Part 3

3.1K 109 2
                                    

စည်းဆူး
အပိုင်း(၃)
#စည်းဆူးစပိုက်ကာ

“မင်း..”
“သူက…”
“နင်…”
အားလုံးဆီက စကားလုံးတွေ ကြောင့် ဝီးချဲပေါ်က ဒီဒီ လည်း မျက်နှာပျက်နေပြီ…။
“နူး…ဟယ် ပါးက ဘာဖြစ်တာလည်း..”ဒီဒီ ဘေးကိုကြည့်ပြီး မေးနေတာ သူမပါးကို အခုမှ မြင်တယ်ထင်တယ်..
မကြောက်ပေမဲ့..ဟန် ရိုက်တာ လို့တော့ မပြောစေချင်…။
သူမ က လိုင်နာအပေါ်အောက်ထူထူ နဲ့  ပန့် ဆန်ဆန် မျက်နှာ ကို ချယ်ထားပြီး..ပိကေ ကလည်း တာ၀န်ကျေ ဝါးသေးသည်..ပြောင်းလဲ တာဆိုလို့ ပန်းရောင်ဂါ၀န်တစ်ခုသာ…။
ဟန် ကို ပီကေ ဝါးရင်း စိုက်ကြည့်ပြီး…”ခြင်၇ိုက်လိုက်တာ..အားပါသွားလို့ ထင်တယ် ဟဲဟဲ..တော်တော်နီနေလား..”
“နူး…နင်ဟာလေ..”
“သား..နဲ့ သမီး ဒါ က ဒီဒီ တစ်ဥိးတည်းသော မြေးလေး..နူးလေ..”ပါ နဲ့ မာ ကို ခေါ်ပြီးမှ မိတ်ဆက်ပေးတော့..ပါ က ပြုံးပြီး..
“နူး..က ငယ်ငယ် က ပုံ အတိုင်းပဲ..ပါ မှတ်မိတယ်..”
“ဟဲ..ဟဲ… နုတယ်ပြောတာလား..ချစ်ဖို့ကောင်းတယ် ပြောတာလား....”
လူကြီး တကာရှေ့မှာ ပြန်ပြောတဲ့ သူမ ပုံစံ..။
“နူး..က ဒီမှာ ထမင်းကျွေးမယ်ဆိုလို့ ဘာမှ မစားခဲ့ရဘူး..”
“ဟုတ်လား..ဒါဆို စားလိုက်မယ်လေ..မာနဲ့ မာမီ လာ…”ပါ က ဦးဆောင်ပြီး ..ဝီးချဲကို တွန်းရင်း ထမင်းစားခန်းကို ခေါ်လာသသည်..။
ဟန် လည်း အနောက်က လိုက်သွားရသည်..။ ကြည့်မရပေမဲ့…ခြင်ကို တရားခံ လုပ်ပေးလို့ ကျေးဇူးတော့ တင်မိတယ်..။
“နူး..ကြိုက်မလား မသိဘူး..”မာ က လောကွတ်အနေနဲ့ ပြောနေတာ သိတော့ ဟန် ပြုံးမိသည်..။
“သူလား…စားချင်ရင် အကုန်ကြိုက်တယ်..မစားချင်ရင် မကောင်းဘူးပဲ..”ဒီဒီ က ဘေးက သူမြေး ခေါင်းကို ပုတ်ပြီး..ပြောတော့ သူမ က ခေါင်းထောင်လိုက်ပြီး..
“အခုကတော့ ငတ်နေလို့ စားလို့တော်တော် ကောင်းတယ်..”
ပြောပြန်ပြီ..အားလုံးမျက်နှာတွေက ဟန်ဆောင်အပြုံးတွေနဲ့…သူမ ကတော့ စိတ်မ၀င်စားသလိုမျိုးနဲ့ ထမင်း ဆက်စားနေရင်း..ရှေ့က ချဉ်စပ်ကြော် ပန်းကန်ကိုတောင်  လှမ်းခပ် လိုက်သေးသည်..။
အဲဒါတွေ အမြင်ကပ်တာ…။
“သားနဲ့ သမီးဆီမှာ  နူး ကို အပ်ခဲ့ရမှာ…မိဘမဲ့လေးကို ဒီဒီ က လည်း သေချာ မဆုံးမခဲ့နိုင်တော့ နည်းနည်း ဆိုးနေပေမဲ့ စိတ်ရင်းလေး ကောင်းပါတယ်..သူတစ်ပါး..သူကြောင့်နာကျင်မှာ ဆို အင်မတန် စိုးရိမ်တာလေ..အခုလည်း..ဒီဘက်က သဘောမတူရင် မလုပ်ဖို့ဒီဒီ ကို တောင်းဆိုထားတာ.အဲဒါ..”
ဟန် ပြုံးလိုက်မိတယ်..သူတစ်ပါး မနာကျင်စေပါဘူးတဲ့လား....။
ပါ က ဒီဒီ ဘေးမှာ ထိုင်ပြီး လက်ကို ကိုင်ခါ..
“စိတ်ချပါ..မာမီ..ထွန်းနိုင်နဲ့..နုနု တို့ရဲ့ သမီးလေး က ကျွန်တော် တို့ သမီးလေးပါပဲ..မာမီတို့ နိုင်ငံခြားကို ပြောင်းသွားတော့ အဆက်အသွယ် မလုပ်မိတာတောင် နောင်တ ရနေရတာပါ..ကျွန်တော် တို့ကို ခွင့်လွှတ်ပါနော်..”
ပါ မျက်ရည် ကျတာ ဒီတစ်ခါသာ မြင်ဖူးသည် …ပါ အတွက် အရမ်း အရေးပါတာလား…။
“နူး  ကို အပ် ခဲ့မယ်နော်..ဒီဒီ အဲဒါမှ စိတ်ဖြောင့် နိုင်မှာမို့လို့ပါ..”
သူတို့ ပြန်ခါနီး ပါ နဲ့ ဟန်ရဲ့ လက်ကို ကိုင်ပြီး သေချာမှာနေတော့ ပါ က မျက်ရည်ကျ ပြန်ပြီ..ဘာတွေ ဖြစ်နေလို့လည်း…။
“မာ…”ဟန် ဧည့်ခန်း ပြန်လာတော့ မာ ရော မာမီ ရော ဆိုဖာ ပေါ်မှီပြီး မျက်လုံးတွ ကိုယ်စီ မှိတ်လို့..။
“ငါမြေးတော့ ဒုက္ခပဲ..”မာမီ က အရင် စပြောလာသည်..။
“အဲဒါ ပြောတာ မာမီရယ်..သမီးတို့ တွေ ဘယ်လို လုပ်ကြမလည်း..ဒီ ကလေးမ က လွယ်တဲ့ ပုံမဟုတ်..ပြီးတော့ အချိုးလည်း မပြေ ဂျစ်ကန်ကန် ရုပ်လေး..”
“လူကြီးတွေ လုပ်တာ  နဲ့…ဟန် က ကလေးထိန်းရမှာလား..မိန်းမ ယူရမှာလား.. အဲလောက်ရိုင်းစိုင်းမာကျော တဲ့ မိန်းမ မျိုး..အပျော်တောင်မတွဲဖူး ရွံလို့..”
“မာတို့လည်း..သဘောမကျဘူး..ပါ ကို ပြောကြည့်မယ်..”
“ငါ..သဘောကျတယ်..”
“ဟန်..မင်း..သူ့ ကိုပဲ ယူရမယ်..”
“ပါ..သားမှာ တာ ရှိတယ် တာ ကို ပဲ ယူမယ်..”
“နူး က အားကိုးရာမဲ့ ဘ၀ မကြာခင် ရောက်တော့မယ်..သူ့ကို စောင့်ရှောက်ဖို့..”
ပါ ပြောလိုက်ပုံက ဒီလို မိန်းမ တစ်ကောင်ကြွက်မဖြစ်အောင် ဟန်က ယူ ရမှာလား …
“သူ့ကို စောင့်ရှောက်ချင်ရင် အိမ်မှာမွေးစားလည်းရတယ်…ဟန် ညီမလေးလိုစောင့်ရှောက်နိုင်ပါတယ်..”
“ငါ ကကော …ငါသူငယ်ချင်းကို ဘယ်လိုမျက်နှာပြရမလည်း.. ရက်ပိုင်းပဲ နေခွင့်၇တော့မယ် ငါ့အမေလို လူကို..ဒီဒီ မြေးကို ကျွန်တော် သားက မယူနိုင်ပါဘူးလို့ ဘယ်လို ပြောထွက်မလည်း မင်း စဉ်းစားကြည့်စမ်း....…”
“သူ ဖက် က ငြင်းလာရင်ရော..”
“ငြင်း ရင်တော့ တမျိုးပေါ့..သူ့က အမြဲတမ်းး ငါ့သမီးပဲ..”
ဟန် ခေါင်းငြိမ့်လိုက်သည်.. မလွယ်ဘူးဆိုတာ သိပေမဲ့ ဒူးထောက်တောင်းပန်ရလည်း ကိစ္စမရှိဘူး…တာ နဲ့ မဝေးဖို့ အရေးကြီးတာ မလား..။
.
“တာ…စောင့်နေရတာ ကြာသွားလား..”
“မကြာသေးပါဘူး..ကို..ဟင် မျက်နှာလည်း မကောင်းပါလား ဘာဖြစ်လို့လည်းဟင်..”
“ဘာမှ မဖြစ်ပါဘူး..တာ ကို လွမ်းလို့..”
“နည်းနည်းလျော့..”
ဟန် က တာ လက်လေးကို ဆွဲကိုင်ပြီး ခြင်းကို ယူခါ ကားဆီကို ဖြည်းဖြည်းချင်းလျှောက်လာနေချိန်…
“နေအုံး…”
“အ..”
“ဟင်…မင်း..”ဟန် စဉ်းစားချိန် မထားပဲ တာ ဆံပင်ကို နောက်က ဆွဲလိုက်တဲ့ လက်ကို ဖြတ်ရိုက်ချလိုက်တော့ လက်ကောက်၀တ်ကို ကိုင်ပြီး ရှုံမဲ့ သွားသည်..။
“sorry မမှီမှာ စိုးလို့ ဆွဲလိုက်တာ..” လက်ကောက်၀တ်ကို ကိုင်ပြီး တာ ကို ကြည့်ခါ ရှင်းပြနေတော့…
ဟန် မပါလို့ မဖြစ်တော့..သေချာ စကားပြောရတော့မည်..။
“ငါ..မင်းနဲ့ စကားပြောချင်တယ်..”
“ငါ လည်း..အတာ နဲ့ ပြောချင်တယ်..နင်  ခဏ ရှောင်ပေး..”
“ဘာ…”ဟန် သူကို စူးစိုက်ကြည့်မိသည်..တာ ကိုများ စေ့စပ်တဲ့အကြောင်းပြောမလို့လား…ဟန် တွေးနေတာ ကို သူ ရိပ်မိသွားခါ..
“မဟုတ်ဘူး..ငါ ပြောမှာ တခြား ကိစ္စ..အတာ ခဏ..စကားပြောမယ် ”
“တာ…ပြောစရာ ဘာမှ မရှိဘူး..အရင်ကလည်း ပြောပြီးသား..”
“နင် လိမ်နေတာ..” လက်ပါ ရွယ်ပြီး ရှေ့တိုးလာတော့ ဟန် ရှေ့က ၀င်ရပ်လိုက်ရသည်..။
“မင်း..ဘာလို့ ဒီလောက်ရိုင်းနေတာလည်း..”
“တာ လို နူးညံ့ ဖြူစင် တဲ့ မိန်းကလေး က မင်း နဲ့ တစ်နေရာထဲ ရပ်နေရတာတောင်..လွန် နေပြီ..”
“ဘာ…”
“မင်းပုံစံ ကို ပြန် ကြည့် အုံး..စကားပြောချင်ရင် မိန်းမကောင်း တစ်ယောက်လို ၀တ်စားပြီး ပြန်လာခဲ့..တာ ကို် ထိလို့ကတော့..ငါ သည်း မခံဘူးနော်..”
“ဟား…ဟား..ဘာလုပ်ချင်သေးလို့လည်း..” ပြောရင်း အနားတိုးလာခါ တာ ပခုံးကို ဆောင့်တွန်းလိုက်လို့ တာ ယိုင်သွားသည်..။
“မင်း..” ဟန် ပြန် တွန်းလိုက်လို့ သူလည်း ထိုင်လျက် ပြုတ်ကျသွားတော့.. တာ က မျက်လုံးလေး ဝိုင်းပြီး မျက်ရည်စို နေပြီ..။
“တောက်…မင်း…”ပြုတ်ကျတဲ့နေရာကနေ ပီကေ ဝါးမပျက် လက်နှစ်ဖက် ထောက်ပြီး ပြန်မော့ ကြည့်နေတာ မခန့်လေးစား..
“ဟန် .တော်ပါတော့ဟန်ရယ်..…”တာ က ဟန် လက်ကို ဆွဲပြီး..ကားဆီ ခေါ်ခဲ့တော့ ဟန်လည်း အလိုက်သင့် လိုက်လာလိုက်သည်..။
“တာ ရယ်..သူ ဘာလို့ ပြသာနာရှာနေတာလည်း..ဟင်..”
“ဟန်ရဲ့ ရည်းစားဟောင်းလား..ဟင်..” ဟန် စိတ်ပျက်စွာ ခေါင်းခါမိသည်..တာ နဲ့ ဟန် နှစ်ယောက်စလုံးမသိပဲ ဘာလို့ လိုက်ပြသာနာရှာချင်နေတာလည်း..ဟန် မတွေးတက်တော့..။
..
“ဟင်…”တာ ကို ပို့ ပေးပြီး ကားနဲ့အိမ်ကို တန်း  ပြန်လာတာ အိမ်ရှေ့ရောက်တော့ ဆိုဖာမှာ အခန့်သားထိုင်နေတာ..ဒင်း..။
“အဲတော့ သမီးက ဘယ်လို လုပ်ချင်လည်း..”
“ကိုယ့်အိမ်နဲ့ ကိုယ်နေချင်တာ..”ဆံပင်ကို လက်နဲ့ လိမ်ပြီး ပီကေဝါးပြောနေတာ…ဘယ်လို မိန်းမစားလည်း...။
ဟန် ဘာမှ မပြောပဲ ခုံမှာ ၀င်ထိုင်လိုက်သည်..။
“ပြီးတော့ မဂ်လာဆောင် ကို ချောင်းသာမှာ လုပ်ချင်တာ..”
“အဲဒါ နည်းနည်း ခက်မလားလို့ သမီးရဲ့ နှစ်ဖက်မိတ်က ဒီမှာလေ..ချောင်းသာဆိုတော့ လိုက်မဲ့ လူတွေက..”
“နူး..ဖြစ်ချင်တာ ပြောပြတာပါ..အဆင်ပြေမပြေကတော့ လူကြီးတွေအလုပ်..”
ပြောပြီး.ေ၇ှ့က ရေခွက် ကို ယူသောက်တာ ပီကေ မထုတ်ပဲ ဘယ်လို မြိုချလည်း..ဟန် စဉ်းစားမိသည်..။
“ပြီးတော့ ပါတို့ အသိုင်းအဝိုင်း နဲ့ နူး..ပွဲမလုပ်ချင်ဘူး..ညစာ စားပွဲနေ့က ဖြစ်တာ ဒီ ကလူ အားလုံးမြင်ပြီးသားလေ..နူး..က မရှက်ပေမဲ့..မာ နဲ့ ပါ လူပြောစရာ ဖြစ်မှာ စိုးလို့ပါ..ဟဲဟဲ..”
လူကြီးတွေနဲ့ စကားပြောတိုင်း တဟဲဟဲ နဲ့ ထည့်ပြောတာ လှောင်တာ လား တကယ်ရယ်တာလား တော့ မသိ ဟန် ကတော့ ရိုက်သတ်ချင်တာပဲ သိသည်..။
“အော်..ဒါလည်း အတင်း တောင်းဆိုနေတာ မဟုတ်ဘူးနော်..အကြံ ပေးတာပါ..ပါ က အိမ်သွားပြီး မာတို့နဲ့ တိုင်ပင် ပေးပါအုံးဆိုလို့..” မသိရင် ပွဲ အတွက် အကြံလာပေးသလိုလို..။
“ဟုတ်တာပေါ့ သမီးရယ်..မာမီတို့လည်း..အဲနေ့က ကိစ္စ ကို တော်တော် မျက်နှာ ပူရပါတယ်..”
“ဟား..ဟား…မလို ပါဘူး..မာမီ မသိပေမဲ့ နူး..သိတယ်လေ..နူး  မခေါ်လို့ ဘယ်သူမှ မသိလိုက်တာ မာမီ အပြစ် မဟုတ်ပါဘူး..” အော်ရယ်ပြီးပြောနေတာ…မိန်း ကလေး ပုံစံ မဟုတ်..။
တာ ပြောတာ သတိရမိချိန် ဟန် မျက်လုံးပြူးသွားသည်..။
“သူ့ ဘက် က မကျေနပ်လို့ တစ်ခုခု တုန့်ပြန်ရင်ရော…”
ဒါဆို သူကို ရိုက်မိလို့  ကလဲ့စားချေနေတာလား..။
“မာမီ တို့ ခွင့်ပြုရင်.. သူ နဲ့ စကားနည်းနည်းပြောချင်တယ်..”
“မာမီ နဲ့ မာ လည်း..စီစဉ် စရာရှိသေးတယ်လေ..အေးဆေး စကားပြောကြပါ..”မာနဲ့ မာမီ ရေနစ်ချိန် ကယ်တင်သူရောက်သလို ထွက်သွားတာ အပြေးတစ်ပိုင်း..
“ကဲ…ဆို..”
“ဟာ..မင်း ခြေထောက်…”..ရှေ့က ခုံပေါ်ခြေဆန့်တင်လိုက်တာ..ပြောချင်တာနောက် ရောက်သွားသည်..။

စည်းဆူး Where stories live. Discover now