Part 9

2.6K 102 0
                                    

စည်းဆူး
အပိုင်း(၉)
#စည်းဆူးစပိုက်ကာ

“အမလေး…လန့်လိုက်တာ…”
“ဘယ်လို ဖြစ်လို့ ဒိလောက် ဖြစ်နေတာလည်း.. ကနာမငြိမ်ဘူး..”
ဟန် ညက ပြန်ရောက်တော့လည်း..တစ်ခါအော်တယ် လန့်လို့တဲ့…
ရေချိုးပြီး အခန်းထဲ ၀င်ပြန်တော့ လန့်ပြန်ပြီတဲ့..တစ်ညလုံး လန့်လို့ မပြီးသေး နောက်ရက်တွေပါ ဆက်လန့်နေတာ…ပိုလွန်းတယ်..။
“ဟန်..ထမင်းစားတော့ မလား..”
“ထမင်းစားဖို့ ပြန်လာတာလေ..”
“အင်း..ခဏနော်…သွားလုပ်လိုက်အုံးမယ်..”ကြောင်တောင်တောင်နဲ့ အိမ်ရှေ့ တံခါးအရင်သွားပိတ်ပြီးမှ မီးဖိုခန်း၀င်သွားတာလည်း..ဟိုရှောင်ဒီကွေ့..။
“ကျွတ်..ဘာတွေ ဖြစ်မှန်းကို မသိဘူး..”
“နူး..ရပြီလား…”
“အော် အင်း…ပြီးတာ ကြာပြီလေ…”
“ဟာ..ဘာတွေဖြစ်နေတာလည်း..ကို မစောင့်နိုင်လို့ ၀င်လာတော့မှ ပြီးတာ ကြာပြီဆိုတော့..”
“တွေးကြောက်လို့..ဟုတ်တယ်…တွေးပြီးကြောက်နေလို့ပါ..”သူလိုမိန်းမက ကြောက်နေတယ်ဆိုတော့ ဟန် စိတ်လှုပ်ရှားမိ သွားသည်..။
“ကြောက်လို့..ဟုတ်လား…ဟိုနေ့ည က ဘာတွေဖြစ်လို့လည်း....”
“ ဘာမှ မဖြစ်ပါဘူး..ဒီတိုင်းကြောက်နေတာ..ကို ထမင်းစားလိုက်တော့လေ..”
“ဟင်..”ဟန် ထိုင်နေရင်းခေါင်းလှည့်ကြည့်နေပေမဲ့ သူက ဟင်းပန်းကန်ထဲ ဟင်းခပ်ထည့်နေတာ အသက်မပါ..
ခေါ်သွားတာလည်း..ကို တဲ့ ..တကယ်ကြောက်လန့်ပြီး သွေးပျက်သွားပြီလား..။
“နူး..လာအုံး…”
“ဘာလို လို့လည်း..”
“ဟင်း ထည့်..”
“အင်း..” ယူပြီးထွက်သွားတာ ထမင်းပန်းကန်..။
“နူး…”ဟန်ခေါ်လိုက်တော့မှ သတိ ၀င်လာသလို ထမင်းပန်းကန်ကို ကြည့်ပြီး..ပြန်ယူလာချသည်..။
ဟန် မတ်တက်ရပ်လိုက်ပြီး…သူကို ဆွဲဖက်ထားလိုက်သည်…။
မဟုတ်ရင်…တစ်နေ့ကုန် ဘာတွေ လျှောက်လုပ်နေမလည်း မသိ..။
“ဟန်..”
“ကို ပဲ ခေါ်လေ..”
“ဟင်..” နူးသတိ၀င်လာတော့ လူက သူရင်ခွင်ထဲမှာ ဘယ်လိုဖြစ်ပြီး..ရောက်နေမှန်းတောင် မသိ..။
ငုံ့ကျလာတဲ့ သူ့မျက်နှာကို မရှောင်ချင်တော့..။
လိုနေတာ နွေးထွေးမှု တစ်ခု ဘယ်က ဘယ်လိုဖြစ်ဖြစ်..တမ်းတနေမိတာလေ..အခုလိုရလာတော့ မက်မက်မောမော…။
“ကို သွားတော့မယ်..အိမ်တံခါးတွေ ပြန်ပိတ်ထားအုံး..”
“အင်း..ဟန် ညနေကျရင် တစ်ခါတည်း ပြန်လာပါလား”
“မာမီ တို့ဆီ မသွားရဘူးလား..”
“သွားမယ်လေ..နူး..လည်းလိုက်ချင်လို့..”
“အိုကေလေ..၀င်ခေါ်မယ်..” နူး အားကိုးတကြီး ခေါင်းငြိမ့်လိုက်မိသည်..။
“အော်..မေ့လို့..”ပြန်လှည့်လာပြီး..နူး..နှုတ်ခမ်းက  မထိတထိ နမ်းပြီး ထွက်သွားသည်..။
ဘာလည်း..စောနက တစ်ခါ အခုတစ်ခါ..နူး.စိုးရိမ်စိတ်
ကြောက်လန့်မှုမှာ ကြည်နူးမှုနေရာယူတော့  ပြုံးမိသည်။ .
.
နူး..ညနေကတည်းက မာမီတို့ဆီ သွားချင်ပေမဲ့ ဟန် ပြန်မလာသေးတော့ စောင့်နေရသည်..။
အိမ်မှာ တစ်ယောက်တည်းနေရတာ အဆင်မပြေလို့ မာမီတို့ဆီမှာသွားနေချင်ပေမဲ့ အပြင်ထွက် ကားမငှားရဲ..
တစ်ယောက်ယောက်စောင့်ကြည့်နေမှာ နူးသိသည်..။
ဟန်ကို ညနေ လာခေါ်ပါ ပြောထားပေမဲ့ အခု နေတောင် ၀င်တော့မယ်…ပြန်မလာသေးဘူး..။
“ဟလို..ဟန်လား..”
“မဟုတ်ပါဘူး…ဟိဟိ..”
“ဘာလည်း..”နူး ဖုန်းကို နားက ခွါပြီး နှိပ်ထားတဲ့ နံပါတ်သေချာအောင်ပြန်ငုံကြည့်ရသည်..။
“ဟန် ဖုန်းမလား..ဟန် ဘယ်မှာလည်း..”အသံမာမာ နဲ့ ပြောလိုက်တော့..
“ကို ပါ ပြော…”
“စောစောက မိန်းမအသံက..”
“ဒါလား..အဲဒါ အရေးမကြီးပါဘူး..ခု ဘာပြောမလို့လည်း..”
“ကို မြန်မြန်လုပ်နော်..အကြာကြီး စောင့်နိုင်ဘူး..အင်းပါဘေဘီ ခဏပဲ..”
နူး ဖုန်းချပစ်လိုက်သည်..။
ကြောက်နေတဲ့ စိတ်တွေ ပျောက်သွားပြီး…အေးစက်တဲ့ သွေးတွေ ပြန်စီးဆင်းလာသည်..။
ဘယ်သူကို အားကိုးချင်တာလည်း…နူး…ဘယ်သူမှ မရှိဘူး…။
အားငယ်စိတ်တွေပျောက်ပြီး ပြန်မာကျောလာသည်..
ကုတ်အိတ်ထဲက စာရွက်ကို ထုတ်ပြီး..နံပါတ်တွေအတိုင်း လက်တွေရွေ့ခါ…
“ဟလို…”
“ဟလို..ကျော်စိုးလား..”နူးပြောပြီးခါမှ ကိုကျော်စိုးလို့ ခေါ်ဖို့ သတိရသည် နောက်ကျသွားပြီထားလိုက်တော့..
“ဟုတ်ပါတယ်..ဘယ်သူလည်း..”
“ကျွန်မပြောလည်း သိမှာမဟုတ်ပါဘူး..ဒါပေမဲ့ လူတစ်ယောက်  အကြောင်း စုံစမ်းချင်လို့ပါ..”
“လောက မှာ အလကားတော့ ဘာမှမရဘူးလေကွယ်..”
“ဟုတ်ကဲ့ သိပါတယ်..ဘယ်လောက်ပေးရမလည်း..”
“စုံစမ်းရမဲ့ လူအပေါ်မူတည်တယ်..”
“ဇွဲနိုင်..”ဟိုဖက်ဖုန်းက အသံ ခဏတိတ်သွားသည်..။
“ထိုင်းအထိသွားရမှာဆိုတော့..၁၀လောက်မှ ဖြစ်မယ်..ရမလား..”
“ရတယ်..ဘဏ်အကောင့် ပြောခဲ့ပါ..ကျွန်မ ပို့လိုက်မယ်..”နူး သက်ပြင်းချမိသည်..ရှာပေးမယ်ဆိုတာပဲ ကျေးဇူးတင်လှပါပြီ..။
“ဇွဲနိုင်နဲ့ ဘယ်လို ပတ်သက်လည်း..”
“ပါဆင်နယ် ကိစ္စပါ..ဘဏ်ထဲ ငွေစ စ်ပြီးမှ အလုပ်စပေးပါ…”နူးဖုန်းချလိုက်ပြီး..မျက်ရည်ဝဲတက်လာတာကိုမျက်တောင်နဲ့ ပုတ်ခတ် ထုတ်ရင်း.
လူစီကို ကောက်ချီလိုက်သည်..။
ဟုတ်တယ် နင်တို့ရှိလို့..လိမ်မာတယ်…လာ..ပူစီလည်းလာ….။
.
ဟန်  အလုပ်ပြီးတာနဲ့ ချက်ချင်း ကားပေါ်ရောက်နေပြီ…
အပြန်လမ်းမှာ မီိးပွိုင့်ကြောင့် လမ်းက ကြပ် ကားက ရပ် နေရသည်..။
တာ ကို ဒီတစ်ခါ မမျှော်ပဲနဲ့ တွေ့ ရတော့ ပို တမ်းတမိခါ အနားပြေးသွားချင်သည်..။
တာ က လည်း တစ်ယောက်တည်း ရပ်နေတာမို့ ကားရပ်ထားခဲ့ခါ
ဟန် အနားရောက်ခါနီးမှ..တာ ရဲ့ ပိုင်သူက အနားရောက်လာပြီး..လက်ဆွဲခေါ်သွားသည်..။
တာ ကို နှုတ်ဆက်ခွင့်လည်း မရသလို ငေးခွင့်လေးတောင် ကြာကြာမရ..
နူး အတွက် စိုးရိမ်နေတဲ့ စိတ်တွေကနေ..တဖြည်းဖြည်းလျော့ပါးလာခါ..မုန်းတီးလာသည်..။
ဟုတ်တယ်..သူ့ကြောင့်..ဝေးခဲ့ရတာ..။
ဘာလို့ သူ့ကို စိုးရိမ် ရမှာလည်း.သူ.အခုလို ခံစားနေရချိန် ဟန် ဆိုတဲ့ ကောင် အရသာခံပြီး ကောင်းကောင်းထိုင် ဟားသင့်တာ…
ငတုံးကောင်…။
.
“ဟန်..ပြန်လာပြီလား..နောက်ကျလိုက်တာ..”
“အင်း..ကောင်မလေးတွေ ဆွဲဆောင်ကောင်းလို့..”
နး ကောင်းကောင်းမွန်မွန် ပြောပေမဲ့ သူက ကန့်လန့်..
“ထမင်းစားတော့မလား..”
“စားခဲ့ပြီ..” နူး ထပ်မပြောတော့ပဲ..အခန်းထဲ ၀င်လာလိုက်သည်..။
ဟန် ထိုင်အုံးမယ် ထင်ပေမဲ့..အခန်းထဲ၀င်လာခါ..
နူးနောက်ကနေ ဖက်ထားတော့ ရင်တွေခုန်လာပြန်သည်..။
သူ နမ်းပြန်ပြီ…
“ဟန်…ချစ်လားဟင်..”
“ကိုပြောထားတယ်လေ မချစ်ပါဘူးဆို..”
“ဟာ…အဲဒါဆို..”
“ရွံလို့ပါဆို..”
“ရွံရင် မထိနဲ့..”နူးအော်လိုက်ပြီး..ကိုယ်ပေါ်မှာ အုပ်မိုးနေတဲ့ သူကိုယ်ကို တွန်းချပစ်လိုက်သည်..။
ဟန် က နူးဘေးကို ကျသွားပေမဲ့ ပြန်ထိုင်လိုက်ခါ..ပြုံးကြည့်တော့ နူးလည်း ထထိုင်လိုက်သည်..။
“ကို မိန်းမ ယူထားတာ အလှထိုင်ကြည့်ဖို့မှ မဟုတ်တာ..”
“ယောင်္ကျားကောင်းဆို မချစ်ပဲနဲ့ အခုလို မပတ်သက်သင့်ဘူး..”
“ဟား…ယောကျာင်္းတွေမှာ ချစ်တာနဲ့ မချစ်တာ မခွဲဘူး.. မိန်းမအားလုံး ခံစားလို့ရတယ်..နူးလို မိန်းမမျိုးလည်း..ခံစားလို့ရတယ်”
“မချစ်ရင် မထိနဲ့..အာ..နင် မပြုံးနဲ့ ငါ မုန်းတယ်.ထွက်သွား. ..”နူး..စိတ်ကုန်လာပြီ..ပြီးတော့ ပင်ပန်းနေပါပြီ…။
“ဟား..ဟား…လွယ်လိုက်တာကွာ..ကို ပြောခဲ့သားပဲ..မလွယ်ပါဘူးလို့..”ပြုံးပြီးပြောနေတာကို မုန်းတယ်....။
“ကို နဲ့ တာ လေ..အရမ်းချစ်ကြတာ..နူးကို တောင်းပန်ပြီးတော့ ပြောခဲ့ပေမဲ့…မရခဲ့ဘူး..အခု နူးက ကွာပေးဖို့ ဒူးထောက် ပြောရင်တောင် မရဘူး…ဟားဟား..”လွမ်းရိပ်သန်းနေတဲ့ မျက်၀န်းတွေနဲ့ အော်ရယ်နေတာ အသက်မပါလှမှန်းသိပေမဲ့..ဟန် သူ့ရှေ့မှာ ရယ်နေရမှ ကျေနပ်မှာ..။
“အတာ ကို ဒီလောက်မက်တာလား..ဟား..ဟား..သေသင့်တယ်…ဟန်..”နူး အော်ရယ်လိုက်တော့ဟန်က ပြုံးနေဆဲ…ဟန်ဘာလို့ ဒီလိုတွေ ပြုံးတက်သွားတာလည်း..
“ဟုတ်တယ်  တာက …နူး..လို မိန်းမ  အယောက်၁၀၀ထက်သာတယ်…သန့်သန့်လေး…နူးကတော့ မသန့်ဘူး..ရွံစရာ. နူး တန်ဖိုးက ကို အတွက် သုည .အဲတော့ တာ ကို တန်ဖိုးထား တမ်းတာမိတာ ဆန်းလား…”
“….မသန့်ဘူးဆိုတာ ဘာလည်း.ငါ က မှ အပျိုစစ်သေးတယ်...နင် သိတဲ့ အတာ ကရော သန့်သလား.ယောက်င်္ကျားတကာ နဲ့....”
“ဖြောင်း..”ဟန် စိတ်ထိန်းနေတဲ့ ကြားက မရပ်တန့်နိုင် သူ့ ပါးစပ်က တာ ကို စော်ကားတိုင်း ဒေါသထွက်သည်..ရိုက်လည်း..သူ ဘာမှ မဖြစ်တာ သိပေမဲ့..
နူး မျက်လုံးပြာပြိး လည်ထွက်သွားသည်..ကျိန်းစပ်သွားတဲ့ ပါးကို လက်နဲ့ ယောင်ရမ်းစမ်းမိသည်..ပူနေဆဲ…
“ဖြန်း…”ဟန် ဘယ်လိုမှ မရှောင်နိုင်ခင် နူးဆီက ရိုက်ချက်က ပါးပေါ်မှာ နေရာတကျ…
ကိုယ်ရိုက်တုန်းက လက်နာ ရုံသာ..နူးပြန်ရိုက်တော့ ဟန် မျက်လုံးပါ ပြာသွားသည်…
မိန်းမ တစ်ယောက် လက် အား က ဒီလောက်ပြင်းမယ် မထင်ခဲ့..ယောင်္ကျားမာနကြောင့် ဘယ်လိုမှ လက်မခံနိုင်..။
“တာကြောင့် ရိုက်ရင် မခံဘူး ..ပြောပြီးသား..”နူး…ပြောလိုက်တော့ ဒေါသမျက်လုံးက အရောင်ပြောင်းသွားပေမဲ့..ဘာမှန်းတော့ သေချာ မသိ
ကောင်းတယ်..နူး..မင်းနဲ့ ငါ မပြိးဆုံးမှုတွေ အများကြီး ကျန်နေတယ်..
“ဟား..ဟား..နူး..ရယ်..”နူး..လက်နှစ်ဖက်လုံးကို သူ့လက်တစ်ဖက်ထဲနဲ့ ဆုပ်ကိုင်ထားတာ..ဘယ်လိုမှ လှုပ်မရအောင်..အားပါလှသည်..။
“မလုပ်နဲ့…အ..”လူးလွန့် ရုန်းကန်နေပေမဲ့....တာကြောင့် ဆိုတဲ့ အသိက မျက်ရည် ဖြစ်သွားစေသည်..
ဒီတစ်ခါတော့ မျက်ရည်တွေကို နူး..မတားဆီးချင်..ကျပါစေတော့..အမှန်ဆိုလို့ မျက်ရည်တွေပဲရှိတော့တာ…။
.
“မောနင်း..မိန်းမ..”
နာကျင်မှုနဲ့ ဝေဒနာ အသစ်ကြောင့် ဆက်လဲ နေချင်ပေမဲ့..ဟန် ၀မ်းသာမှာ မလိုချင်..
“အင်း..နိုးပြီလား..ဟန်…ဒီနေ့ မနက်စာ ဘာစားမလည်း..”
“နို့ ကြက်ဥ ပေါင့်မုန့် ထောပတ်..ဟား..ဟား..” ဟန်ရယ်လိုက်တော့ နူးလည်းလိုက်ပြုံးလိုက်ရင်း ကုတင်ပေါ်မှ ထထိုင်လိုက်သည်..။
“..ပိုက်ဆံ ပေးရအုံးမလား..”
“ကျန်သေးတယ်..မယူတော့ဘူး..”နူး..နှလုံးသွေးပူလောင်တဲ့ အထိ ခံစားရပေမဲ့ နှုတ်ခမ်းက အပြုံးက ကျသွားလို့ မဖြစ်ဘူး..နူး..ပြုံးထားစမ်း..။
“မောနင်း..အနမ်း..”ဟန် ပြောပြီး..နူး..နှုတ်ခမ်းကို မထိ တထိ နမ်းပြီး ရေချိုးခန်း၀င်သွားသည်..။
နူး..ငိုချင်နေတာ..ဒါပေမဲ့ မငို.. မျက်ရည်တွေ တော်သင့်ပြီလေ..
စိတ်ဓာတ်လေးတွေ မပါပဲ အပြောအပြုအမှုလေးတွေနဲ့ကြည့်ရင်တော့ နူး နဲ့ ဟန် ဆိုတာ အရမ်းချစ်တဲ့ ကြင်စဦး ဇနီးမောင်နှံပေါ့လေ…တကယ်တော့ ငရဲ..။
ဘယ်သူမှ မသိပဲ အချင်းချင်း အခုလို ဟန်ဆောင်နေကြတာ....ရင်ထဲက အမုန်းတွေသက်သေ…။
တရား၀င် စိန်မခေါ်ပဲ ဖြစ်နေတဲ့ အမုန်းတိုက်ပွဲလား....
မဟုတ်ဘူး..
ဟန် တစ်ယောက်ထဲ တိုက်ခိုက်နေတဲ့ အမုန်းတိုက်ပွဲ…
နူး. သူ့ကို မမုန်းချင်ပါဘူး..ဘာလို့လည်း ဆိုတော့ နူးသိထားတဲ့ လူတွေက ဟန် ထက် ပိုကြောက်စရာကောင်းတယ်မလား...။.
.
ဟန် ခေါင်းစောင်း ပြီး ပါးဖောင်းကြည့်သည်..
ပါးက လက်ရာမရှိပေမဲ့ နီနေတုန်းပဲ ဆိုတာ မှန်ထဲက တစ်ဆင့်သိလိုက်သည်..။
ရေမချိုးသေးပဲ..ည က အဖြစ်ကို တွေးရင်းပြုံးမိသည်..။
ဒီမိန်းမ မှာ ဒီလောက် မျက်ရည် များများစားစားရှိမယ် တောင် မထင်ခဲ့ဘူး..
ငိုနေလိုက်တာ မျက်ရည်တွေ မခြောက်နိုင်အောင် အချိန်ကြာမြင့်စွာ..
ဟန် အတွက်တော့ စည်းစိမ် တစ်ခုပေါ့လေ..
သူ့ မျက်ရည်တွေက ဟန်ကို စိတ်ချမ်းသာစေတာ..အမှန်…
“ဟန်..မြန်မြန်လုပ်လေ..”အခန်း၀က နူးခေါ်သံကြားမှ ဟန် ရေစချိုးရသည်..။
“sorry..ကော်ဖီတွေ အေးကုန်ပြီလား..”
“အင်း..ပြန်နွေးပေးမယ်..”နူး ကော်ဖီ ပန်းကန် ကိုင်ပြီးထတော့..ဟန်က လက်ကိုလှမ်းကိုင်တာ အေးစက်နေသည်..။.
“နေပါစေ..မိန်းမ ပင်ပန်းမယ်..”ပြုံးပြီး ပြောနေတာ အပြုံးစစ်နဲ့ ခွဲမရအောင်တူလှသည်..။
“ရပါတယ်..ဖျော်ပြီးသား..ခွက်လဲရုံလေးပဲ..”
“အိုကေ..”
“ဟင်..လူစီလေး.တော်တော်စပ်စုတာပဲ..”ဟန် က လူစီ ကို ကောက်ချီပြီး..ပါးနဲ့ ပွတ်တိုက်ခါ ပြောနေတော့ ဖြူဖြူစင်စင်လေး.. နူးကြည့်ရင်း အပြုံးတစ်ခု မျက်နှာမှာ တင်သွားသည်..။
“ရပြီ..ဒီမှာ..လက်သွားဆေးအုံးလေ..”
နူးပြောတာကို ပြုံးကြည့်နေတဲ့ဟန်….
မသိခင်အချိန်ကဆို ရင်ခုန်နှုန်းတွေ မြန်မိပေမဲ့ အခုတော့ အပြုံးစစ် မဟုတ်မှန်းသိပါပြီ..။
“မဆေးတော့ပါဘူး..ကော်ဖီ သောက်ရုံပဲ..မုန့်ကတော့ နူးခွံ့ ပေး..”
“ဟမ်..”နူး..အံသြမိသည်..ခွံ့ပေးတဲ့..ဒါလည်း..အစစ်မှ မဟုတ်တာ။
“ရွံတယ်ဆို…”နူး သူ့စကားကို အမှတ်ရသေးကြောင်း ပြလိုက်တာူ..
“အင်း..နေပါစေ…လက်ဆေးလိုက်တာပဲ ကောင်းပါတယ်လေ..”
ဟန် က လက်သွားဆေးခါ ပြန်လာထိုင်သည်….။
“အော်မေ့နေတာ..ရော့ မိန်းမ ဖို့..”အိတ်တစ်လုံးခုံပေါ်တင်လိုက်တော့.နူး လည်း လိုက်ကြည့်နေမိသည်..။
“ဖွင့်ကြည့်လေ..”နူး ကောက်ပြီး ဖွင့်ကြည့်တော့ ဖုန်းဘူးလေးမှန်းသိလိုက်သည်..။
“ဒီမှာ ကို ပြမယ်..နံပါတ် ၁  မှာ ကိုယ်နံပါတ်ထည့်ထားတယ်..ဒီလို တွေ့လား..”
“အင်း..”နူး အနားကို လိုအပ်တာထက် ပိုကပ်နေလို့ နူးနောက်ကို နည်းနည်းရွေ့လိုက်တော့..ဟန် ထလာပြိး..
“ကို တို့ ပုံရိုက်ထားမယ်လေ…လာ” နုး ပခုံးကို ဆွဲဖက်ပြီး ပါးကို နမ်းလိုက်သည်..။
“ရပြီ …အင့်..”နူးလက်ထဲ ရောက်လာတဲ့ ဖုန်းကို ကြည့်နေတုန်း..ဟန် က ကော်ဖီကို မတ်တပ်ရပ်သောက်ခါ..
“သွားတော့မယ်..နောက်ကျနေပြီ..အော်..ဒါ နှုတ်ဆက်အနမ်း..”နူး နှုတ်ခမ်းကို ထိတယ် ဆိုရုံလေးနမ်းပြီး ထွက်သွားသည်..။
ဟန် ပြုံးပြီး..လက်ထဲက ဖုန်းကို ကြည့်လိုက်သည်..
ဟားဟား..ရူးချက်…ခုထိ ဒီပုံကိုကြည့်နေတုန်းပဲလား..။
ဟန် ကြည့်နေတုန်းပဲ…ယုန်လေး ၂ကောင်ပုံ..ဟန် ဖုန်းမှာပေါ် လာသည်..။
ကောင်းတယ်..အဲဒီယုန်တွေကို မင်း မြန်မြန်နဲ့ များများ ချစ်ဖို့လိုအပ်တယ်..။
ဟန် ဖုန်းထဲက ဆော့ဝဲလ် ကို ပြန်ပိတ်လိုက်သည်..။
အရေးကြီးတာ အားလုံးသိအောင် ဖုန်းကို ဟက်ထားတာ နူး မသိနိုင်ပါ..။
ဖုန်းတစ်လုံး၀ယ်ပေးသင့်တယ် ထင်လို့ မနေ့ ကတည်း ၀ယ်လာတာ…အခုပေးတော့လည်း ကြိုက် မကြိုက်၏ တစ်ခွန်းမှ မပြောဘူး..
.
“နူး..သမီး..မနေ့က မလာတော့ အိမ်မှာ ဘာတွေ လုပ်နေလည်း..”
“ဟဲဟဲ..မနေ့ က လက်တွေ့ ချက်ပြုတ်ရတယ်လေ..”
“ဘယ်လိုလည်း..ဟန် စားတယ်မလား..”
“အင်း..”မာ ပြုံးရင်းလက်ထဲက ကန်စွန်းရွက်ကို ချလိုက်သည်..ဟန် အကြောင်း ကိုယ် က ပို သိတာမလား..
“သမီး ဟန်နဲ့ အဆင်ပြေရဲ့လား..ဟန် ကလေ စိတ်ထဲမှာ ခံစားရသမျှကို အရမ်းဟန်ဆောင်တက်တာ..အဲတော့ ဟန်ပြောတဲ့ အပြောဆိုးဆိုးတွေကို မယုံနဲ့နော်..သမီး..”
နူးပြုံးမိသည်..အမှန်ကတော့ အကျယ်ကြီး အော်ရယ် လိုက်ချင်တာပါ..လူကြီးကို လှောင်ရာ ကျမည်စိုးသောကြောင့်..။သူ ဟန်ဆောင်မှု က ကျွမ်းကျင် အဆင့် နံပါတ် ၁..။
“ဒီနေ့ဘာဟင်းချက်ရမလည်း..မာ..”
“အင်း..ဒီနေ့ ဟန် ကြိုက်တဲ့..ပုဇွန်ငရုတ်သီးပွနဲ့ ကြော်မယ်.ကန်စွန်းရွက်လည်းကြော်မယ်လေ..”
နူးက ခေါင်းငြိမ့်ပြီး..ကန်စွန်းရွက်ကို မာ သင် သလို လိုက်လုပ်နေတာ မြင်တော့ စိတ်ထဲ မကောင်းဖြစ်လာတာနဲ့..။
“သမီးရော ဘာကြိုက်လည်း..သမီကြိုက်တာလည်း ချက်မယ်လေ..”
နူးက မော့ မကြည့် ပဲ..
“နူးက ဘာဖြစ်ဖြစ်စားတာပဲ..ဟဲဟဲ ဟို တစ်ခါပြောသလို..”
နူးပြောတော့မှ မာ ပြန်တွေးပြီးရယ်မိသည်..။
ငတ်လာရင် အကုန်ကောင်းတယ်ပြောတုန်းက ကိုယ့်ဟင်းတွေ မကောင်းဘူးပြောတာ ဆိုပြီး မာ စိတ်ထဲက ဒေါသဖြစ်မိသေးသည်..။
အခုလို ချစ်စရာ စိတ်ဓာတ်လေးရှိမှန်း ကိုယ်မှ မသိခဲ့တာပဲ..။
“ဟင်..၁၁နာရီ ဖြစ်တော့မှာလား..”
“ဟုတ်တယ်..ဘာဖြစ်လို့လည်း..သမီး..”
“ဟန် ထမင်းစားပြန်ရင် နူးက ဒီရောက်နေတာ..”
“ဖုန်းဆက်ခေါ်လိုက်လေ သမီးရဲ့..”
“အင်း..အော်နေအုံး..’ဒီမှာကြည့်အုံး မာ နူးရဲ့ ယုန်လေး..”ဒေါ်မာစိုး လက်ထဲ ရောက်လာသည့် ဖုန်းကိုကြည့်လိုက်တော့ ယုန်သေးသေး ဖြူဖြူလေး နှစ်ကောင်..
“အဲဒါ ဟန် လက်ဆောင်ပေးတာလေ..”ဒေါ်မာစိုး အံသ်ြမိသည်.ဟန် ဆိုတာ လက်ဆောင်၀ယ်ပေးတက်သူမဟုတ်..
တွေးရင်း..ဖုန်းကို ဆွဲမိတော့. “ဟင်.”နူးရဲ့ ပါးကို နမ်းနေတဲ့ ဟန်…
တကယ်ချစ်တာဆို ၀မ်းသာစရာ…ဒါပေမဲ့ တစ်ခုခုတော့ လွဲနေတာမလား..။
“ဟန်..မာတို့ဆီလာခဲ့နော်..နူး..ဒီအိမ်ရောက်နေလို့…အင်း..ဒါပဲ..”
ဒေါ်မာစိုး တွေးနေတာ မရပ်သေး..ဒါ တကယ်လား..နူး ကရော…။
“မာ..ကန်စွန်းရွက် ပြီးပြီ…ဘာဆက်လုပ်မလည်း..”
“ဟင်..အော်..အဲဒါ မိနိုင် ကို သွားပေးလိုက် သူဆေးလိမ့်မယ်..”
“အင်း..”ကျောခိုင်း၀င်သွားတဲ့ နူးကို ကြည့်ပြီး ရင်လေးမိသည်..။
“မာ..ဘာတွေချက်လို့ အိမ်ခေါ်တာလည်း..”
“မခေါ်ပါဘူး…မိန်းမ ဒီရောက်နေလို့ လိုက်လာတာ မလား မသိခက်မယ်..”
“ဟီး..ဟုတ်တယ်..ဒါပေမဲ့ မာ လက်ရာလည်း လွမ်းလို့ပါ…”
“တော်စမ်းပါ..အိမ်မလာ တာ ၃၇က်ရှိပြီ..”
“ပါ က နူးကို တစ်ယောက်တည်း မထားဖို့ မှာ ထားလို့ပါ..နူးရော..မာ”
“မီးဖိုခန်းမှာ..သား..နူးကို ချစ်လား..”
“ဟင့်အင်း..”တစ်ခွန်းထဲ ပြောပြီး မီးဖိုခန်းထဲ ၀င်သွားတဲ့ ဟန်ကို ကြည့်ပြီး..ဒေါ်မာစိုး မျက်လံု့းပြူးမိသည်.
.ဒါဆို ….။
“နူး..ကို ဗိုက်ဆာပြီ..”နူး ခါးကို နောက်က သိုင်းဖက်ပြီး ပြောနေတော့ မိနိုင်ကလည်း အမြင်မတော်တာနဲ့ ထွက်သွားပြီလေ..။
“ဟန် အဲလို မလုပ်ပါနဲ့ ..ဒီမှာ လူကြီးတွေနဲ့..”နူး..သူလက်တွေကို ခွါချရင်း အိမ်ရှေ့ခန်းကိုလည်း ကြည့်ရသေးသည်..မာမီတွေ့သွားရင်တော့….။
“ဒါဆို အိမ် ပြန်ကြမယ်လေ..”
“မပြန်သေးဘူး..ပုစွန် မကြော်ရသေးဘူး..”
“အိမ်ကျကြော်လို့ရတာပဲ..”ဟန် က လက်ကို မလွတ်ပဲပြောနေတော့ နူး လည်း ဒီနေ့တော့ အိမ် မှာပဲ စာအုပ်ကြည့် ချက်ရတော့မည်..။
“မာ..နူးတို့ ပြန်အုံးမယ်..”
“ဟယ်..ဟိုကောင်လေး..ထမင်းလာစားတာဆို..ထမင်းမစားပဲ မိန်းမခေါ်ပြီး ပြန်တော့ဖို့လား..” မာမီ က ခါးထောက်မေးတော့..ဟန် ကရယ်ရင်း..
“မဟုတ်ပါဘူး..မာမီကလည်း..ဟန် ည ကျ လာစားမယ်..”
“အေးပေါ့လေ..မလိုချင်ဘူး..ဟင့်အင်း…ဒါတွေက ပိုကြောက်ဖို့ကောင်းတာ..အခုကြည့် လူကြီးရှေ့မှာ တောင် ပခုံးဖက်ပြီး..” မာမီပြောလို့ နူး ပခုံးပေါ်က ဟန် လက်ကို တွန်းချလိုက်သည်..။
“မာမီကလည်း မဖက်ပါဘူး..ပခုံးပေါ်လက်လေးတင်ရုံ…”
“ဟဲ့..ကောင်မလေး..နင့် ငါ့မြေးကို ဘာတွေလုပ်လိုက်တာလည်း.”
“ဟင်..”နူး မျက်နှာတွေပူလွန်းလို့ နီလာပါပြီ..။
“မာမီကလည်း…ဟန် မိန်းမကို တအားမစပါနဲ့ သူရှက်နေပြိ..သွားပြီ..မာမီ..မာ..”
ပခုံးဖက်ပြီး ထွက်သွားတဲ့ ဟန်ကို ကြည့်ရင်း..ဒေါ်မာစိုး..သက်ပြင်းရှည် ချမိသည်..။
......

ကျေးဇူးအထူးတင်ပါတယ်💪❤💪
မရေးတက်ရေးတက်မို့ ခွင့်လွှတ် သည်းခံ ပေးကြပါနော် ❤😍😙
ဝေဖန်ပေးပါနော် 📖🙏
စောင့်ဖတ်ပေးလို့လည်းကျေးဇူးအထူးပါ ❤💪❤
Love u all ❤

စည်းဆူး Where stories live. Discover now