Part 13(Final)

7.4K 231 8
                                    

စည်းဆူး
အပိုင်း(၁၃)ဇာတ်သိမ်း
#စည်းဆူးစပိုက်ကာ

"ဘာ...ဒါဆို နူး အဒေါ်က ငါ့ကားကို ယူသွားပြီး လုပ်ခိုင်းတာပေါ့.."
"အေး..နူးကို လည်း မကြည်ဘူး..အမွေကိစ္စ လည်း ပါတယ်ထင်တယ်..နူး အဖေ ပိုင်တာတွေကို နူးကို ငယ်ငယ် ကတည်းက ပေးထားတာတဲ့.."
"မင်း..နူးကို သွားပြောပြရင်..ပြန် အဆင်ပြေသွားမှာပါ.."
"ငါ မပြောဘူး.."
"ဟာ...ဘာလို့လည်း..နူးက အထင်လွဲ ပြီး မင်းဆီက ထွက်သွားတာလေ.."
"ဟုတ်တယ်..ဒါပေမဲ့ သူ ကိုယ်တိုင်သိတဲ့ တစ်နေ့ ငါဆီ ပြန်လာမှာပါ.."
"မင်းကလည်း...မာန က လည်း မိုးမြင့်နေတာ..ပြီးရင် နှပ်တရှုံရှုံနဲ့ ခေါင်းအုံးဖက် ငို သလား.."
"အေး..ငိုတယ်ကွာ..ဘာဖြစ်လည်း..."
"ဟား..ဟား..အပြောကြီးခဲ့တာ တွေ ငါတို့ မမေ့သေးဘူးနော်.."
"အဲမှာသေအောင်ရယ်သလား..ကိုယ်စားတာ ကိုယ်ရှင်း.."
"ဟေ့ ဟေ့...ငါတို့ က သတင်းလာပေးတာနော်..အဲလို လုပ်ရဘူးလေ...ဖုန်းက အသစ်ကြီး.."
စိုးမိုးက လက်ဆွဲထားလို့ ဟန် လည်း ထမရတော့...။
.
"ဆရာ..ဧည့်သည်..တွေ့ချင်လို့တဲ့.."
"ဘယ်သူလည်း..ချိန်းထားလား.."
"မချိန်းထားဘူး..မိန်းကလေး..ပါ.."
"ကျွတ်..'
ဟန် အလုပ်ချိန် မှ ဧည့်သည်တွေ့နေရတာ သိပ်မဟုတ်သေးပါဘူး..။
"သူက တာ လို့တော့ ပြောခိုင်းလိုက်တယ်.."
"ဟင်..သွားခေါ်လိုက်.."
တာ က ဟန် အလုပ်ထိ လိုက်လာတာ ဘာဖြစ်လို့ ပါလိမ့်..ချစ်သူ ဘ၀ကတောင် ခေါ်လို့ မရတာ..တစ်ခုခု များဖြစ်လို့လား..စိတ်ထဲမှာ တာ မရှိတော့ပေမဲ့..မုန်းစရာလည်း မလိုပါဘူး..။
"တာ..."
"အင်း....ဟန် ..စကားနည်းနည်း ပြောချင်လို့ အချိန်ပေးလို့ ရမလားဟင် "
"တာ က...ဟန် ကို ခေါ်လိုက်ပြီးရော.."
"ရပါတယ်..တာ က မှားတဲ့ သူပဲ.."
"ဟင်.."
"မနေ့ကမှ နူး အကြောင်းကြားတယ်..တာ စိတ်မကောင်းပါဘူး.."
"အင်း..ကြာပါပြီ...'
"ဟုတ်တယ် တာ မသိခဲ့ဘူး..၁နှစ်ကျော်နေပြီ..."
"နူး နဲ့ ဟန် ခွဲနေတာ တာ ကြောင့်များလား.."
"မဟုတ်ပါဘူး..နူး က ကိုယ်ကို အထင်လွဲနေတာပါ.."
"တာ နဲ့ နူး ပြသာနာ က နူး အကိုကြောင့်ပါ..အဲဒီနေ့ က RTမှာစောင့်နေတာ နူး ရောက်မလာခဲ့ဘူး..ရောက်လာရင်လည်း အ၇ှိအတိုင်း၀န်ခံလိုက်ဖို့ပါပဲ..
နူး အကို ဇွဲနိုင် ဆိုတာ တာ ရဲ့ အရင် ယောင်္ကျားပါ..."
"ဟင်..."ဟန် နားမလည်စွာ..တာ ဆက်ပြောမဲ့ စကားကိုစောင့်နေရသည်..။
"ငယ်ငယ်လေး နဲ့ လိုက်ပြေးပြီး တူတူနေခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး..သူမိဘဘက်ကလည်း စွန့်ပစ်လိုက်လို့ တာတို့ဆီ လိုက်နေရတယ်..နေ့စဉ်အမျှ မိဘတွေက မကြည်ဖြူတော့ တာ တို့ စိတ်ညစ်ခဲ့ရတယ်..သူကလည်း မခံချင်တော့ ကျောက်တူးမယ်ဆိုပြီး ထွက်သွားတယ်..၃ လကြာတော့ သူ ဆုံးပြီတဲ့.."
"ဟင်...ဒါကို နူး မသိသေးဘူး."
"ဟုတ်တယ် နူးကသူ့ အကို ကို ပြန်ရှာချင်ပေမဲ့ အဒေါ်က ခွင့်မပြုလို့ လျို့ဝှက်ပြီး ရှာနေခဲ့တယ်ဆိုတာ တာ အခုမှ သိရတာပါ.. ညစာစားပွဲမှာတွေ့ကတည်းက မေးနေပေမဲ့..တာ လည်း အမှန် မပြောရဲဘူး...တာ ကို တစ်ခုခု လုပ်မှာ တွေး ကြောက်လို့ပါ.."
"ဟန် နဲ့ နူး အဆက်အသွယ်ရှိရင် ပြောပေးပါနော်..တာ တောင်းဆိုပါတယ်.."
"နူးက ကို ကို အဆက်အသွယ်မလုပ်ဘူးလေ.."
"ဟင်..ဟန် ကရော သူ့ ဆီမသွားဘူးလား.."
"ဟင့်အင်း..."
"တာကြောင့်လားဟင်.."ဟန်ပြုံးလိုက်ပြီး..
"တာလည်း အခု အဆင်ပြေနေပြီမလား.."
"ဟုတ်တယ်..မိသားစု ဘဝလေးနဲ့ ပျော်နေရပြီ..ဟန်ကတော့ တာကြောင့် .."
"မဟုတ်ပါဘူး..ကို လည်း အခု နူးကို ချစ်နေပါပြီ..သူ အမှန်တွေသိပြီး ကို ဆီပြန်လာမဲ့ အချိန်ကို စောင့်နေတာပါ.."
"ဟန် ကလည်း ချစ်တယ်ဆို လိုက်သွားလိုက်ပေါ့.."
"ကို့ မာန က ခွင့် မပြု ဘူးလေ.."
"အဲဒါနဲ့ အဝေးကပဲ ဆွေးတော့မယ်ပေါ့.."
"အင်း.."
"တာ ပြန်အုံးမယ်..."
"ကို လိုက်ပို့ မယ်လေ..""ရတယ်...တာ. မားကပ်ကို ၀င်အုံးမှာမို့လို.."
ဟန် ခုံပေါ်မှာတင်ထားတဲ့ နူးရဲ့ မင်္ဂလာ ၀တ်စုံနဲ့ ပုံကို ကြည့်နေမိသည်..။
ဒီပုံရိုက်ဖို့ လူကြီးတွေ မနည်းတောင်းပန်ရတာလေ..ဒါတောင် ပုံထဲမှာ စောင်ပေပေနဲ့ လူဆိုးမလေး..။
.
"ဟန်...CV ကုမ္ပဏီ က တို့နဲ့ စာချူပ်ချူပ်မှာ ဆိုတော့ ဂရုစိုက်လုပ်နော်. သူတို့က ခု ရှယ်ယာ အများဆုံးဖြစ်နေပြီ.."
"သူတို့ဘက်က ဘယ်နှစ်ယောက်လာမှာလည်း.."
"နှစ်ယောက် သုံးယောက်ပေါ့.."
"ဘာသာပြန်လိုလား..ပါ.."
"မလိုဘူးထင်တယ်.."
ဟန် လိုအပ်တာတွေ မေးပြီး ကြိုပြင်ဆင်ထားရသည်..။
"ဒိလူတွေကလည်း အချိန်မလေးစားလိုက်တာ..
"စောင့်နေရတာ တော်တော်ကြာနေပြီ.."
တစ်ယောက် တစ်ပေါက်ပြောတာတွေ နားထောင်နေရင်း ဟန် လည်း စိတ်ပျက်မိသည်..။
အင်အားကြီး ကုမ္ပဏီ ဖြစ်ပြီး အချိန်မတိကျလိုက်တာ...။
"ဟော..လာပြီ.."
လူနှစ်ယောက်က ရှေ့က ၀င်လာပြီး နောက်က ၀င်လာတာ..
အမျိုးသမီး၀တ် ၀တ်စုံ အပြည့် အနီနဲ့. ဆံပင်ကော်ဖီရောင် က ကျောလယ်ရောက်နေပြီ..
မျက်လုံး ကတော့ ထူထူ မဟုတ်ပေမဲ့ လိုင်နာက တင်းနေတုန်းပါပဲ..
ပီကေ မဝါးတော့ နူး မပီသတော့ဘူးပေါ့..။
"sorry ကားလမ်းကြပ်နေလို့.."
နူးက ဟန် ကို တစ်ချက်မကြည့်သလို သူ လုပ်စရာရှီတာ လုပ်ပြောစရာ ရှိတာ ပြောနေသည်...။
'ဒီကုမ္ပဏီ ရဲ့ ရောင်းအားလေးလည်း တစ်ချက်ပြပါအုံး..အကိုဟန်.."
"ဟင်..အော် ဒီမှာပါ.."
"အိုကေ..လေ.."
ဟန်ကိုကြည့်ပြီး ခေါ်တာတောင် နူး
မျက်၀န်းတွေက သူစိမ်းဆန် လိုက်တာ..။
အကုန်လုံး အခန်းထဲက ထွက်သွားတော့ နူးနဲ့ ယောင်္ကျားနှစ်ယောက် နဲ့ဟန်ပဲကျန်တော့သည်..။
"ကျွန်မ လိုအပ်တဲ့ စာရွက်စာတမ်းလေး..တစ်ခါတည်းပေးလိုက်လို့ရမလား.."
ဟန် ကို ရက်စက် ရုံတင် အားမရလို့..မျက်စိရှေ့ရောက်နေတာကို သူစိမ်းဆန်ပြနေတာလေ...
"ပေးချင်တာ အိမ်မှာ ကျန်ခဲ့တယ်..နောက်နေ့ လာယူပါလား."
"မရဘူး...ကျွန်မတို့ ညနေ လေယာဉ်နဲ့ ပြန်ရမှာမို့လို့.."
ဟင် ပြန်မှာတဲ့..
"ဒါဆို အိမ် လိုက်ယူလေ.."
နူးက စဉ်းစားရင်း..ဘေးက လူနှစ်ယောက်ကို ကြည့်ခါ..
"အိုခေ.."
ဟန် ကားမောင်းလာပေမဲ့စိတ်ကေ နာက်က ကားကို ပဲ အာရုံရောက်နေသည်.။
.
"ခဏ..ကို့ အိမ်ကို သူစိမ်းတွေ ၀င်ခွင့် မပြုဘူး.."
"ဟုတ်ကဲ့ ယူလာပေးပါ.."
"ကို တစ်ခေါက်ပြန်မဆင်းချင်လို့..ဒါပေမဲ့ ညီမက ကြောက်ရင်တော့..ဟို အစ်ကို"
"သွားမယ်..လာ.."
နူး ဆိုတာ အရင် အတိုင်း..မိန်းမ ဖိုက်တာလေး ပဲ လား..မခံချင်အောင်များပြောလိုက်ရင် ဘာမှဆက်မစဉ်းစားတော့..။
"၀င်ခဲ့ပါ..ကျွန်တော့် မိန်းမ ခရီးသွားနေလို့ အိမ်ကတော့ နည်းနည်း ရှုပ်နေတယ်.."
ဟန် ကမိန်းမ ရနေပြီလား...အေးပေါ့လေ..တာ ကို ဒီလောက်ချစ်တာ..။
"ခဏထိုင်ပါအုံး.."ဟန် က မီးဖိုခန်း ၀င်သွားတော့ နူး ထိုင်မနေချင်ပါ..
ဒီအိမ်လေးက အရင်က အတိုင်းပဲ မဟုတ်လား..ဒီ မှာ နူးရင်ခုန်သံတွေ နဲ့ ပြည့်နေတဲ့ အိမ်လေး..အခုတော့...
နူး ထိန်းချူပ်နေပေမဲ့ ခုံတွေဘေးက အခန်း တံခါးလေးကို တွန်းဖွင့်လိုက်မိသည်..။
ဒါ လည်း ဟန် နဲ့ သူ့ မိန်းမ အိပ်ကြတဲ့ ကုတင်လေးဖြစ်သွားပြီလေ..။
ဟင်..
ကုတင် ဘေးက နံရံမှာ ပုံတွေ..အိပ်နေတဲ့ ပုံလေးတွေ..ဒါ..ဒါ..နူး ပုံတွေပါလား..
ဟန်ကပ်ထားတာလား..မဖြစ်နိုင်ပါဘူး..သူ့ မိန်းမက ဘယ်ခွင့်ပြု မလည်း..
မြင်ယောင်နေတာလား..နူး မျက်လုံးကို ပိတ်ပြီး ဖွင့်ကြည့်မိတော့လည်း ရှိသေးသည်..။
"နူး.."
"ဟင်.."နူး သူများ အခန်းထဲ ရောက်နေတာ သတိရပြီး အမြန်ထွက်ပေမဲ့..ဟန်က အခန်း တံခါး၀ ရောက်နေပြီ..။
"ဘယ်လိုတောင်လည်း..စပ်စုလှချည်လား.."
"sorry..မရည်ရွယ်ပဲ ၀င်မိသွားတာ.."နူး သူ့ ကိုယ်ကို ရှောင်ပြီး အခန်းပြင်ထွက်လိုက်ပေမဲ့..
ဟန် က နူး ပုခုံးကို ဆုပ်ကိုင်ပြီး ခေါင်းငုံ့ခါနမ်းလိုက်သည်..။
"ဖြန်း.." စက္ကန့်ပိုင်း အတွင်း ရုန်းလို့ လွတ်သွားခါ ဟန် ပါးပေါ်ရောက်လာတာ ရိုက်ချက်တစ်ခု..
ဟန် ပြုံးလိုက်ပြီး..နောက်တစ်ကြိမ် ထပ်နမ်း လိုက်သည်..။
"ဖြောင်း "ထပ်ကျလာတဲ့ ရီုက်ချက်က ပိုပြင်းထန်သည်..ဟန် ပါးတွေစပ်နေပြီလေ..
ဟန် နောက်တစ်ကြီမ် ခေါင်းငုံ တော့ နူး က ဟန် ရင်ဘတ် ကို တွန်းထားပြီး.တောင်းပန်တဲ့ မျက်၀န်းများဖြင့်.
"မချစ်ပဲ မနမ်းပါနဲ့..ဟန်.."
"အင်း.."ဟန် ခေါင်းကို ပြန် မတ်လိုက်သည်..။
နူးကလည်း သူစိမ်းမျက်၀န်းပြန်ဖြစ်သွားခါ.."ဒီပုံတွေက..ဘာလို့ ဒီမှာ.."
"အဲဒါ ကို့ မိန်းမပုံလေ..သူခရီးသွားတာ ကြာလှပြီ..တစ်ခုကို အထင်လွဲပြီး ထွက်သွားတာ..သူ့ကို လွမ်းလာရင် ပုံကြည့်ပြီး အလွမ်းဖြေရတာပေါ့..."
"ဟင်.." နူး မျက်လုံးလေး ဝိုင်းသွားသည်..ဒါဆိုသူပြောတဲ့ မိန်းမဆိုတာက....
"နူး အိပ်ပျော်နေတဲ့ပုံတွေချည်းပဲ.."
"ဟုတ်တယ်..သူက ဓာတ်ပုံရိုက်တာ မကြိုက်လို့လေ..သူက အိပ်ပျော်နေတဲ့ အချိန်ပဲ ချစ်ဖို့ကောင်းတာ..နိုးနေရင် မုန်းဖို့ကောင်းတယ်."
"ဘာ..'
"ကို ကားကိစ္စ ပြောပြသင့်နေပြီ..ထပ်မဝေးချင်တော့ဘူး..နူးရယ်.."
"နူး သွားစရာ ရှီသေးတယ် ခွင့်ပြုပါအုံး.."
"နူး..."
နူး က ပြောပြီး ပြေး ထွက်သွာြး့ပီ.
နူး...နေအုံး..
ဟန် နောက်က ပြေးလိုက်တာတောင်...နူး က ကားပေါ်တက်ပြီး ထွက်သွားပြီလေ..။
.
"ဟန် စာချူပ် အဆင်ပြေလား.."
"ပြေပါတယ်..ဒါပေမဲ့ ပိုင်ရှင် က နူးဖြစ်နေတယ်..ပါ ရော သိထားလား.."
"အခုသိပြီ မင်း ထမင်း အိမ်မှာ လာစားဖို့ မာ က ခေါ်ခိုင်းလို့...."
"လာခဲ့ပါမယ်.."
ဟန် ကားမောင်းထွက်လာပေမဲ့ စိတ်မပါ..နူး တကယ် မုန်းလိုက်ပြီလား..ကို မခံစားနိုင်ဘူးကွာ..။
.
"သား ရယ် ကြာလိုက်တာ မာတို့တောင် ခု စားတော့မလို့ လာ.."
"မာကလည်း..ဒီနေ့မှ အထူးအဆန်း..အရင်ကလည်း ဟန် တစ်ယောက်တည်း စားနေကျပါ.."
"မတူဘူးလေ..ဒိနေ့က အထူး.."
"ဟင်...နူး.."
နူး က ပြုံးပြပြီး ထမင်း ဝိုင်းမှာ ရေခွက်တွေ ရေ လိုက်ဖြည့်နေသည်..။
"နူး..မပြန်ဖြစ်ဘူးလား.."
"အင်း.."
"ဒီနေ့ကစပြီး နူး နဲ့ ဟန် တူတူ ပြန်နေရမယ် ဒါပဲ.."မာမီက ထမင်းစားပွဲ မှာ ၀င်ထိုင်ရင်း အမိန့်ချလိုက်သည်..။
"မာမီ...နူးက.."
"နူးက ငါ ကို အဖွား လို့ မသတ်မှတ်ဘူးဆိုရင်တော့ စိတ်ကြိုက်ဆုံးဖြတ်ပေါ့လေ.."
နူး စိတ်ညစ်သွားသည်..မာမီ စကားကလည်း ဘယ်လိုမှ ရုန်းမရပါလား..
ဟန် ကို ကြည့်တော့ ဟန်က ပြုံး နေသည်..။
ကောင်းတယ်..မြေး အဖွားနှစ်ယောက်ပေါငိးပြိး..နူးကို အနိုင်ကျင့်နေကြတာ..။
"နူး..သမီးကြိုက်တဲ့ ရှောက်သီးသုပ်လေ.."
"ဟန် ကိုပဲ ပေးပါ...သူက ငတ်လာရင် အကုန်ကြိုက်တယ်.." နူး လက်လှမ်းပြီးခါမှ လက်ပြန်ရုတ်မိသည်..။
"နူး..ဒီမှာ သမီးကြိုက်တဲ့..ပုဇွန်ချဉ်စပ်.."ပါ ကလှမ်းထည့်ပေးတာမို့ နူး ပန်းကန်မပြီး ခံလိုက်ချိန်..။
"ပါ..ဟန် ပန်းကန်ထည့် သူက ငတ်လာရင် အကုန်ကောင်းတာ.."
မဟုတ်သေးပါဘူး..စောနက လည်း တစ်ခါ..အခုလည်း..
ပါ က ရယ်ပြီး ဟန် ပန်းကန်ထဲထည့်ပေးတော့ နူး ပန်းကန်မြှောက်ထားတာ ပြန်ချလိုက်ရသည်..။
"သမီးဦးလေးနဲ့နေရတော့ အဆင်ပြရဲ့လား.."ပါ က ဟင်းပန်းကန် တိုးပေးရင်းမေးသည်..။
"နူးက ဦးလေးနဲ့ မနေပါဘူး..နူး အရင်အိမ်မှာနေတာ..ဦးလေး မိန်းမကတော့ တစ်ခါ တစ်လေ လာတယ်.."
"နူး ဥိးလေးက မိန်းမရပြီလား.."
"ကလေး နှစ်ယောက် ရနေပြီလေ.."
"ကောင်းပါတယ်...ဒါနဲ့ နူးကို ဟန်ကားနဲ့ တိုက်မိတဲ့ ကိစ္စက ..."သိသင့်တဲ့ ကိစ္စမို့လို့ ထမင်းဝိုင်းမှာပေမဲ့.. ပြန် စမိသည်..။
"နူး သိပါတယ်..အဲဒါကြောင့်လည်း ထွက်သွားတာပါ..နူး အနားမှာ ရှီနေရင်..ဟန် နဲ့ မာတို့အန္တရယ်များလို့လေ..အခုတော့ သူ ထောင်ကျသွားပါပြီ.."
ဟန် ထမင်းစားနေရင်း ဆွေးသွားသည်..သိရဲ့နဲ့ နေနိုင်လိုက်တာ နူးရယ်..စာ မလာ သတင်းမကြား..ဒီက ကျန်ခဲ့တဲ့ လူမှာ နေ့စဉ်အမျှ ရင်ကွဲနေရတာ..နူးမသိဘူး..။
"နူးအကို ကိစ္စရော.."
တာပြောခိုင်းထားတာ အခုပြောသင့်လားစဉ်းစားရင်း ဟန်က မေးခွန်းတစ်ခု ပေးလိုက်တာ..
"သူ မရှီတော့ဘူး.."
နူး ကတော့ ပုံစံ မပျက် ထမင်းဆက်စားနေသည်..။
"ကဲ ၈နာရီ ထိုးပြီ ပြန်တော့လေ..နူး ဟန် နဲ့ အိပ်နော်.."
"ဟင်.." မာမီက ဘယ်လိုပြောလိုက်တာလည်း..။
"အော်..ဟိုတယ်မှာ ပြန်မအိပ်နဲ့ ဟန် အိမ်မှာ အိပ် လို့ ပြောတာပါ.."
"ဟုတ်.."
"ကားဂရုစိုက်မောင်းနော်.."မာနဲ့ မာမီက တံခါး၀ ထိလိုက်ပို့ရင်း မှာနေတာ မဆုံးနိုင်..။
..
"နူး..အိပ်မယ်လေ.."
"အိပ်လေ.."
"နူးကေရာ..."
"ဆိုဖာ မှာ အိပ်မှာ.."
"ဟာ..မရပါဘူး..မာမီ က အတူတူ အိပ်ဖို့ မှာလိုက်တယ်လေ.."
"အဲဒါတစ်အိမ်ထဲ အိပ်ဖို့ မှာတာ.."
"ကို ကတော့ အတူတူ အိပ်ရမှ ဖြစ်မှာ.."
"ဘာ.."
နမ်းပြန်ပြီ..မချစ်ပဲနဲ့...။
"မချစ်ဘူးမလား.."
"အင်း.နူးရော."
"မုန်းတယ်.."
"ကောင်းတယ်..ကို တို့ ကြားမှာ စည်း တစ်ခု အမြဲ ခြားနေတယ်ထင်တယ်.."
"ဟုတ်တယ်..တာ ဆိုတဲ့ ရှင့် ချစ်ရသူလေ.."
"မဟုတ်ဘူး..တာ ကို ရင်ဘတ်ထဲက ထုတ်လိုက်တာ ကြာလှပြီ.."
"ဒါဆို.."
"ကို တို့ ရဲ့ မာန ဆို တဲ့ ဆူးတွေနဲ့ ဟန်ဆောင်မှု စည်းတွေ ဖြစ်နေတာ..အဲဒါကြောင့် ချစ်ရဲ့ နဲ့ ဝေးနေကြတာလေ.."
"ဒီမှာကြည့်စမ်း.."ဟန် ဘီဒိုလေးရဲ့ တံခါးဖွင့်ပြတော့ နူး က အံသြနေသည်..။
"ဟင်..ကလေး အ၀တ်တွေ.."
"အင်း..ကို ၀ယ်ထားတာ နူး ကတော့ ကို နှလုံးသားကို မမြင်ခဲ့ ဘူး ကို က လည်း မပြချင်တာနဲ့..နားလည်မှုတွေ လွဲခဲ့ကြတယ်.."
"ဒါတွေ အခုမှ ပြတော့ ဘာထူးမှာလည်း.."
"ထူးတာပေါ့..အခု တူတူပြန်နေရပြီ..ကလေးလေး ထပ်ယူမယ်..ပြီးရင် မွေးမယ်.."
"ဘယ်သူက မွေးပေးမယ်ပြောလို့လည်း.."
"မမွေးချင်ပေမဲ့ ရလာရင် ယူမှာပဲ မလား.."
"ဟာ..ဘယ်လို ဖြစ်နေတာလည်း.."
"အခုကစပြီး နူးဆိုတာ ကို့ရဲ့ ဘုရင်မ ဖြစ်သွာြး့ပီ.."
"ထပါ နူး ငရဲကြီးမယ်..ထပါ.."
"ကို့ ကို ခွင့်လွှတ်တယ်ဆိုမှ ထမယ်.."နူးရှေ့မှာ ဒူးထောက်နေတဲ့ ဟန်ကို ကြည့်ပြီိး နူး ကြည်နူး မိသည်..။
ဒီတစ်ခါ ဘာဟန်ဆောင်မှုမှ မပါပါလား..။
အတင်းအကြပ်မို့ သူ ကမ်းပေးနေသည့် လက်စွပ်လေးကို ယူလိုက်ရတော့သည်..
ဟန်က မတ်တက်ရပ်ပြီး နူးလက်ကို ၀တ်ပေးလိုက်တာ လက်သူကြွယ်မှာ အတိအကျ နေရာယူသွားသည်..။
ဟန် က နူး လက်ဖမိုးလေးကို ဖွဖွလေးနမ်းပြီး ပြုံးရင်း ရှေ့ တိုးလာသည်..။
"ချစ်တယ်..နူးရယ်...နူးရော.."
"အင်း..."
"အင်း..ပဲလား.."
"ချစ်တယ်.."
"ဘယ်သူကို.."
"ဟန်..ကို.."
"ကိုတော့ မယုံပါဘူး..ထားသွားတာ ဘယ်သူလည်း ကို့ မှာတော့ နေ့ရှိသမျှ လွမ်းပြီး ငိုနေရတာ..
နူးကတော့ တကယ်အေးဆေး.နေနိုင်တယ်နော်.. "
နူးက ဟန် နားကို လိမ်ဆွဲလိုက်တော့..
"အား..ကြောက်ပါပြီ..."
"အဟန်..စကားပြောရင် ကြည့်ပြောပါ.."
"ဟုတ်ကဲ့.."
နှစ်ယောက်စလုံး ရယ်မိသည်..။
"နူး အရမ်းလှလာတယ်..ကို စတွေ့တော့ ရင်တွေ ခုန်တာ မရပ်ဘူး..နူး ဒီလောက်လှ နေတာ ဟိုမှာ များ တစ်ယောက်ယောက်နဲ့ ဆြို့ပီး..ဆွေးသွားရသေးတယ်.."
"အထင်သေးတုန်းပဲေ တွ့ခါစကလည်း မိန်းမပျက်လို့ ထင်သေးတယ်..အခုလည်း.."
"ရှုး..မပြောနဲ့..ထင်ခဲ့ပေမဲ့ မတူတဲ့ပုံစံလေးကြောင့် စိတ်၀င်စားလာတာ.."
"နူးကတော့ ဟန် ကို စတွေ့ ကတည်းက စိတ်၀င်စားတာ.."
"ဟာ...တကယ်လား...ရှက်စရာကြီးကွာ.."
"ခ်ခ်..."
နူး ဟန် ခါးကို ဖက်ပြီး..ပခုံးပေါ်မေးတင်မိသည်..။
မာန ဆိုတဲ့ ဆူးနဲ့ ဟန်ဆောင်မှု ဆိုတဲ့ စည်းတို့ ဖယ်ရှားလိုက်ချိန်မှာတော့..
အရာအားလုံး ကြည်နူးစရာဖြစ်သွားပြီလေ..။
.
"ဟန်...ဒီပုံတွေ ဖြုတ်လိုက်မယ်.."
"ဘာလို့.."
"ဟာ..မကောင်းပါဘူး..နူး.အိပ်နေတဲ့ပုံတွေချည်းပဲလေ..."
"ကောင်းပါတယ်..နူး က အိပ်ပျော်နေရင် အရမ်းချစ်ဖို့ကောင်းတာ..."
"အယ်...ဘယ်တုန်းကတည်းက ခိုးကြည့်တာလည်း...မှန်မှန်ဖြေ..."
"ဟီး..မဖြေလို့ မရဘူးလား.."
"မရဘူး.." နူး က အနားတိုးပြီး လည်ပင်းသိုင်းဖက်လိုက်တော့ ဟန် ဆွဲချလိုက်သည်.. ဟန် ပေါင်ပေါ်မှာ ဘေးစောင်းထိုင်ပြီး..ဟန်ပြောမှာ ကို စောင့်နေရတာ..ကြာလှသည်..
"ပြောလေ.."
"ချောင်းသာမှာ အိပ်တဲ့ ပထမဆုံးညကတည်းက.."
"ဟင်.."
"ကို မုန်းတယ်လေ..မုန်းလို့ ပဲ ကြည့်ဖြစ်တာပါ..ဒါပေမဲ့..ကြည့်ပါ များလာတော့ ချစ်လာတာ.."
"အဲနေ့က ဟန် ကုတင်အောက်မှာ အိပ်တာမလား.."
"ဟုတ်တယ်..ရက်စက်တယ်နော်..ကန်ချတာလေ..."
"ဟား..ဟား..ဟန် အရင် တွန်းချတာပါ.."
"ကို မနက်နိုးတော့..နူး အိပ်ပျော်နေတာ..မုန်းပေမဲ့ ဘာကြောင့်လည်း မသိဘူး ကွေးအိပ်နေတာလေးကို ကြည့်ပြီး စောင်ခြုံပေးခဲ့သေးတယ်..."
"ထားပါတော့..မုန်းတာတွေ ထပ်မကြားချင်တော့ဘူး..ပုံတွေ အများကြီးပဲ ဖြစ်နေတာ..ဘယ်တုန်းကတည်းက ရိုက်ထားတာလည်း.."
"အင်း..ဒါက...နူး ကိုယ်ကို ပါးရိုက်တဲ့ ညက.."
"ဟင်..."
"ဒါဆို..."
"ဟုတ်တယ်....နူး အရမ်းငိုနေပေမဲ့ ကို မခံစားရဘူး..ဒါပေမဲ့ အိပ်ပျော်သွားတော့...ကို ဘာကြောင့်မှန်းမသိဘူး..အကြာကြီးဖက်ထားတာ..နူး နိုးလာရင် တစ်မျိုးပြောင်းသွားမှာ သိလို့ အမိအရ ဓာတ်ပုံ ရိုက်ထားတာ.."
"ဒီပုံလေ.."
ဟန်က ပြောရင် း..တစ်ပုံ ဆွဲထုတ်လိုက်သည်..
နူး အိပ်ပျော်နေပေမဲ့ ပခုံးမှာ ဟန် လက် တစ်စွန်းတစ်စ က ပုံ ထဲမှာ ပါနေသည်...။
"ဟန်ဆောင်တာတွေ များလွန်းတော့ နူး အခုချိန်ထိ မယုံနိုင်သေးဘူး.."
"ကို ဟန်မဆောင်လည်း..နူး က ဟန်ဆောင်နေတယ်ပဲပြောနေတာလေ.."
"နူးကို နမ်းတိုင်း ရင်ခုန်ရတာ..နူး က ဟန်ဆောင်တယ် ထင်နေပေမဲ့ ကို ကတော့ ဒီရင်ဘတ်ကို အပြစ်တင်နေရတယ်.."
"ကို မသိလိုက်ခင်ကတည်း က နူးက ကို နှလုံးသားထဲ ရောက်နေတာ..."
"နူးကို တွန်းလိုက်လို့..မြက်ခင်းပေါ်မှာ ပြုတ်ကျသွားတာလေ..အဲည က ကို မှားများသွားလားလို့တွေးရင်း အိပ်မရခဲ့ဘူး.."
"နောက်တစ်ခါ....ကို...လေ...နူး..ပါး.."ဟန် ဆက်မပြောချင်တော့ပါ...နူးက ဆက်ပြီး..
"ပါးရိုက်မိတဲ့ ည ကလည်း အိပ်မပျော်ဘူး..ငါ ရိုက်လိုက်တာ မိန်းကလေးတစ်ယောက်ပြီ့ီးတော့..သူက ကလဲ့စားချေဖို့ အိမ်တောင်ရောက်လာပြီ..အဲလိုမလား.."
"အင်း.."
"ဟား..ဟား..တော်တော်ရက်စက်တဲ့ လူကြီး.."
"မဟုတ်ပါဘူး..ကိုလေ..တာ နဲ့လမ်းမှာတွေ့တိုင်း စိတ်တွေ နှစ်ခွ ဖြစ်ပြီး နူးအပေါ် အနိုင်ကျင့်မိတယ်..တကယ်ဆို နူးက တာ အကြောင်းကို ထုတ်ပြောသင့်တာ.."
"ပြောရင်ကော ဟန် က ယုံမှာလား..သူ့ ချစ်သူကို မနာလိုလို့ ကြားလေတိုးတယ်ပဲပြောအုံးမှာလေ.."
နူးပြောသလို တကယ်ထင်မိမှာပါလေ...
"တာမင်္ဂလာဆောင်က ပြန်လာတဲ့ ည ကလည်း ကို အိပ်မပျော်ပါဘူး.."
"သိတယ်လေ..ချစ်တဲ့သူ ယောင်္ကျားယူသွားတော့ ကြေကွဲတာမလား.."
"မဟုတ်ဘူး..နူး နဖူးက ဒဏ်ရာကြောင့်...ဘာလို့ အဲလောက် မာကျောမှန်းမသိဘူး..ဒါပေမဲ့ စိုးရိမ်မိတယ်.." နူးခါးလေးကိုဖက်ပြီး အတိတ်အကြောင်းပြောနေရပေမဲ့ မုန်းများသွားမလား စိုးရိမ်လာသည်..။
"နူး က ထူးဆန်းတယ်နော်..ကို ဒီလောက် အနိုင်ကျင့်နေတာတောင် အရှုံးမပေးဘူး..ဒါပေမဲ့လည်း..ဟန် ကို အလိုလိုက်နေသလိုပဲ..ညဘက်ပြသာနာတက်လည်း မနက်ကျရင်အေးဆေးပဲ.."
"နူး ကြီးပြင်းလာတဲ့ ပတ်၀န်းကျင်က ဟန် ထက် အစပေါင်းများစွာကြမ်းတမ်းတယ်လေ.."
"ကို လွန်ခဲ့တယ်နော်..ခွင့်လွှတ်မယ်မလားဟင်.."
"ဟင့်အင်း..."
"တကယ်လား..ရတယ်လေ.."ငုံ့ကျလာတဲ့ ဟန် ကို တွန်းထားရင်း နူး ရင်ခုန်နှုန်းတွေ မြန်လာပြန်သည်..။
"ဟန် မဆိုးနဲ့နော်..."
"ကိ်ုက မဆိုးပါဘူး..ဒါပေမဲ့ လူဆိုးမလေး...ယောင်္ကျားဖြစ်နေမှတော့..နည်းနည်း ဆိုးသင့်တာပေါ့..."
"အား..ကိုင်ပေါက်မှာနော်.."
"ဟား..ဟား.."
နူး ကိုယ်လေးကို ရင်ခွင်ထဲမှာ မြုပ်နေအောင် ဖက်ထားမိသည်...။
.
"နူး...မင်း သမီး နှစ်ယောက်ကို ကြည့်ပါလားကွာ..ကို ဒီမှာ သားကို ရေချိုးပေးနေတာ.."
"ဘာဖြစ်လို့လည်း..ဟန် ရယ်.."နူး ပြောပြီး အခန်းထဲ ၀င်သွားတော့ သမီးနှစ်ယောက်က နူး အိုင်းလိုင်နာတွေ ယူဆွဲထားတာ မျက်လုံးမှာ အမဲကွင်းကွင်းတွေနဲ့..။
"ဟန် က ဒီတိုင်း ကြည့်နေတာလား.."
"ကြည့်မနေလို့ ဘယ်လို လုပ်မလည်း..ကို မှာ လက်နှစ်ဖက်တည်း.."
"အော်လိုက်ရင်တောင် ရပါတယ်.."
"အော်ရင်လည်း ကြောက်တာဆိုတော့လေ.. သမီး နှစ်ယောက်က နူးအတိုင်းပဲ..နူး ဆီက အတု မြင်ပြီး သင်နေတာ..ဟိုနေ့ကလည်း ဂျယ်လီဝါးပြီး လက်နဲ့ ဆွဲ မှုတ်နေတယ်လေ.."
"ဟားဟား...ဟုတ်လား..မီ .နဲ့ ဘီ ..လာပါအုံး ဓာတ်ပုံရီုက်ရအောင်."
အမြွှာ သမီးနှစ်ယောက်က အသားဖြူဖွေးနေပေမဲ့ မျက်နှာ တစ်ခုခုလုံး လိုင်နာတွေနဲ့မဲတူးနေလို့ ဘာလေးတွေနဲ့ တူမှန်းမသိတော့..။
"နူး..သားကိုခေါ် အုံး..ကို နောက်ကျတော့မယ်ကွာ.."
"ပေး.. ဒီကလေးတွေ မွေးပဲပေးပါ ထိန်းနိုင်တယ်ပြောပြီး..အခုတော့."
"ဟုတ်ပါပြီ...ကို့ မိန်းမ ပင်ပန်းတာသိတယ်...သိလို့ ထမင်းလည်း ချက်ခဲ့ပြီ..အ၀တ်တွေလည်းလှန်းခဲ့တယ်..မီးပူလည်း ထိုးခဲ့ပြီ..ဟင်းလည်း ကို ပဲ ချက်လိုက်တယ်.."
"လိမ်မာတယ်.."နူး ကသားကို လှည်းထဲ ထည့်ပြီး..ဟန် ကို ကြယ်သီးတက် ပေးနေတုန်း ဟန် က ခေါင်းဖြီးရသည်..။
"ဒါပေမဲ့ နေ့ပိုင်းလေးတော့ နူး အလုပ်ကိစ္စတွေ မလုပ်ပါနဲ့ ကွာနော်..ဟိုနေ့ကလို..သမီးနှစ်ယောက် ခြံပြင်ရောက်နေတောင် သိလိုက်မှာ မဟုတ်ဘူး..ကို့ ညနေ ပြန်လာရင် နူး လုပ်လေ..နော်.."
အိမ် တံခါး၀ ထိ ဟန်မှာ မှာလို့ မပြီးနိုင်သေးဘူး..
"နှုတ်ခမ်းကြီး စူမနေနဲ့ အင့် နှုတ်ဆက် အနမ်း.."
နူး..ကပြုံးလိုက်တော့..သားက လက်ထဲက လိုက်ပြုံးပြသည်..။
ဟန်က သမီးနှစ်ယောက်ကို နမ်းပြီး နူး လက်ထဲက သားကို နမ်းခါ ထွက်သွားသည်..။
အရင် ကတည်းက မုန်းတယ်ဆိုပြီး အပြင်ထွက်တိုင်းနမ်းတာ..
ချစ်ပါတယ် ဆိုပြီးလည်း နမ်းတုန်း...
အခုချိန် အပိုဆုတွေ ပါလာတော့လည်း..တာ၀န်မပျက်..ထမ်းဆောင် နေဆဲ...။
တွေးနေတုန်း တံခါး၀ ပြန်ရောက်လာပြန်ပြီ..
"ဟော..နောက်ကျ နေပြီဆို မသွားသေးဘူးလား."
"မေ့လို့ .."
"ဘာလည်း.."
"ကို့ ကို နမ်းအုံး.."
"ဟာ စောနက ပဲ.."
"အခုက နူး နမ်းရမှာ.."
"ဟာ..သွားပါ..ဟန်ရယ်.."နူး..ရှက်နေတာကို..ဟန် က ..
"နူး ဆီမှာ ကို အတွက် စည်းဆူးတွေ ရှိနေတုန်းလား.."
"မဟုတ်ပါဘူး.."နူး အနမ်းတစ်ပွင့် သက်သေ ထားပြီး ငြင်းလိုက်ရတော့သည်..။

ပြီး ပါ ပြီ 😭❤💪

ကွန့်မန့်တွေလိုက်ခ်တွေက တကယ်အားဖြစ်စေခဲ့လို့ အပြီးထိရေးနိုင်ခဲ့တာပါ ❤💪❤💪
ဇာတ်သိမ်းမကောင်းရင် ခွင့်လွှတ်ပါ😭
ဖတ်ရှုသူအားလုံးကို
ကျေးဇူးအထူးတင်ပါတယ် ..❤
နောက်အသစ် တစ်ပုဒ်"မ အတွက်"ကိုလည်း မနက်ဖြန်စရေးပါမယ်နော် ..
တစ်နေ့တစ်ပိုင်းပဲရေးနိုင်တာကို
စောင့်ဖတ်ပေးကြလို့ တကယ်ကျေးဇူးတင်ပါတယ် ❤📖❤💪

အပေါ်က # လေးကိုနှိပ်ပြီး စည်းဆူး ကိုဖတ်ချင်ဖတ်လို့ရပါတယ်နော်..ရှာရခက်မှာစိုးလို့ပါ..wallထဲမှာလည်းရှိပါတယ်..

စည်းဆူး Where stories live. Discover now