Part 7

2.4K 105 0
                                    

စည်းဆူး
အပိုင်း(၇)
#စည်းဆူးစပိုက်ကာ

“ဟလို.. “
“တံခါးဖွင့်..”
“ဟင်..” နူး နာရီ ကြည့်တော့ ၈နာရီပဲရှိသေးတာ ဟန် ကပြန်လာပြီလား..။
ညစာ သူ့ အမေအိမ်မှာ စားမယ် ထင်လို့ ဘာမှ ချက်မထားရဘူး..။
ချက်မထားတာထက် ချက်ဖို့ မရှိတာ..အခုတော့ သေပြီ..နူးရေ..။
“ဘာလို့ ဒီလောက်ကြာနေရတာလည်း..”
“ဘဲလ်မတီးပဲ ဘာလို့ ဖုန်းခေါ်တာလည်း..”
“အဲလိုလုပ်တော့ ဘာဖြစ်လည်း..”
ဟန် ဘာကို ဒေါသထွက်မှန်းမသိ နူးဆိုတဲ့ မိန်းမ မျက်နှာကို မြင်ရင် ဒေါသထွက်တယ်…တာ မျက်နှာမြင်ယောင်မိရင်..သူ့ ကို မုန်းတယ်…။
ရှောင်နေရင် နှစ်ယောက်စလုံးသက်သာ ဖို့ အခုတော့ အမြဲ အနားလာပြီး စကားပြောနေတာ..
ဘယ်နေ့ ရိုက်သတ်မိမယ် မသိဘူး….။
ဟန် ဆက် မပြောပဲ အခန်းထဲ ၀င်လာလိုက်သည်..။ လိုက်လာပြန်ပါပြီ..
“ထွက် အကျီ င်္ လဲ မလို့..”
“လဲလေ…လင်မယားတွေပဲကို..နေအုံး..ညစာ ဘာစားမလည်း အရင်ပြော ဘာမှ ချက်မထားဘူး..အ်ိမ်မှာ ပြန်စားလိုက်နော်..”
“ယောင်္ကျားကို အိမ် တကာလှည့် စားခိုင်းတာ..နူးရဲ့ အရည် အချင်းလား..”
ဟန် စိတ်ပါလက်ပါ  ပြုံးရင်း နူးမျက်နှာ ကြည့်ပြီးပြောနေတာ နူး အခုမှ မြင်ဖူးတာမို့ သူ့ မျက်နှာ ကို ပြန်ငေးနေမိသည်..။
“မချက်တက်သေးလို့ ပြီးတော့..ပိုက်ဆံ မပေးထားတော့ နူးက ဘာနဲ့ ၀ယ်ရမလည်း..” နူးက ပြောနေကျတိုင်းပြောတာကို..သူက ထပ်ပြုံးပြန်ပြီ..လှောင်တဲ့ အပြုံးလည်း မဟုတ် ဒါဘယ်လို အဓိပ္ပါယ်နဲ့ အပြုံးမျိုးလည်း..နူး..ဝေခွဲလို့ မရ..။
“နူး မှာ ပိုက်ဆံ မရှိဘူးလား..” ခေါ်ပြန်ပြီ နူးဆိုတာကို လိုလို လားလားခေါ်တာ မိနစ်ပိုင်း အတွင်း ၃ခါရှိနေပြီ…
“အင်း..”နူး..ဘယ်သူဆီကမှ ပိုက်ဆံမတောင်းခဲ့ရ ဖူးပေမဲ့ သူ့ဆီမှာတော့ ၀န်ခံ မိသည်..။
“ပေးမယ်..ပြီးရင်..” နူးပြုံးလိုက်သည်..ပိုက်ဆံရရင် အရင်ဆုံးပီကေ ၀ယ်ရမည်..။
“အခုတော့..”
“အ..”
နူးရင်တွေ ခုန်လိုက်တာ ဒါနူးရဲ့ ပထမဆုံး အနမ်း…။
တဖြည်းဖြည်း ကြမ်းတမ်းလာသလို.. နူး ပြန်ခွါဖို့ လုပ်ပေမဲ့ သူက မလွတ်..နူး..ဆံပင် ချည်ထားတဲ့ ကြိုးကို လည်း  ဆွဲဖြုတ်လိုက်သည်..။
“အ”ကုတင်ပေါ် ပြုတ်ကျသွားချိန်…
“ဟန်….ဟန်…နူး..ကို ချစ်လားဟင်..”
“မချစ်ဘူး…မုန်းတာ….”
“ဒါဆို..အခု…ဘာလို့…”
“ရွံလို့..”
“ဟင်..” နူးရဲ့ ရင်ခုန်ခြင်းတွေ ရပ်တန့်သွားသည်..ကြည်နူးသာယာမှုလည်း မရှိ...သူ့ အသက်ရှုသံ ပြင်းပြင်းတွေ ကြားနေရပေမဲ့…နူး..အတွက်ကတော့ အမှောင်လွင်ပြင်ကြီး…
ရွံတယ်တဲ့လား…ကြိုးစားပြီး မျက်လုံးမှိတ်ထားတဲ့ ကြားက မျက်ရည်တစ်စက်လွင့်ကျ သွားတာ နူး မတားလိုက်နိုင်…။
နူးစောင်ထဲမှာ ရှိသေးတယ်..သူက ပိုက်ဆံ တစ်ထပ်ယူလာပြီး..ကုတင်ပေါ်ပစ်ချသည်..။
“ရော့..ဒီမှာ ပိုက်ဆံ..”
နူးသူ့ကို ကြည့်တော့…မျက်နှာမှာ လှောင်ပြုံးတစ်ချို့ က ထင်ထင်ရှားရှား..
နူး..မခန့်လေးစားပြန်ပြုံးပြချင်ပေမဲ့ မျက်နှာ က လှုပ်ရှားလို့ မရအောင်..လေးကန်နေသည်..။
နူး..ဘာနဲ့ တူနေပြီလည်း…ပိုက်ဆံတောင်းမိတာ သူ ဘာလို့ ဒီလို လုပ်ရတာလည်း..နူး ဆိုတာ..သူ့ အတွက်....။
ဟန် အခန်းထဲက ပြုံးရင်းထွက်လာခဲ့သည်..။
မင်းလို မာကျော ပြီး အသားနာလည်း ဂရုမစိုက်သူကို ကလဲ့စားချေဖို့ မလွယ်ဘူးဆိုတာ သိပေမဲ့အခုတော့..ဟား..ဟား...
နူး…မင်း အခုက စပြီး..ခံစားရတော့မယ်..နေ့တိုင်း…မဟုတ်ဘူး..စက္ကန့်တိုင်း…
တာ နဲ့ ငါ ဝေးသလိုမျိုး မင်း မခံစားဖူးပေမဲ့ .မင်းဘ၀မှာ.စိတ်ချမ်းသာမှု ဆိုတာ မရှိအောင်…လုပ်ပြမယ်..
မင်း ငါ့ဆီ က အစစ်အမှန် မဟုတ်တဲ့ ချိုမြိန်မှုတွေရမယ်…အပိုဆု အဖြစ်လောက မှာ ကြောက်စရာ အကောင်းဆုံးဖြစ်တဲ့ ချစ်ဟန်ဆောင်မှု ဆိုတာကြီး ကို  အခမဲ့ လက်ဆောင် အဖြစ် ထပ် ပေးမယ်…။
.
“နူး…မြန်မြန် လုပ်စမ်းပါ..ကို နောက်ကျတော့မယ်..” နူးစျေးကပြန်လာပြီး အမြန် ချက်တာ အပူတွေလောင် အပြေးအလွှားဖြစ်နေပေမဲ့ ဟန် က ထပ်အော်နေပြန်ပြီိ..။
ကို လို့ သူ့ကိုယ်သူ ထည့်ပြောတာလေးက တော့ တစ်မျိုးလေး..
နူး အလုပ်ရှုပ်နေတဲ့ ကြားက ပြုံးမိပြန်သည်..။
“ဟန်..ဒါစားရမှ  ဖြစ်မှာလား....”
“ဟုတ်တယ်..”
“နူးက မုန့်ဟင်းခါး တစ်ခါမှ မချက်ဖူးဘူး..ဆိုင်က ၀ယ်ပေးမယ်ဆ်ိုတာကို…”
“ဆိုင်က မစားချင်ဘူး..စာအုပ်ကြည့်ချက်..”
“ကြည့်ချက်တော့ ကြာမှာပေါ့…အဲတာကြောင့် နည်းနည်းစောင့်ပေးပါ..”
“အလုပ်သွားဖို့ကို ကို ထိုင်စောင့်နေရတာလေ..”
“သိပါပြီ နောက်နေ့ဆို စောစော ချက်ထားပါမယ်..”
“နူး ဟင်းရည်အိုး..ဆူလာမှာ စောင့်ရင်း..မုန့်ဟင်းခါးဖတ် ပန်းကန်ထဲထည့်ပြီး မုန့် ပွဲ ပြင်နေလိုက်သည်..။
ထည့်ရမှာ အကုန် ထည့်ပြီးပြီမို့..ဟန်ရှေ့မှာ ပန်းကန် သွားချပြီး ပြန်လာခါ ဟင်းရည် အိုး ပြန်မွေနေစဉ်..။
“ဟင်..ဘာဖြစ်လို့လည်း..ဟန်..”
“ကို့ မိန်းမ အတွက် .တစ်ခုခု..”
နူး..ဆံပင်ဖွာနေလို့ နောက်က ချည်ပေးနေတာလေး..ပြီးတော့ သူပြောလိုက်တာ ကို့မိန်းမတဲ့  ကြည့်နူးဖို့ ခွင့် မပြုပေမဲ့ နူး နှလုံးသားက နားမထောင်ပဲ နွေးထွေးလာသည်..။
“ရပြီ…”
“ဟင်..”နူး ခေါင်းက ပေါ့ပါးသွားသလို ဖြစ်လို့ နောက်လှည့်ကြည့်တော့ ..ဟန် လက်ထဲမှာ ဆံပင်တွေ ကြိုးချည်ပြီး မှာ သေချာ ညှပ်တာမို့ ဆံပင်တွေက အစည်းလိုက်လေး..။
“ဟန်…”နူး..အော်လိုက်မိသည်..။
“.ကို့ မျက်နှာ ကို နူး ဆံပင်တွေ ထိသွားတယ်..ရွံလို့ မျက်နှာ ထသစ်ရင် ရပေမဲ့ မသစ်ခင် နောက်တစ်ခါ မဖြစ်အောင် ကာကွယ်တာလေ..” ပြောပြီး ဆံပင်ကို အမှိုက်တောင်းထဲ ပစ်ထည့်ခါ မျက်နှာကို အထပ်ထပ် သစ်နေသည်..။
နူး ပြုံးလိုက်သည်..မရပ်နိုင်..အော်ပါရယ်လိုက်သည်..ရယ်သံက အက်နေမှာစိုးလို့ သေချာ ထိန်းပြီး ရယ်နေတာ..
“ကောင်းတယ်..နူးက ဆံပင် အတို ပုံပြောင်းချင်တာ..ဒီဒီ က မညှပ်ရဘူး မှာထားလို့လေ..အခုလို လုပ်လိုက်တော့ အဆင်ပြေသွားပြီ..ကျေးဇူးပဲ…” နူး..မုန့်ဟင်း၇ည် အိုးဆက်မွေနေပေမဲ့..ဟင်းရည်လား…ဇွန်းလား..မသဲကွဲအောင်..မျက်လုံးတွေ က ေ၀၀ါးလာသည်..
မျက်ရည်တွေ မကျရဘူး..ဒါက အသေးအမွား..။
ဟန် မျက်နှာသစ်ရင်း ဒေါသထွက်လာသည်…သူ့ကို ထိခိုက်အောင်လုပ်တာ သူက ကျေးဇူးပြန်တင်နေတော့..ပိုဒေါသထွက်မိသည်..။
မလွယ်ဘူးဆိုတာသိပေမဲ့  အချိန်တွေမှ အများကြီးကျန်သေးတယ် စောင့်နေလိုက်…နူး…။
“ကို သွားတော့မယ်..မစောင့်နိုင်လို့..” ဟန် အိမ်ရှေ့ခန်းရောက်တော့ နူးလည်း ထွက်လာလိုက်သည်..
ဘာမှ မခံစားရဘူးဆိုတာ ဟန်သိဖို့ လိုတယ်..။
“အင်း..မနက်စာ..”
“အိမ်မှာ ပြန်စားမယ်..”
“အိုကေ..”နူး..ပြောပြီး မီးဖိုခန်းသွားဖို့လုပ်တော့
“ဒီဘက်လှည့်အုံး..”ဟန် ဆွဲလှည့်လိုက်လို့ နူးပြန်လည်သွားခါ မထင်ထားတဲ့ အနမ်းတစ်ပွင့်ကျလာသည်..။
“ဟင်..”
“နှုတ်ဆက် အနမ်း..”ပြောပြီး ထွက်သွားပြိ..ကျန်ခဲတဲ့ နူး မှာသာ ရင်တွေ တလှပ်လှပ်..။
.
ဟန် ကားမောင်းနေရင်း..တာ ကိုတွေ့လို့ တွေ့ငြား..ဘေးဘီ လိုက်ကြည့်မိသည်..။
ဗိုက်ဆာနေပေမဲ့..တာ အလုပ်သွားရင် မတွေ့လိုက်ရမှာ စိုးလို့..အမြန် ထွက်လာရတာ..။
ဟန် မပိုင် မဆိုင်တော့ပေမဲ့…တာနဲ့ လူတစ်ယောက် လက်တွဲထားတာ မြင်တိုင်း  ရင်ဘတ်တွေ နာကျင်ရပေမဲ့…။
တာ ကို မြင်ခွင့်လေးရရင် ကျေနပ်ပါပြီ…။
တာကိုတွေ့တော့ ၀မ်းသာမိသည်..မျက်နှာလေး မြင်ရတာ ပြုံးပျော်နေလို့ ကို ၀မ်းသာပါတယ်…။
ကို တို့ကို ဝေးအောင်လုပ်တဲ့ နူးရဲ့ ရှားပါး မျက်ရည်် ကို လည်း ကို မြင်ခဲ့ရတယ်..
ဒီနေ့ ဘယ်လောက် သာယာတဲ့နေ့လေးလည်း….။
.
“ဒီယုန်လေး..နှစ်ကောင်ပေးပါ..”
“ခြင်းရော ယူအုံးမလား..အကို..”
“အင်း..လိုအပ်တာတွေပါ ထည့်ပေးပါ်..”ဟန် ခြင်းထဲ က ယုန်လေး နှစ်ကောင်ကို ကြည့်ပြီး ပြုံးနေမိသည်…။
နူးက ယုန်လေးတွေ ချစ်တယ်ဆိုတာ..ပါ  ဒီနေ့ အလုပ်မှာတွေ့ရင်းပြောပြလို့ သိရတာလေ..။
သူ့လို မိန်းမကြမ်းက ယုန်ချစ်တယ်တဲ့..ယုန်ချစ်ချစ် ခွေးချစ်ချစ်..ဒါ က ကိုယ့် အတွက်  အခွင့်အရေးတစ်ခု…။
.
“နူးရယ်..သမီးကလည်း..လောလိုက်တာကွယ်..တစ်နေ့ တစ်မျိုးပဲ သင်ပေါ့..”
“ရပါတယ်..နူး..မပင်ပန်းပါဘူးမာရဲ့..ကြက်သား အာလူး ကို ကျက်ရင် ဘယ်လိုသိလည်းဟင်..”
မာ က ပြုံးလိုက်ပြီး..
“ဇွန်းလေးနဲ့ထိုးကြည့်..”
နူး.ဇွန်းတစ်ချောင်းယူပြီးအားနဲ့ ထိုးကြည့်သည်..မရ..။
“အဲလို မဟုတ်ဘူး…ဇွန်းနဲ့ လက်ကို တစ်မျိုးတည်းထား..ဖြေးဖြေးချင်းဖိချ..” နူး သတိထားရင်းဖိချတော့
“အင်း..အဲလို..ဘယ်လိုလည်း..ကျက်ပြီလား..”
“အင်း..ကြက်သားကတော့မာသေးတယ်..”
“တော်လိုက်တဲ့ ကလေး..ချက်ချင်းတက်တယ်..”မာ က နူး ခေါင်းလေးကို ပုတ်ပြီး ပြောတော့ နူး ကြည်နူးမိသည်..အမေမရှိတဲ့ ဘ၀နဲ့ ဖြတ်သန်းလာလို့ ဒီလို အတူတူ ချက်ပြုတ်ရတာ ယောက်ခမ ဆိုတာထက် အမေလို့သာ သဘောထားမိသည်..။
“သမီးက ဆံပင်တိုလေးနဲ့ ကျတော့ မျက်နှာ အလှလေးပေါ်သွားတယ်..နှာတံစင်းစင်းလေးပဲ..”
“ဟဲဟဲ..အဲလိုကြီးမြှောက်လည်း..ဘာမှမကျွေးဘူး..” လူကြီးကို မပြောသင့်တဲ့ စကားမှန်း နူး ပြောပြီးမှ သတိရသည်..။
“ပြိးတော့ အသီးစုံ ကြော်ဆိုတာ သင်ပေးအုံး..မာ..”
“သင်ပေးရအုံးမယ်..နူး..မတော်သေးဘူးလား..မာ တောင် ပင်ပန်းတယ်..”
“မာ ပင်ပန်းရင် မာမီသင်ပေးလိမ့်မယ်..နော်..မာမီ..”
“ငါ က ဘာကိစ္စ ပါရပြန်တာလည်း..”မာမီက မျက်စောင်းထိုးပြီးကျောခိုင်းတော့ မာရယ်မိသည်..။
“သမီးက ဘာလို့ ဒီလောက် ချက်ချင်ပြုတ်ချင်နေတာလည်း..”
“ဟန် ကြောင့်လေ..ဟန်က အိမ်မှာ စားတာ နူး..က ဘာမှ မချက်တက်တော့ သူ စားရတာ အဆင်မပြေဘူး..သနားဖို့ကောင်းတယ်..”
မာ မျက်ရည်ဝဲမိသည်..သား မင်္ဂလာဆောင်ဖို့ ကိစ္စကို သူကိုယ်တိုင်ဖျက်ခဲ့တာ..ဒီမိန်းကလေး..သားကို ဒုက္ခ ပေးမှာ စိုးခဲ့တာ..အခုတော့..သူ စကားလုံးတိုင်းမှာ ဟန် အတွက်ဆိုတာချည်း…မာစိုး ကိုယ့်လိပ်ပြာတောင် ကိုယ် မလုံချင်..။
“သမီးက ဟန်ကို ချစ်လား..”
“အင်း..”
“ဟင်..” မာစိုး ဟင် တ မိသည်…၀န်ခံလိုက်တာ ချက်ချင်း မူနေတာတို့ ရှက်နေတာတို့ မရှိ ပကတိ အဖြူထည်လေးလား..
“ပြီးတော့ ဘာထည့်ရအုံးမလည်း..”
“အော်..ကြက်သွန်နီ ရဲအောင်ကြော်ရမယ်..”
“ပြီးရင်ရော..မာ..”
“အင်း..ခရမ်းချည် သီး ထည့်ပြီး အနှစ်ဖြစ်အောင် လုပ်ရမယ်..”
“အစာအိမ်ထဲ ရောက်ရင် အတူတူဖြစ်မှာကို အလုပ်ရှုပ်ခံနေရတယ်…”
“အေးလေ..”မာ ကပါ အင်း လိုက်မိတော့ မာမီ ဆီက အကြည့်စူးစူး တစ်ချက်ကို သမီးယောက်ခမ နှစ်ယောက် ခံယူလိုက်ရသည်..။
.
မနက် ဟန် အလုပ်သွားကတည်းက အပြင်ထွက်ခဲ့တာ..
ဆံပင် သွားညှပ်တော့..
“အစ်မ..အတို ဆိုတော့ဘယ်ပုံလည်း..”
“ကောင်းသလိုသာညှပ် လိုက်မဲ့ဟာ..”
ဆံပင်ညှပ်တဲ့ ကောင်မလေးက စေတနာထားပြီးပြန်ဖြောင့်ညှပ်ပေးတော့ လှတယ်ဆိုပဲ..။
ဆံပင် ညှပ်နေတုန်းကတော့ တိုတိုလေးဖြစ်နေတဲ့ ဆံပင် ကို ကြည့်ပြီး  ၀မ်းနည်းမိသည်…ဒီဒီ က ဆံပင်ညှပ်တာမကြိုက် နူးကလည်း အရှည်ကြီးကို စိတ်မရှည်တာမို့တစ်ခေါင်းလံု့းကို ကောက်ပြီးဖွာ ထားရသည်..အခုတော့ တိုတိုလေး..ကြည့်ရတာ အဆင်မပြေ..ဆံပင်ညှပ်တဲ့ ကောင်မလေးက မညီတာလောက်ပဲ တိပေးပြီး..ဖြောင့်လိုက်လို့ ကြည့်ကောင်းရုံ လည်ဂုတ်ဖုံးရုံလေး ပြန်ရှည်လာတာ ကျေးဇူးတင်ရမည်..။
မာတို့ဆီမှာ ဟင်းချက်နည်းတွေ သင်ပြီး ချက်ပြီးသားပါ တစ်ခါတည်းခပ်ထည့်လာလိုက်တာ တော်သေးသည်..အိမ်ပြန်ေ၇ာက်တော့ ၁၁နာရီ..။

စည်းဆူး Where stories live. Discover now