Part 5

2.5K 105 1
                                    

စည်းဆူး
အပိုင်း(၅)
#စည်းဆူးစပိုက်ကာ

“ဟင်…” ကမ်းခြေမှာ အနွေးထည်နဲ့ လမ်းလျှောက်တာဆို ဟန် တစ်ယောက်တည်း ထင်နေတာ..
“ကလင်…ကလင်….ဘေးကို…ဘေးကို..”ဒင်း…စက်ဘီး တစ်စီးနဲ့ ဟန် နောက်ကနေ အော်နေတာ..
“မင်း..ဘာဖြစ်နေတာလည်း..”ဟန် က စက်ဘီး ဂိုက်တန်းကို ဖမ်းဆုပ်လိုက်တော့ စက်ဘီးက ရပ်သွားသည်..။
“စက်ဘီးလာနေတာ မဖယ်ချင်ဘူးလား..တိုက်မိရင် တာ၀န်မယူဘူးနော်..”
“မင်း..လမ်း..မင်းသွား…”
“ဟွန့် ဘ၀င်ပဲ…နူး..က ကိုယ့်လမ်းမှာစီးနေတာ ကြာလှပြီ..စက်ဘီးအရာ တွေ ကြည့်ပါအုံး..”
လက်ညိုးနဲ့ ညွန်ပြနေတဲ့ စက်ဘီး ဘီးရာတွေ ကြည့်တော့ မဆုံးနိုင် ..ဟန် ကိုယ်စကားနဲ့ ကိုယ် နည်းနည်းတော့ ရှက်မိပေမဲ့.ဒီမိန်းမကို အလျော့ တော့ မပေးချင်ပါ..။
“မင်း..ဆင်း…ငါနင်းမယ်..”အရှက်ပြေ..ပြသာနာ ပြန်ရှာလိုက်တာလေ..
“ဘာလို့လည်း..စီးချင်ရင် ကိုယ့်ဟာကို သွားယူလေ..”
“မယူဘူး..မင်းစီးတာ ကြာနေပြီဆို..”ဟန် ပြောရင်း..လက်ကို ဆွဲချလိုက်တော့ စက်ဘီးပေါ်က အောက်ရောက်သွားသည်..။
ဟန် စက်ဘီးကို ဟိုတယ်ရှေ့မှာရပ်ထားလိုက်ပြီး..ကမ်းခြေ အစွန်းနားမှာ ရွေ့နေတဲ့ အမဲ စက်လေးကို အားပါးတရ ကြည့်နေလိုက်သည်…ဒီပုံစံဆို ၁နာရီ လောက်ပြန်လျှောက်လာရမလားပဲ…အဲလိုဖြစ်စေချင်လို့ စက်ဘီးစီးသလိုနဲ့ ယူလာလိုက်တာလေ…မိန်းကလေး တစ်ယောက် ကို အနိုင်မကျင့်ချင်ပေမဲ့..ဒီမိန်းမ မပါ..။
“အား…သေတော့မယ်…အဟန်…လုပ်ပါအုံး..”
“ဘာဖြစ်လို့ ဒီလောက်အော်နေတာလည်း..”
“ခြေထောက်တွေကိုက်တာ သေတော့မယ်…အား…”မျက်နှာမှာ လိမ်းထားတဲ့ အနက်ရောင်တွေနဲ့မှ မလိုက်ဖက် မျက်လုံး မှိတ်ပြိးအော်နေတာ..မရပ်နိုင်..ဟန် နားငြီးလာပြီ..ကိုယ် အပြစ်လည်း မကင်းတာမို့..။
အနားကို သွားရပ်လိုက်ပြီး..
“ကဲပြော…ဘာလုပ်ရမလည်း..”
“ဆေး အပူလေး သွားရှာပေးပါလား....အဟန်” ဟန် ဘာမှ မပြောပဲ အပြင်ထွက်လာခဲ့လိုက်သည်..ဟိုတယ်..ကောင်တာ ကို သွားပြိး ပြောတော့ ဆေးသေတ္တာ ပေးလိုက်တာနဲ့ ယူလာခဲ့လိုက်သည်..။
နူး..အခန်းထဲမှာ ဗိုက်နှိပ်ပြီး ရယ်နေရသည်…ဟုတ်တယ်လေ..အဟန် က ဒုက္ခ ပေးချင်လို့ တမင် စက်ဘီးယူသွားတာသိရဲ့ နဲ့ ဘာမှ မဖြစ်သလို နေရင် စိတ်မချမ်းသားမှာစိုးလို့ ပြီးတော့ သူလည်း ကိုယ့်ကြောင့် နည်းနည်းလေးပြေးရမှ ကျေမှာမလား..။
နူး တို့ က အပြေးပြိုင်ပွဲတွေတောင် ၀င်ပြီုင်လာတာ လမ်းလျှောက်တာ အေးဆေး..။
“ရပြီ…ဘယ်နားက နာတာလည်း လိမ်းလိုက်..”
“မနာပါဘူး…”
“ဘာ…!
“ဟုတ်တယ်လေ..အဟန် က အဲလို ဖြစ်စေချင်တာမလား..စိတ်ချမ်းသာအောင် လုပ်ပြရတာ..”
“တောက်…”
“ကျန်သေးတယ်..အဟန်..နူး လက်ထပ်လိုက်တာ အဟန်ကို ကလဲ့စားချေချင်လို့မဟုတ်ဘူး..ဒီဒီ နဲ့ အတာ ကြောင့်..”
“ဘာကိစ္စ တာ က ပါလာရတာလည်း..”
“နူး က အဟန်ကို မယူရင် တာ က ဟန်ကိုယူမှာပေါ့…”
“ဟား…မင်းက ငါ့ကို မချစ်ဘူး..မသိဘူးဆို..ချစ်နေတဲ့ လူ နှစ်ယောက်လက်ထပ်မှာ ကို ဘာလို့ ကြားလူလုပ်ချင်တာလည်း..”
“တာ နဲ့ နူး ကိစ္စတွေကြောင့်..”
“အဲလို ကိစ္စဆို ငါက ပိုသိသင့်တယ်..အခု မင်းယောင်္ကျား..တာကို ချစ်နေတဲ့လူ..နှစ်ယောက်စလုံးနဲ့ ပတ်သက်ထားမှတော့ ပြောစမ်းပါ…”
“မပြောဘူး..အဲဒါ ငါ့ ကိစ္စ..
နောက်တစ်ခု ပြောထားအုံးမယ်..တာ အတွက် ကလဲ့စားချေတာမျိုး  အငြိုးအတေးနဲ့ အနိုင်ကျင့်တာမျိုး မလုပ်မိစေနဲ့..အဟန်…ရူးသွားလိမ့်မယ်…နူး…ဆိုတဲ့ မိန်းမ က အသိုက်ကြမ်းကြမ်းမှာ ကြီးပြင်းလာတာ..သာမန်မိန်းမတွေ ရဲ့ နာကျင်မှုတွေက နူး အတွက်တော့ ဖွဲဆန်ကွဲပဲ..အဲတော့ ရှေ့လျောက် အေးအေးချမ်းချမ်းနေကြမယ်နော်..” ကမ်းပေးနေတဲ့ လက်ကို ရိုက်ထုတ်လိုက်ပြီး..အခန်းပြင် ပြန်ထွက်လာခဲ့သည်…အကုသိုလ်မ..။
နူး လက်နာ သွားတာကို ကိုင်ရင်း ဆေးသေတ္တာကို ကြည့်ပြုံးနေမိသည်…နူး…ဆိုတာ ဒါပဲလေ..မိန်းမ မပီသအောင်ကို ခပ်ကြမ်းကြမ်းနေလာခဲ့ရတာ..ဘယ်သူသိလည်း..။
အသက် 10 နှစ် အရွယ်ကတည်းက မိဘတွေမရှိတော့လို့ အဖွားနဲ့ နေရတယ်…အဖွားက ဆေးရုံ တက်တဲ့ရက် ဆို အိမ်မှာ မနေရဲ....ဘာမှန်းမသိနိုင်တဲ့ အငြိုးတွေနဲ့ တချိန်လုံးအစိမ်းကြည့်နေတာ..အရွယ်မရောက်သေးတဲ့မိန်းကလေး တစ်ယောက် အတွက် ကြောက်စရာပေါ့
အပျိုဖော် ၀င်ခါစ ရောက်ပြန်တော့ သွေးမတော် သားမဆက် တဲ့ ဦးလေးဆိုသူ အိမ်ရောက်လာပြန်တယ်..တူမ နဲ့ ဦးလေး ညားကြလေသတည်း ဖြစ်မှာစိုးလို့
မိန်းမလှဆိုတာထက် မိန်းမကြမ်း ပုံစံ မျိုးဖြစ်အောင် တမင် တုပနေခဲ့ရတာ..
ဒီဒီ ကလည်း စိတ်မချလို့ မြန်မာပြည် လာပြီး တစိမ်းတွေ လက်ထဲအပ်သွားပြး အဝေးဆုံး ကို ထွက်သွားပြီ..ီ…
ယောက်ခမ ယောက်ကျ င်္ား..ပတ်သက်သူအားလုံးက မကြည်ဖြူတော့
အခုကော တန်ဖိုးတက်သွားလား ဒီဒီ..
နူး..မသိဘူး..ဒါပေမဲ့ ဘာမှမတော်တဲ့ အဒေါ်တွေ အပိုင်သိမ်းချင်နေတဲ့ ဦးလေးတွေထက်တော့ သာပါတယ်…
ဒီဒီ ပြောခဲ့သလိုပဲ…နူး က တစ်ကောင်ကြွက်ဘ၀ အန္တရယ်တွေဝိုင်းနေလို့ ဒီမှာ အတက်နိုင်ဆုံး သည်းခံပြီးနေပါမယ်..စိတ်ချပါ ဒီဒီ..။
.
“အဟန် ရေ..ထမင်းစားမယ်လေ..”
“အဟန်..”
“ကျွတ်..ဘာလည်း..မင်းဟာမင်းစား..”
“အိုကေ…”
နူး အခန်းထဲ၀င်ပြီးအေးဆေး ထိုင်စားနေလိုက်တာ…ပင်လယ်စာမို့ များပေမဲ့ ကုန်အောင် ၂နာရီ အချိန်ပေးပြီး စားလိုက်သည်…။
.
ည ၁၁နာရီမှ ဟန် အခန်းထဲ ၀င်လာတော့ ဒင်းက အိပ်နေပြီ…မိန်းကလေး တစ်ယောက်ဆိုတာထက် မိန်းမဆိုး တစ်ယောက်ဆိုပိုမှန်မှာ…အမြင်မတော်လို့ စောင်ကို ကိုယ်ပေါ်ပစ်တင်ပေးလိုက်ခါ..စားပွဲ ခုံကို သွားကြည့်တော့ ပန်းကန် အားလုံး အပြောင်ပဲ  ပန်းကန်တစ်ခု ထဲက ငါးအရိုးတွေ ပုဇွန်အခွံတွေက ဟန် ကို လှောင်နေသလိုလို…။အခုချိန် ဘယ်က စားစရာ ရမလည်း..အပြင်လည်း မထွက်ချင်တော့ဘူး..ဗိုက်မှောက်ပြီး အိပ်နေရင်း..ဘေးက ဒင်းကို သတိရတော့ ဒေါသထွက်ပြီး လည်ပင်း ထညစ်ချင်လာသည်..။
“တောက်…ဗြိတ္တာမ…”
..
နူး…ကုတင်ပေါ်မှာ မျက်လုံးမှိတ်ထားပေမဲ့ အပြုံးလေး တစ်ပွင့်တော့ တင်သွားခဲ့သည်..ဘာပဲ ဖြစ်ဖြစ် ပျော်စရာတော့ ကောင်းသား..ကျေးဇူးပါ..ဒီဒိ..ဘ၀ဆိုတာ တစိမ်းတွေနဲ့လည်း ပြုံးလို့ရတယ်ဆိုတာ…သိခွင့်ရသွားပါပြီ..။
.
ချောင်းသာမှာ သုံးရက်နေပြီး..ရန်ကုန်ပြန်ရောက်တော့ အိမ်အသစ်ကို တန်းပြီးသွား၇တာ..ဟန် အတွက် နည်းနည်း ခက်ပေမဲ့ လူကြီးတွေ မရှိပဲ သူ့နဲ့ နေခွင့်ရတာ  မဟာကုသိုလ်ပဲ မလား..။
ရောက်တာနဲ့ ပြသာနာ စမယ်လေတွးထားတာ..အခု စ တာ သူ က အရင်….
“အဟန်.ဒီနေ့ မင်္ဂလာဆောင်သွားရမယ် အဲဒါ လိုက်ခဲ့နော်…”
“ငါ ကဘာလို့ လိုက်ရမလည်း..”
“ဟာ..နှစ်ယောက်စလုံးဖိတ်တော့ အဟန်ပါ လိုက်မှ ရမှာပေါ့..”
“ယူထားတာ ရက်ပဲ ရှိသးတယ်..ဘာကိစ္စ ပွဲ တူတူတက် ရမှာလည်း..မင်း နဲ့ ဘယ်မှ မသွားချင်ဘူး..”
“ရတယ်လေ..ပါ ကို ခေါ်သွားမယ်..”
“ဘာ..မင်း..”
“ဟုတ်တယ်လေ..အဖော်မပါပဲ ညဘက်တစ်ယောက်တည်း မသွားရဲပါဘူး..”
ဖြစ်ပြန်ပြီ..သူ့လို ဘီလူးမ က အသည်းငယ်သွားတာ ချက်ချင်း..
.
“မင်း နဲ့ သွားရတာ ရှက်ဖို့ကောင်းတယ်ကွာ..မျက်နှာ ကို ရိုးရိုးပြင်လို့မရဘူးလား..”
“မရဘူး..ဒီလိုပဲ ပြင်တက်တာ..”
“တော်ပြီလာ ၀င်မယ်..” ဟန် အ၀င် အ၀ က မင်္ဂလာ စုံတွဲ ကို တွေ့တာ့  မျက်လုံးကို မယုံနိုင်..။
“ဟင်…တာ…”
“အဟက်…တာ မြန်တယ်နော်..မထင်ရဘူး..”
“တာ…ဒါ…”တာ က လှလှလေးပြုံးပြပြီး..”ဒါ တာ အမျိုးသားလေတဲ့”…ဟန်ရင်ထဲမှာ မုန်တိုင်းဖြစ်သွားသည်…
ဒါဆို တာ နဲ့ တကယ်ဝေးပြိးပေါ့ တာ ကိုလည်း  အပြစ်မတင်ပါဘူး..ဟန် က အရင်စပြီး ထားသွားခဲ့တာပါ..တာ ကို ကိုမေ့ပြီး ပျော်နေရင် ကို ကျေနပ်ပါတယ် တာရယ်..။
“သတိုးသားလောင်း က မိန်းမ အကြောင်း သေချာ စုံစမ်းခဲ့ရဲ့လား..”
“ခင်ဗျာ..” သတိုးသားက နူး စကားကြောင့် နောက်တစ်ခေါက်ပြန်မေးခွန်းထုတ်သည်..။
တာ ကို ကြည့်တော့ မျက်ရည်ဝဲနေပြီလေ….
ဒါ ဆို တာ ဖိတ်တာတော့  ဘယ်လိုမှ မဖြစ်နိုင်ဘူး..ဒင်း တမင်တကာ လာခဲ့တာပဲ…။
“ခွင့်ပြုပါအုံး..ရောက်တာ ကြာပြီ ပြန်မလို့ လာနှုတ်ဆက်တာပါ ..နူး..လာလေ..”
“ဟုတ်ကဲ့ခင်ဗျ.လာရောက်ပေးလို့ ကျေးဇူးတင်ပါတယ်...”
နူး..နှုတ်ခမ်းမဲ့ပြုံးပြီး…သူနောက်လိုက်လာခဲ့သည်…သိတာပေါ့ ဘယ်တုန်းက နူးလို့ခေါ်ဖူးလို့လည်း..။
ကား ကို မြို့ထဲမှာမို့ စိတ်ရှိတိုင်း မောင်းလို့မရ…ဟန် လက်ကို စရင်ယာတိုင်မှာ ဆုပ်ကိုင်ထားတာ ပူနေပြီ..
အ…
ကားပေါ်က ဆင်းတော့ နူးလက်ကို ဆောင့်ဆွဲပြီး အိမ်ထဲ ခေါ်သွားတာ လူသာလဲကျရင် တရွတ်ဆွဲ သွားမှာ..
အိမ်ထဲရောက်ချိန် ခုံတွေနားမှာ ပစ်ကျတော့ နူး နဖူးနဲ့ ခုံ ဆောင့်ပြီး သွေးထွက်သွားသည်..။
“မင်း..မင်း…ငါ စိတ်ရှိတိုင်းလုပ်ရင်လေ…ဟာ…ကွာ…သေတာ့မှာပဲ..”
ဟန် နံရံကို လက်သီးနဲ့ ထိုးဖို့ရွယ်ပြီးခါမှ…သူ့ဆီ အကြည့်ရောက်သွားတာ  အမှား..ဟန် ကို ကြည့်ပြီး..ရယ်နေတာ....။
“ဖြောင်း…”နူး..မျက်နှာ လည်ထွက်ပြီး ခေါင်းပါ မူးသွားသည်..ဒါနဲ့ဆို ၂ခါ ရှိပြီ..အတာ ကြောင့်..။
ဆံပင်ကိုခါ ထုတ်လိုက်ပြီး..သေချာကြည့်ခါ ထပ်ပြုံးပြလိုက်ချိန်..ရိုက်လိုက်တုန်းက သွားနဲ့ ကိုက်မိပြီး ပေါက်သွားတဲ့ နှုတ်ခမ်းက  သွေးရောင်နဲ့ရဲနေသည်..။
“မင်း…မင်း…ထပ်ပြီး....ငါ..မုန်းတယ်..မင်း မပြုံးနဲ့..”
နူး လဲကျနေတဲ့ နေရာက ထချိန် ခေါင်းမူးသွားပေမဲ့ သူ့ရှေ့မှာ သေချာ သွားရပ်ခါ..
“ပြောစမ်း..အဟန်…အခုရိုက်တာ တာ ကြောင့်လား..ဒေါသကြောင့်လား..”
“မင်း အပြုံးကို ရွံလို့…”
“ကောင်းတယ်…ကောင်းတယ်..အတာ ကြောင့်ငါ့ အသားနာရကြည့်…အခုချက်ချင်း ဇောက်ထိုးမိုးမျှော် လုပ်ပစ်မှာ..မလုပ်နိုင်ဘူး..မထင်လိုက်နဲ့…ဟား..ဟား..”
သူရဲ့ စကားတွေထက် နဖူးက စီးကျလာတဲ့ သွေးကြောင့် ဟန် ဒေါသလျော့ သွားသည်..။
ဒီမိန်းမ တာ ကို ဘာလို့ အဲလောက်မုန်းရတာလည်း…မျက်နှာ တခြမ်းက နဖူးက စီးကျနေတဲ့ သွေးကြောင့် အနီ စီးချောင်းနဲ့ နှုတ်ခမ်းမှာလည်း သွေးထွက်နေတာတောင် မလျော့ပဲ ချိန်းချောက်နေတာ..
ဟန် ဘာမှ မပြောပဲ ရေချိုးခန်းထဲ ၀င်သွားလိုက်သည်..ရေချိုးလိုက်မှ ဒီဒေါသတွေ လျော့မှာ….။
ဟန် အခန်းထဲ ပြန်ရောက်တော့ မှန်ရှေ့မှာ ဆံပင်ဖွာလန်ကြဲကို စုချည်ထားပြီး နဖူး က ဒဏ်ရာကို ဆေးထည့်နေတာတွ့သည်..။
သူ့နေရာမှာ တခြားမိန်းကလေးဆိုရင် တောင်းပန်မိမှာ..အခုတော့ ကျောခိုင်းပြိး ဧည့်ခန်းမှာtv ထိုင်ကြည့် နေလိုက်သည်..။
.
“သား..အဆင်ပြေရဲ့လား..”
“ပြေပါတယ်..ဒါပေမဲ့ ထမင်းမစားရသေးလို့ လာစားတာ..”
“ဟယ် ၁၀နာရီ ကို ထမင်းမစားရသေးဘူး..နူး က ဘာလုပ်နေလို့တုန်း..”မာမီက ထမင်းထည့်ပေးရင်း ပြောတော့
“နူး ချက်တာ မစားနိုင်ရင် မင်းဒီမှာလာစား..သူ့ကိုတော့ ဖိအားမပေးနဲ့..” ပါ က နူးဘက်ကချည်း..ဟန် ဘယ်လောက် လုပ်ထားလည်း သိရင်တော့….ကောင်းတယ် လူကြီးတွေနဲ့ တူတူ မနေရတာ .တစ်ကွက်သာတယ်...။
“မင်း..စားပြီး..မြန်မြန် ပြန်..နောက်ဆို နူးကို တစ်ယောက်တည်း မထားခဲ့နဲ့..”
“ဟာ..ဟန်..အလုပ်သွားလည်း ထားခဲ့ရတာပဲလေ..အခု ရောက်တာတောင် မကြာသေးဘူး..ပါ က နှင်နေပြီ..”
“မိန်းကလေး တစ်ယောက်တည်း..ကြောက်နေတော့..”ဟန် ပြုံးပြီး ထမင်းဆက်စားလိုက်သည်..သူ လား..ကြောက်မှာ…။
ဟန် အခန်းထဲ ပြန်ရောက်တော့ ည ၁၁နာရီ ကျော်နေပြိ အပေါ် အကျီ င်္ ချိတ်ရင်းမျက်လုံးက အလိုလို ရောက်သွားတော့ အမြင်မတော်ရပြန်ပြီ..နဖူးက သွေးတွေ ပြန်စီးကျနေတာ ကပ်ထားတာ အနာ နဲ့ တလွဲ..။
တစ်ရှုးတွေ ဆွဲထုတ် သူ့ အနား အလိုလိုရောက်သွားပြီး သုတ်ပေးချိန် မထင်မှတ်ထားသော..
အ..
ဟန် ပါးစပ်က အသံထွက်အော်မိသလို တစ်ခဏအတွင်း သူ့အောက်ရောက်သွားခါ လက်ကို လိမ်ထားသော နူးက အပေါ်မှာ..။
“အ…အ…လက်ကျိုးတော့မယ်..”
“ဟင်…အဟန်…sorry..sorry..”
“ရရဲ့လား..လက်က အိပ်နေတုန်း လာထိရင် အကျင့်ပါနေလို့..”
“မင်း.မျက်နှာကို သုတ်လိုက်အုံး..ကပ်ထားတာက အနာနဲ့ တလွဲ..”
ဟန် လက်နာပေမဲ့ အရှက်ပြေပြောရသည်..ဒီ ဒဏ်ရာကလည်း ကိုယ့်ကြောင့် ဖြစ်ထားတာ..
“အော်..အိပ်ရင်းနဲ့ ရွေ့သွားတာ ဖြစ်မယ်..”ပြောရင်း..မှန်တင်ခုံရှေ့ရောက်သွားခါ ပလပ်စတာ အသစ်ပြန်ကပ်သည်..။
“အဟန်..ဒီမှာ အိပ်မှာမလား..နူး..အပြင်ထွက် အိပ်ပေးရမလား..”
“မလိုပါဘူး..မင်းအတူတူ မအိပ်ချင်ရင်တော့ အပြင်ထွက်အိပ်ပေါ့..”
ဘယ်လိုကြီးလည်း..နူး စဉ်းစားရင်း ပြုံးမိသည်..။
“အိုကေ…”
ပြောပြီး..ကုတင်ပေါ်ပြန်ရောက်နေပြီ ..ပါ က ပြန်ခါနီး နူးမှာ အဖွားမရှိတော့ အားငယ်နေမှာ ဂရုစိုက်တဲ့လေ..
“မင်း…ထမင်းစားပြီးပြီလား..”
“မစားရသေးဘူး..”
“ဒီအချိန်ထိ..”
“ဟုတ်တယ်.. …နူး မနက်မှ စျေးသွားပြီး..အဟန် အတွက် ကောင်းကောင်း..ချက်ပေးမယ်နော်..”
“ငါ အတွက်မလိုပါဘူး..အိမ်မှာစားခဲ့ပြီ..”
“သိတယ်လေ..အဲဒါကြောင့် မနက်မှ ချက်မယ်ပြောတာပေါ့…” ပြောနေတဲ့ပုံ က ဟန်မစားရသေးရင် သူက အခု ထချက်ကျွေးမဲ့ပုံပဲ…။
ထမင်း မစားရသေးတာ သူ့ဗိုက်နဲ့ သူ့အကြောင်းမို့  ဟန်လည်း မီးမှိတ်ပြီး ကျောခိုင်း အိပ်လိုက်သည်…။
.
“ဟေ့ကောင်..ဟန် ဝိုင်းတွေပါတွေ လာလို့ပါလား…”
“ကြည့်ရတာတော့..မိန်းမကို ပွဲ ကြမ်းပြီး နိုင်သွားလို့ ဖြစ်မယ်..”
“ဟုတ်လား..ဘယ်လိုလည်း..အမုန်းတွေ ကျေသွားပြီလား..”
“တော်ကြစမ်းပါကွာ…ဘာမှ လုပ်လို့မရအောင် ဖြစ်နေတာ်..”
“ဘယ်လို....”
“လက်ပါ ပြီး နိပ်စက်တောင် မမှုဘူး..သူကလည်း..ကရာတေး..တက်တယ်ကွ..စိတ်ဓာတ်ကလည်း..မာကျော လိုက်တာကွာ..”
“ဟားဟား..သေလိုက်ပါတော့ ဟန်ရာ..”
“ငါတို့ မင်္ဂလာဆောင်မှာ  ပြောရသေးတယ်..သတိုးသမီးက ဖိုက်တာပုံစံ ပြင် ထားလို့ ဟားဟား..’”
“မိန်းကလေးဆိုတာ နူးနူးညံညံ ဖြစ်ရမှာ..အခုလို ကြမ်းတမ်းနေတော့ ငါ ဘယ်လို လုပ်ရမလည်း..”
“စိတ်ဓာတ်မာကျော သူကို မေတ္တာနဲ့ ပဲ အနိုင်ယူလို့ရတယ်တဲ့ကွ..”ဥက္ကာ က ထပြောတာ စကားက တလွဲ..
“အင်း..စပြီး..တရားဟောပြီ..”စိုးမိုးက ကျောခိုင်းပြီး မျက်စပစ်ပြသည်..။
“ငါ က သူ့ကို ချစ်ချင်တာ မဟုတ်ဘူး..ငါ ခံစားရသလို ပြန်ခံစားရအောင် လုပ်ချင်တာ..”
“အဲဒါများ လွယ်လွယ်လေး..သူက ယောင်္ကျားဆန်နေတော့ မင်းက မိန်းမ မာယာ ပြန်သုံးလိုက်ပေါ့ကွာ..”
“ဘယ်လိုလည်း..”
“မိန်းကလေးတွေ လှည့်စားချင်ရင် ချစ်ချင်ယောင်ဆောင် ကြတယ်လေ..မင်းလည်း အဲလိုလုပ်ပေါ့ သူ ပစ်ကျလာမှ ခုတ်လိုက်..”
“အလုပ်ဖြစ်ပါ့မလား..”
“မသေချာဘူး..အဲလို မျိုး ဆို ရုပ်ရှင်တွေထဲမှာတော့ ညားသွားကြတာများသား..”
“ဟ..သူတို့က ညားပြီးသားလေ..”
“ထပ်ညားကြမှာပေါ့ကွာ..”
“မင်းတို့ကလည်းကွာ..တော်ပြီ…..” ဟန် တစ်လမ်းလုံးစဉ်းစားလာတာ ဒီနည်းကပဲ အလုပ်ဖြစ်နိုင်တာမို့..။
..
“မင်းက ဘယ်လည်း..”တစ်ကိုယ်လုံး အနက်၀တ်စုံ မျက်စိရှုပ်စရာတွေနဲ့ ထွက်လာတော့ မေးမိတာ..။
“DJ ရှိုး ရှိတယ်လေ.လက်မှတ်နှစ်စောင်ဆိုတော့..အဟန် လိုက်ချင်လည်း လိုက်လို့ရတယ်နော်…”
“မိန်းကလေးနဲ့ ဒါတွေနဲ့ ဆိုင်လား..အေးလေ..မင်းကတော့ ဆိုင်မှာပေါ့..”
“အဟန် ကလည်း..DJ ပွဲလေးသွားတာနဲ့ လူ က ဖဦးထုတ် မဖြစ်ပါဘူး..ပြီးတော့ မ မ၀င်ရ လို့ ရေးထားလို့လား..”
“တော်တော့ မသွားနဲ့ ဆို မသွားနဲ့..ပေး..လက်မှတ်..”ဟန် လက်မှတ် နှစ်စောင်လုံးကို ဆွဲဖြဲ ပစ်လိုက်သည်..သူ လုပ်ချင်တာ မှန်သမျှ ဖျက်စီးပစ်ရမယ်..ဟန် သူ ကို ကြည့်လိုက်တော့ ..ပြုံးပြန်ပြီ…တောက်…။

အရေးအသားမကောင်းတာသိပေမဲ့
ရေးမိနေတုန်း 💔
အစက မတင်တော့ဘူး😭
ဘူမှဖတ်ဘူးလို့တွေးနေတာ💔
ကွန့်မန့်မှာ ၅တင်သေးဘူးလားမေးလာတော့ အားရှိသွားပြီးတင်မိပြန်ပြိ..❤❤❤💪💪
ကွန့်မန့်တစ်ခုက ဒီလို အားဖြစ်စေတာပါဆို ❤💪❤💪love u all ❤

ဖတ်ပးတဲ့သူအားလုံး
ကျေးဇူးအထူးတင်ပါတယ်နော် ❤💪❤

စည်းဆူး Where stories live. Discover now