန်းထဲ ၀င်မအိပ်ပဲ ဆိုဖာမှာ အိပ်နေလိုက်တာ မိုးလင်းအထိ..။
မျက်လုံးဖွင့် ကတည်းက ဒေါ သထွက်ရပြန်ပြီ..ဒီပုံစံဆို သူ ဘာမှ မဖြစ်ခင် ကိုယ် အသက်တိုတော့မယ်..။
“ကလင်..ကလင်..ကလင်…”
ဖုန်းသံမြည်လို့ ဟန် လန့်နိုးသွားသည်..။
ဒင်းက ကော်ဖီခွက်ကိုင်ပြီး ထွက်လာခါ..ကျကွဲနေတဲ့ ပန်းကန်ကွဲစတွေကို စောင်းပြီး ရှောင်လိုက် ကျော်လိုက်ခွလိုက်လုပ်ပြီး ဖုန်းသွားကိုင်သည်..။
“ဟလို…ကျွတ်..မဟုတ်ဘူး…အခုရောက်နေတာ..နာရေးကူညီမှု အသင်း...”
ပြောပြီး..ကျော်လိုက် ခွလိုက်လုပ်ခါ မီးဖိုခန်းဘက် ပြန်၀င်သွားသည်..။
တောက်…။
ဟန် ဆိုဖာ ပေါ်က ခြေထောက်ချလိုက်တော့…။
အား……။
ပန်းကန်ကွဲ စူးရင်တောင်..တော်အုံးမှာ..အခုတော့ ထိုးမုန့်တွေကို ပုရွက်ဆိတ်တွေ ဝိုင်းနေတာ..ဆိုဖာရှေ့ တခွင် နီနီရဲ…
ဟန် ခြေထောက်မှာ ကိုက်နေတဲ့်..ပုရွက်ဆိတ် တစ်သိန်းလောက်ကို လက်နဲ့ မရပ်မနား သပ်ချနေရင်း..ကြက်သီးတောင်ထမိသည်..။
“နူး….ဒါတွေ လာသိမ်းစမ်း..”
“ကိုယ်လုပ်တာ ကိုယ်သိမ်း..”
“မင်….ဟာကွာ…နူး…အခုလာသိမ်းဆို သိမ်းလိုက်နော်..”
ပီကေဝါးရင်း…မီးဖိုခန်းက ထွက်လာပြီး..လက်ပိုက်မတ်တတ်ရပ်ရင်း ပီကေ မှုတ်နေပြန်ပြီ..။
ဟန် ဖြစ်ချင်ရာဖြစ်…မာနတွေ ဘေးချိတ်ပြီး..ဒီပုရွက်ဆိတ်အတွက် သိက္ခာကျခံကာ..။
“နူး..လုပ်ပါကွာ..ကို..ပုရွက်ဆိတ် ကြောက်လို့..” ဟန် မျက်နှာငယ်နဲ့ ပြောလိုက်တော့အော်ရယ်မယ် ထင်ထားပေမဲ့..တံမြတ်စည်းသွားယူပြီး အနားရောက်လာသည်..။
ထိုးမုန့်တွေကို အရင်ကောက်ပြီး..အမှိုက်ခြင်းထဲ သွားထည့်နေတာ အေးဆေး..ပုရွက်ဆိတ်တွေ သူကျတော့ မကိုက်ဘူး..ဘယ်ကိုက်မလည်း…ဒုက္ခပေးဖော်ပေးဘက်တွေကိုး..။
တံမြတ်စည်းလှဲပြီး ထည့်သွားတဲ့ ခွက်ထဲမှာ နီရဲနေတာ..ပုရွက်ဆိတ် အပေါင်း..။
“ရပြီ…ပန်းကန်ကွဲတွေ ကောက်သိမ်း..ပြီးရင် တံမြတ်စည်းထပ်လှဲ..အင့်..” ဟန် လက်ထဲ တံမြတ်စည်း ထိုးထည့်ပြီး..မီးဖိုခန်း..၀င်သွားပြန်ပြီ..။
ဟန် ပန်းကန်ကွဲတွေ တစ်ခုစီလိုက်ကောက်ပြီး အမှိုက်ခြင်းထဲ သွားထည့်ရသည်..ပြီးတော့ တံမြတ်စည်းလှဲရသည်..။
မျက်နှာတောင် မသစ်ရသေးဘူး..သူခိုင်းသမျှ ပြီးအောင် လိုက်လုပ်နေတာ..ဟိုကောင်တွေသိရင်..
ပြောပါလိမ့်မည်..မ.ရ.က..။
.
“ဟန်..ဘရိတ်ဖက် စားသွား..”ဟန်ရေချိုး အ၀တ်အစားလဲ ပြီး ထွက်လာတော့ ဒင်း အနားလာပြီး..ခေါင်းစားပြန်ပြီ..။
“မစားဘူး…”
“မရဘူး..”
“ဘာ..”
“ဟန်…နားလေးတာလား..မယူခင်ကတည်းက ပြောဖို့ကောင်းပါတယ်..ဒုက္ခိတ ကို လင်တော်ရတာ မမိုက်ပါဘူး..”
“ဘာ..တော်တော့နော်..”
“ကြည့်လေ..တစ်ခုပြောတိုင်း ပြန်မေးနေတာ.တ ဘာ..ဘာ နဲ့..အစက ရှက်သွားမှာ စိုးလို့ မမေးခဲ့တာ..မရှက်ပါနဲ့..ခေတ်မှီနေပါပြီ..နားကြပ်လေးဘာလေး သုံးလိုက်ရင် ကောင်းသွားမှာပါ..”
“လူစကားမပြောလို့ နားမလည်ဘူးလေ..အဲတော့ ပြန်ပြီးမေးနေရတာပေါ့…”
“အွတ်စ်…ထိသွားပြီ..”နူး နဖူးကို လက်နဲ့ရိုက်လိုက်ပြီး ရယ်မိသည်..တော်တော် ပြောတက်တာပဲ..ဒီလူ..။
“အရှုံးပေးပါတယ်..မုန့်လေးတော့ စားသွားပါ..”
ဟန် ဘာမှ မပြောနိုင်တော့..ပြောချင်စိတ်ကို မရှိတာ..
စားပွဲဝိုင်းမှာ ၀င်ထိုင်လိုက်တော့ မျက်ခုံးပင့်လိုက်ရသည်..
မုန့်ဟင်းခါး၊ ကောက်ညှင်းပေါင်း၊ ကော်ဖီ နဲ့ ပေါင်မုန့်ထောပတ်၊ပလာတာ၊ဘူသီးကြော်၊..မုန့် အမျိုးမျိုး..စားပွဲ အပြည့်..။
“ဒါတွေက..”
“၀ယ်ထားတာ..”
စိတ်ထဲက တွေးနေတာ တစ်၀က်တစ်ပျက်ပျောက်သွားသည်..ထင်သားပဲ…ဒင်းလား..ဒီလောက်ဒုက္ခ ခံမှာ..။
မနက်မုန့် အများကြီး မစားပေမဲ့..ဒီတစ်ခါတော့ တော်တော် စားလိုက်မိသည်..ကိုယ်ကြိုက်တာ နည်းပေမဲ့..၄မျိုးလောက် တစ်ခါတည်း စားရတာ ဒီ မနက်မှ..။
“စားအုံးလေ..”
“တော်ပြီလေ..အခုတောင် တော် တော် များနေပြီ..တစ်ခါမှ အဲလောက်မစားဘူး..”
“ဟုတ်လား…နူး..တော်တာပေါ့နော်…” ဟန် မျက်ခုံးကျုံကြည့်မိသည်..ဘာကို တော်သွားပြန်ပြီလည်းမသိ..။
“ငါ..အဲ..ဟန် သွားတော့မယ်..နူး လိုက်အုံးမလား..”
“ဒီနေ့တော့ မသွားနိုင်တော့ဘူး..မနေ့က ထိုးတာများလို့ လက်မောင်းတွေ နာနေပြီ..မနက်ဖြန်မှသွားတော့မယ်..”
“ဘာထိုးတာလည်း..”
“ထိုးမုန့်လေ..ဟန် ကြိုက်တဲ့ မုန့်ဆိုတော့ လုပ်တက်အောင် မာမီဆီက သင်ထားတာ..အခုတော့ အမှိုက်တောင်းထဲ ရောက်သွားပြီလေ..”
“ဟား..ဟား..” ဟန် မြိုသိပ်နိုင်စွမ်း မရှိလို့ အော်ရယ်မိသည်..။
“ဘာလို့အဲလောက်ရယ်နေတာလည်း..”ဟန် ခေါင်းခါပြီး..ကျောခိုင်းထွက်လာလိုက်သည်..။
ကားပေါ်မှာလည်း..တစ်လမ်းလုံး ရယ်နေမိသည်…မနက်စောစော စိတ်ချမ်းသာ စရာသတင်းပဲ…။
မာမီ တို့ ပညာပေးတော်ချက်..အဲဒါကြောင့် မာမီကို ချစ်တာ…ဟန် ထိုးမုန့် မစားတာ သိရဲ့ နဲ့ ပညာသင်ပေး လိုက်တာ အခု လက်မောင်းနာနေပြီလေ..ကောင်းတယ်..ဟား..ဟား..။
.
ဟန် တစ်ခဏဖြစ်ဖြစ် တာ  မျက်နှာလေး မြင်ခွင့်ရမလားလို့ သွားနေကျ လမ်းအတိုင်း မောင်းလာခဲ့သည်…
ကားကို ဘီးလှိမ့်ရုံလေး မောင်းလာလိုက်တာ…တာ တို့ လမ်းနားရောက်တော့
ဟန်မျှော်လင့်ထားသလို တာ ကို တွေ့ပါတယ်..လူတစ်ယောက် ဆွဲခြင်းကိုင်ပြီး လက်တစ်ဖက် ကိုင်ထားတာ..တာ   ပြုံးနေလိုက်တာ..
ဒီလူနေရာမှာ ကိုယ်ဖြစ်ရမှာ..အခုတော့…တောက်..
တစ်ယောက်နဲ့ တစ်ယောက်ချစ်ပါရဲ့နဲ့….။
.
နူး စားပွဲပေါ်က မုန့်တွေကို ကြည့်ရင် းနှမျောမိသည်..။
ကိုယ့်မှာ မနက်အစောကြီးထရတယ်..စျေးကို လမ်းလျှောက်သွားရတယ်…
တစ်ဆိုင်ချင်းဆီကို သွား၀ယ်ရတာ..စောင့်ရတာ ကြာတဲ့ ဆိုင်ဆို စိတ်ကတိုရသေးသည်..။
အများကြီး၀ယ်ပြီး ဆွဲလာရလို့ လက်တွေ ရဲနေတုန်းပဲ..။
ဒါတွေ အားလုံးက မနက်တိုင်းလုပ်ရမှာလား…
နူး..အိပ်ရေးမ၀လို့ မျက်လုံးတွေ စပ်နေတုန်းပဲ
ဘာပဲဖြစ်ဖြစ် သူ စားသွားတာပဲ ကျေးဇူးတင်ပါတယ်…။
ဒီဒီ ပြောသလိုကိုယ်က သူ့ အရိပ်မှာ တစ်သက်လုံးခိုရမှာမလား..။
သူက နူး အတွက် အဓိက ဖြစ်လာမှာ ဆိုတော့လည်း..မတက်နိုင်ဘူးလေ…ဖြစ်သမျှအကြောင်း အကောင်းချည်းပဲပေါ့…
မနက်က ပုရွက်ဆိတ် ကြောက်နေတဲ့ ပုံလေးက သနားစရာ..။
နူးက မချစ် မမုန်းပေမဲ့ သူ က မုန်းနေတော့ နူး ကဘယ်လို လုပ်ပေးရမလည်း..ဒီဒီ..။ဲ
နူး..ပိုနေတဲ့ မုန့်တွေကို အိတ် လေးတွေထဲ ပြန်ထည့်ပြီး..အိမ်ပြင်ထွက်လာခဲ့သည်..။
“ဟာ..မမ လာတာလား…မုန့်တွေလည်း ပါလာတာလား…”
“အင်း…နင့် ညီလေးရော နေကောင်းသွားပြိလား…”
“ကောင်းသွားပြီ..မမရော နေကောင်းသွားပြီလား..”
“အေး…”
နူး..မုန့်စားနေတဲ့ ကလေး တစ်သိုက်ကို ကြည့်ရင်း..ထိုနေ့ က အဖြစ်အပျက်စိတ်ထဲရောက်လာသည်…။
“ဟာ…မမ မျက်နှာ ဘယ်သူရိုက်တာလည်း..”နူး ငိုနေရင်း ဘေးက စကားလာပြောတဲ့ ကလေးနှစ်ယောက်…
“ကိုယ့်လမ်း ကိုယ့်သွား..”
“မမ ငိုနေလို့ မေးတာပါ..”
“နင် တို့ အပူလား..”နူး အော်လိုက်တော့ အငယ်ကောင်လေး က ငိုနေတာ တိတ်သွားပြီး ပြူးကြည့်နေသည်..။
“ရိုက်တဲ့သူကို စိတ်မနာပါနဲ့..မမရယ်..”
“ဘာဖြစ်လို့လည်း..”
“စိတ်ဆိုးတာနဲ့ စိတ်နာ တာ မတူဘူးတဲ့ စိတ်နာ တဲ့ သူက အမှားတွေ အများကြီး လုပ်တယ်..”
နူး ပြု့းလိုက်ပြီး မျက်ရည် သုတ်လိုက်သည်…
“..နင့်ညီလေးက ဘာဖြစ်လို့ ငိုနေတာလည်း..”
“နေမကောင်းလို့…”
“ဆေးခန်းမသွားဘူးလား..” နူးမေးတာကို မဖြေပဲ လက်ထဲက အိတ်ကိုမြှောက်ပြသည်..။
“ပုလင်းတွေ များများ၇မှ ဆေး၀ယ်လို့ ရမှာ ဆေးခန်းတော့ မပြနိုင်ပါဘူး..”
“ဟား..ဟား..အကျိုးနဲ့ အကန်း ဘော်ဒါ လာကျနေတယ်..လာ ငါ လိုက်ပို့မယ်..”
“ဟင်..မမ ဘယ်ကို လိုက်ပို့ မှာလည်း..”
“ဆေးခန်း..”..အဲဒီနေ့က ဒီဒီ ဆူတာတော်တော်ခံလိုက်ရသည်…သတိုးသားလောင်းနဲ့ သွားတွေ့ဖို့နောက်ကျနေလို့ ဒုက္ခ ရောက်သေးသည်..။ ..ဒီဒီ မမြင်အောင် မျက်နှာကို ဆံပင်တစ်ဖက်နဲ့ ကွယ်ပြီး မုန်းဖို့ကောင်းတဲ့ ပန်းရောင်ဂါ၀န်ရှည်လည်း ၀တ်ရတဲ့ အမှတ်တရနေ့…။
.
“ငါ ပြန်တော့မယ်..”
“ဟင်..မမ အခုမှ ရောက်တာ..”
“ငါ ကအရင်လို မဟုတ်ဘူး..အခု သူများမွေးစားလိုက်ပြီ..”
“ဟုတ်လား..မမ ကို မွေးစားတဲ့ သူတွေက လူကောင်းလား..”
“လူကောင်း…လောက မှာ လူကောင်း နင်တွေ့ဖူးလား..”
“မမ ကတော့ မရတော့ဘူး..”
“အေး…ငါလည်း..သိတယ်..”
နူး ပီကေ ထုတ်တော့ အခွံပဲရှိတော့တယ်…အိတ်ထဲလည်း ပိုက်ဆံက ရာတန်တောင်မရှိ..
ကျွတ်…ဒီပုံစံဆို..မွေးစားလင် ဆီက ပိုက်ဆံ လက်ဖြန့်တောင်းရအုံးမယ်..
သူကလည်း အလိုက်မသိလိုက်တာ ပိုက်ဆံလေး ဘာလေး ပေးမထားဘူး..။
သူများတွေ ဆို မိန်းမကို ပိုက်ဆံ အပ်ကြတာ ဆိုလား..။
ဒီနေ့ မနက်စာတော့…ခေါက်ဆွဲပြုတ်လား..ထမင်းဆီစမ်းလားပဲ..။
အော် ဘ၀..ဘ၀…လင်ရခါမှ ပို မွဲ လာသလားလို့..။

မရေးတက်ရေးတက်မို့အဆင်မပြေလည်း ရေးမိနေတုန်း
ဝေဖန်အကြံပေးကြပါ❤💪❤
ဖတ်ပေးတဲ့သူအားလုံးကိုကျေးဇူးအထူးတင်ပါတယ်❤😍❤

စည်းဆူး Where stories live. Discover now