Part 2

3.9K 126 4
                                    

စည်းဆူး
အပိုင်း(၂)
#စည်းဆူးစပိုက်ကာ

“အိမ်မှာ ဒီနေ့ ည စားပွဲ လုပ်မှာ… တာ လည်း လာ၇မှာနော်..”
“မလာချင်ပါဘူး..ဟန်ရယ်…မိဘတွေ မျက်စိစူးလိမ့်မယ်..”
“စူး..စရာလား.. ဟန် ဧည့်သည် က တစ်အိမ်လုံးရဲ့ ဧည့်သည်ပဲပေါ့..”
“ကို လာခေါ်မယ်နော်…ညနေ အဆင့်သင်လုပ်ထားလိုက်..”
“တာ..ကြောက်တယ်..အဲလိုပွဲမျိုး တစ်ခါမှ မသွားဖူးဘူး..အခုက မသိတဲ့ လူတွေဆိုတော့ ပိုကြောက်တယ်..”
“ဟန် ရှိတာပဲ..ပြီးတော့ ဟန် အဖွားကလည်း..တာ ကို ချစ်မှာ..ဆံပင်ကို မြင်ရင် ပိုချစ်မှာ သိလား..”
အဲလိုမျိုးပဲ ဖြစ်ပါစေ…တာ ကို မတူမတန်လို့ မောင်းထုတ်မှာ တာကြောက်သည်..။
ဟန် အကြောင်းတွေ သိလာလေ…တာ နဲ့ ဟန် ရဲ့ လက်တွေ့တွေက ပိုခြားနားလေမို့ စိတ်မကောင်း ဖြစ်မိသည်…။
“တာ…ဘာတွေတွေးနေတာလည်း..”
“ဘာမှ မဟုတ်ပါဘူး..”
“သိပါတယ်..ဘာလည်း..ပြော..”
“ဟန် နဲ့ တာ က အဆင့်အတန်း အရမ်း ကွာခြား လွန်းနေသလားလို့..”
“အဲဒါ ဘာဖြစ်လည်း…ကို က တာ ကို ချစ်တာလေ..အဆင့်အတန်းကို ချစ်တာမှ မဟုတ်တာ..”
“ကိုကတော့ မြင့်နေသူကိုး…တာ ကို ကျတော့ လူတွေ ကအပြစ်ဝိုင်းပြော ကြမှာ..”
“တာ ရယ်..အရမ်းတွေးလွန်းတာပဲ ကွာ…မျက်ခုံးကြီးကို ပြန်ဖြန့် လိုက်ပါ….မလှဘူး..”
ဟန် က တာ မျကိခုံးကို လက်နှစ်ဖက်နဲ့ ထိပြီးပြောတော့့လည်း..
တာ မှာ တွေးနေတာတွေ ပျောက်ပြီး..ပြုံးမိပြန်ပါပြီ…။
“အဲလိုမှ ပေါ့ အခုတော့ အလှဘုရင်မ ဖြစ်သွားပြီ..”
“ပိုပြီ..”
တာ ကို ဆွဲပွေ့ရင်း..နဖူးကို အနမ်း ခြွေ လိုက်တော့ မော့ ကြည့်ပြန်ပြီ မျက်လုံးလှလှ လေးတွေနဲ့..။
..
မီးရောင်စုံအောက်မှာ အားလုံးရဲ့ အကြည့်တွေက  သူမ ဆီမှာသာ…။
“ဟယ်..လှလိုက်တာ..”
“မဟုတ်ဘူး…ကျက်သရေရှိတာဟ..”
“ဟန်တို့ က ထည်လဲ တွဲခဲ့ပေမဲ့..အတည်ကျတော့ တေ်ာတော် ရွေးထုတ်ထားတာပဲ..”
“တစ်ခါတည်း..စေ့စပ်မှာလား..မသိဘူး..”
“ရုပ်မချောရင်တောင် ဆံပင်နဲ့ ပြည့်စုံနေပြီ..ရုပ်ကလေးကပါ ချောတော့ နန်းဆန်သွားပြီလေ..”
“အဲဒါကြောင့်လည်း..မင်းသားရဲ့ ကြင်ယာတော် ဖြစ်မှာပေါ့ဟ..” တစ်ယောက်တစ်မျိုးဝေဖန်နေတဲ့ အထဲမှာ ဟန်ရဲ့ ရည်းစားဟောင်း အချို့ လည်း မကင်းရာမကင်းကြောင့်မို့ ပါ၀င်နေသည်..။
.
တာ လက်ကလေးကို ဟန်က ကိုင်ပြီး တွဲ ၀င်လာတော့ အားလုံး ဝိုင်းကြည့်နေမှာ သိပေမဲ့..ဟန် ဂရုမစိုက်ပါဘူး..။
တာ မနေတက်ဖြစ်နေမလားတွေးမိပေမဲ့..ဂုဏ်ယူချင်စိတ်ကြောင့် လက်မဖြုတ်ပေးမိ..။
တာ က အဝါနုရောင် မြန်မာ၀တ်စုံလေးနဲ့ အရမ်းလှနေပြီး..ကျစ်ဆံမြီးကျစ်ခါ ခေါင်းမှာ နှင်းဆီ ဝါလေး ပန်ထားလိုက်တော့ မြင်သူတကာ ငေးကြည့်ရတာ မဆန်းပါဘူး…။
“တာ…ဒီမှာထိုင်..”ဟန်က ခုံကို ဆွဲထုတ်ပြီး..ထိုင်ခိုင်းတော့ တာ လည်း ခေါင်းငြိမ့်ပြီး ၀င်ထိုင်လိုက်သည်….။
ဟန်က လည်း တာဘေး က ခုံဆွဲ ထုတ်ပြိး ထိုင်လိုက်ခါ..
“ဒါ..ကို အဖွားလေ..ကို ကို အရမ်းချစ်တာ…ဟုတ်တယ်မလား မာမီ..”
အဖွားသာဆိုတယ်…မာမီတဲ့ ထင်သလို အသက်မကြီး..မျက်နှာ ပြင်ဆင်ပြီး ၀တ်ပုံ စားပုံက အသက် ၄၀ ကျော်သာထင်ရသည်..။
“ဟုတ်ပ..သမီးလေးက တာ ဆိုတာလား.. ချစ်စရာလေးပဲ ဆံပင် ထားတာ ကြာပြီလား..”
“ဟုတ်ကဲ့..၁၀တန်း ကတည်းကပါ..”
“ဟန် အမေနဲ့ အဖေက ဟိုစင်နားမှာ ရပ်နေတဲ့ အကျီ င်္အနီနဲ့ အတွဲလေ..”
ဟန် ညွန်ပြတာ ကို ကြည့်လိုက်တော့…အမျိုးသမီးက အသက် ၃၀ ထင်ရအောင်နုနေတာ..ဒါကြောင့်လည်း…ဟန် ဒီလောက် ချောမှုံနေတာပေါ့…။
“သမီး မိဘတွေက နယ်မှာဆိုတော့..ဒီမှာ  တစ်ယောက်တည်းဖြစ်နေမှာပဲ..မာမီတို့ အိမ်ကို ၀င်ထွက်နော်..”
“ဟုတ်ကဲ့..” တာ ထင်သလို မျိုး မဟုတ်ပဲ အဖွားက ကြိုဆိုတော့ တာ ပျော်လိုက်တာ…။
“စား..သမီး..ဒါ မာမီ ပဲ ဥိးစီးပြီး လုပ်ထားတာ..ဘယ်လိုနေလည်း..”
“အရမ်းကောင်းပါတယ်..မာမီ”
“မာမီနဲ့ တာ စကားပြောနော်..ဟန် မာ ဆီ ဘာလုပ်စရာ လိုလည်း သွားကြည့် လိုက်အုံးမယ်..”
“ဒါကတော့ သမီး သူငယ်ချင်း အကြိုက်..ကြာဇံချက်လေ..”
သူငယ်ချင်းတဲ့..တာ ဘယ်လို ပြောရမလည်း တကယ်မသိလို့ ပြောနေတာလား..သိရဲ့ နဲ့ မတူမတန်လို့ သူငယ်ချင်းဆိုပြီး သတ်မှတ်ထားတာလား..
မိန်းကလေးတန်မဲ့ ကျွန်မ က ဟန် ချစ်သူပါလို့ ဘယ်လို ပြောပြရမလည်း…
ဟန် ကို ကြည့်တော့ သူ့ အမေ ခါးကို ဖက်ပြီး..ဧည့်သည်တွေနဲ့ စကားပြောနေသည်.။
“သမီး..ဒိမှာ ပူတုန်းလေး သောက်ကြည့်ပါအုံး..”
မာမီ ဆိုတဲ့ အဖွားရဲ့ စကားကို ကြည့်ရတာတော့ တကယ် မသိသေးလို့ ပြောနေတဲ့ ပုံပါပဲ…။
တာ ရှေ့မှ ခပ်ထည့်ပေးတဲ့ ကြာဇံချက်ကို တစ်ဇွန်းချင်း သောက်ရင်း ဟန်ကိုငေး ၇တာ ခေါင်းညောင်းလာပြီ..ဟန်က ပြန်မလာသေး..။
“သမီးက သားကို မျှော်နေတာနဲ့ တူတယ်. အခု နောက်ပိုင်း အလုပ်လုပ်မှာ ဟန်နဲ့ ဆိုတော့ ဧည့်သည်တွေက သေချာမိတ်ဆက်နေကြလို့ပါ..”
“၇ပါတယ်..မာမီ..”
“နောက်ပိုင်း ဟန်က အလုပ်ခွဲထုတ်တော့ လုပ်ငန်းရှင်တွေ နဲ့ တွေ့လို့ ရအောင် ဒီပွဲလုပ်လိုက်တာလေ..”
“အော်..ဟုတ်ကဲ့..”
သေချာရှင်းပြတော့ တာ အပြစ်တင်စောသွားလို့ အားနာမိသည်..။
“ဟူး….အပြေးအလွှား..စွန်းမောတာပဲ..”
“ဘုတ်..”
တာ ရှေ့မှာ ပစ်ချလိုက်တဲ့ အိတ်ကြောင့် စားနေရင်းသီး မလိုတောင် ဖြစ်သွားတာ..အစကတည်းက အသည်းငယ်နေသူမို့ လန့်သွားတာလည်း ပါတာပေါ့လေ..။
“ဟဲ့..ဘယ်လို ဖြစ်တာတုန်း..ဒီမှာ စားသောက်နေတာ” မာမီက ၀င်ပြောရတော့သည်..။
“sorry  ထိုင်ချင်စောနဲ့..”
တာ နဲ့ မျက်နှာချင်းဆိုင် မှာ ၀င်ထိုင်တဲ့ မိန်းကလေးကို ကြည့်ပြီး တာ အံသြမိသည်..။
လူကြီး လူကြီးမှန်းမသိ..ပြောတာ ဆောဒီးတဲ့..မာမီကတော့ နှုတ်ခမ်းမဲ့ရင်း..ဘေးတိုက်ပြောင်းထိုင်ခါ တာ ကိဲု ဟင်းတွေ ထည့်ပေးလိုက် စကားပြောလိုက်လုပ်နေတာ…တာ တောင် ကြားက အားနာမိသည်..။
မိန်းကလေး ဆံပင်က လည်း တစ်ခေါင်းလုံး ကောက်ထားတာ လှိုင်းကောက်ဆို တော်အုံးမှာ အခုက အကောက် အဖွာ..၀တ်ထားတာက တီရှပ်ပေါ်မှာ လက်ပြတ်ကုတ်အနက်နဲ့..လက်မှာလည်း အပတ်တွေရော အကွင်းတွေရော ရှုပ်ခတ်လို့…လက်စွပ်တွေကလည်း ဆူး တွေ အချွန်တွေနဲ့..မိန်းမ လူမိုက်များလားလို့ မျက်နှာ ကြည့်မိတော့..ပီကေ ဝါးခါ..ထိုင်ခုံပေါ် လက်ပြန်တင်ပြီး..မာမီလို ဘေးတိုက်ထိုင်နေတာ..လူကြီးကို ပြန်ရွဲ့နေသလိုမျိုး..။
တာ စားနေရင်း..သူ့ကို ဧည့်ခံမဲ့ လူ မရှိတာနဲ့…သနားလာပြီး အားလည်းနာမိသည်..။
မိန်းကလေးတစ်ယောက်ကို အ၀တ်အစားကြည့်ပြီး တန်ဖိုး မထားတာတော့ မကောင်းဘူးလို့ ထင်တာနဲ့..။
“ညီမ တစ်ခုခု စားပါလား…”
ခုံပေါ်ကလက် တစ်ဖက်ကို မချပဲ တာ ကို ကြည့်ရင်း…ပီကေဝါးနေတာ မပျက်
ပီကေ ကို လျှာနဲ့ ပါးစောင် ကပ်ပြီးမှ။..
“ဘာတွေ ကျွေးမှာလည်း..”
“ဒံပေါက်စားမလား..ကြာဇံချက်လည်းရှိတယ်…”
“ဟွင်း..” နှာခေါင်းရှုံလိုက်တာ စားနေတဲ့ သူမှ အားမနာ…
“အအေးပဲပေးတော့…” တာ အအေးဘူးထားတဲ့ နေရာကို မြင်နေရတော့..ကိုယ်တိုင်ပဲ သွားယူပေးဖို့ ထလိုက်သည်..။
ဟန် ဧည့်သည်က  တာ  ဧည့်သည်ပဲပေါ့လေ..ဒါပေမဲ့ ဒီလို မိန်းမ မျိုးကို ဘယ်သူက ဖိတ်တာပါ့လိမ့် တာ စဉ်းစားမရ ..လာတဲ့ ဧည့်သည်တွေထဲမှာမိန်းကလေးတွေ ပါပေမဲ့ အားလုံးတည်တည်ငြိမ်ငြိမ်….သူကတော့ ပီကေ ဝါးမပျက်…။
“စတော်ဘယ်ရီပဲ…”တာ ဘယ် တစ်ခုယူရင်ကောင်းမလည်း တွေးနေတုန်း သူမ တာ အနားကိုရောက်လာပြန်ပြီ..။
“အော် ညီမလေး ကြိုက်တာ .ယူ ပါ..”
တာ ပြောပြီး ပြန် လှည့်လာတော့..”အစ်မရော…မယူဘူးလား..”
“မယူတော့ဘူး..တာ အအေး မကြိုက်လို့..”
“အော်..တာလား…အစက မသေချာလို့ တာ ဆိုတော့ ဇွဲနဲ့ ..”
တာ ခေါင်းတွေ ချာချာလည် မူးသွားသည်..။ဒီမိန်းမ တာ ကို သိနေတာလား..ဟန် ကြောင့်များ ပြသာနာ ရှာဖို့  တာ ကို ပစ်မှတ်ထားတာလား…ဟန်ရဲ့ ရည်းစားဟောင်းလား…နယ်က တက်လာတာ..တာ ကို ဒီမှာ ဘယ်သူမှ မသိ….အတွေးပေါင်းစုံနဲက လုံးထွေး သတ်ပုတ်နေပြီး..
နောက်ကို ခြေတစ်လှမ်းဆုတ်ချိန်..ဒုတ်..အ….
နောက်ခိုင်းနေတဲ့ ၀န်ထမ်း တစ်ယောက် ကို တိုက်မိပြီး ပစ်စလက်ခတ် လဲကျဖို့ကို သူမ က လက်ကိုဆွဲလိုက်တော့..ထိန်းသလိုဖြစ်ပြီး ဖြေးဖြေး ပြုတ်ကျသွားသည်..။
“ဟာ…သတ်ကုန်ပြီ…”
“ရည်းစားဟောင်းနဲ့ အသစ်ပွဲကွ..”
ဟန် မျက်လုံးပြူးသွားသည်..အားလုံးကြည့်နေတဲ့ နေရာကို လှမ်းကြည့်လိုက်တော့ တာ က အောက်မှာ လဲကျနေပြီး..ဘယ်ကမှန်း မသိတဲ့ မိန်းမ တစ်ယောက်က မတ်တက်ရပ်နေတာ…
“အေးလေ..တွန်းချလိုက်တာ အသိသာကြီး..”
“ဟိုမိန်းမ ပုံစံက လည်း ဟော့ရမ်းလိုက်တာ ဟယ်..”
ဟန် ပြေးသွားပြီး အနားရောက်.တော့.ဘေးက မိန်းမက  ပီကေ ဝါးပြီး ကြည့်နေတာ အေးအေးဆေးဆေး မိန်းမချင်း ကိုယ်ချင်းစာမှု တောင် မမြင်ရ..။
ဒီ မိန်းမ ဘာလည်း…ဘယ်သူဧည့်သည်လည်း.. ဟန်နဲ့လည်း မသိပဲ တာ ကို သပ်သပ် တွန်းချတာလား..။
“တာ…ထပါအုံး..”ဟန် ဘေးမှာ ထိုင်ချလိုက်ပြီး မေးနေစဉ်..မာမီ ကလည်း အနားရောက်လာပြီး..
“ဟယ်..သမီးလေး..ဘယ်လို ဖြစ်တာလည်း..ဟဲ့ နင် ဘယ်လို လုပ်လိုက်တာလည်း..”
“ဘာလုပ်လို့လည်း..လဲကျတာ မသေလောက်ပါဘူး..”
ပြောနေပုံ က လူကြီးလည်း ပမာမခန့်…
ဟန် ဒေါသကြောင့် လက်က နောက်လိုက်ဖြစ်ပြီး..ဆောင့်တွန်းလိုက်တော့.. သူမ ပစ်စလက်ခတ် နည်းနည်းလွင့်ပြီး..ခုံနားမှာ  ထိုင်လျက်ပြုတ်ကျသွားသည်..။
ဟာ…
“ဘယ်လိုလည်း..မသေလောက်ဘူးမလား..”
“ဟန်  သားရေ..စိတ်လျော့ပါ..တာ ဘာမှ မဖြစ်ပါဘူး..တာ ကို အိမ်ပေါ်ခေါ်သွားလိုက်နော်..”
မာမီနဲ့ မာ ကအနားက ပြောနေလို့  တာ ကို တွဲပြီး အိမ်ပေါ်ခေါ်လာခဲ့ လိုက်သည်..။
ဘယ်လို မိန်းမစားလည်း…အပျက်လား…ဒီနေရာကို ဘယ်သူခေါ်လာတာလည်း..တောက်…။
“ဟန်..ရယ်… တာ ကြောက်လာပြီ….စိတ်လျော့ ပါနော်..”
ဟန် ပြုံးပြီး..”ဘာမှ မဖြစ်ပါဘူး..တာ နာသွားလို့ ဟန် က ဒေါသထွက်တာ…”
“ခြေခေါက်သွားတာမလား..အကျီ င်္လည်း ပေကုန်ပြီ..နေအုံး..ဟန် ဆေး သွားယူလိုက်မယ်..”
တာ ဆိုဖာမှာ ထိုင်ရင်း အိမ်ထဲ ကို ကြည့်မိတော့ ကြီးမားလိုက်တဲ့ အိမ်…လှေကား သုံးဆစ်ချိုးမို့..ဧည့်ခန်းက ကြီးမားထည်ဝါ လွန်းလှသည်…။
ဟန် ဆို တာ ဒီအိမ်ရဲ့ တစ်ဦးတည်းသော သားပါလား…။
တာ…စိတ်တွေမော လာသည်..။
တာ ကို ဟန်က ဆေး လိမ်းပေးပြီး..ဂါ၀န်တစ်ထည် ပေးလို့ ၀တ်ထားလိုက်ရပေမဲ့ မနေတက်…။
ခဏ တဖြုတ်တောင် ဂါ၀န်တွေ မ၀တ်ဖူးတော့ နေရခက်လှသည်…။
ဒါကိုမှ..ဟန် က ကြည့်ပြီး ရယ်နေတာ မပြီး..
လူက အကျီ င်္ဆွဲချလိုက် ငုံကြည့်လိုက်နဲ့ ဘယ်နားကို ဘယ်လို ကွယ်ရမှန်းမသိ…လက်ကလည်း နှစ်ဖက်တည်းရယ်…။
“တာ…က ဒီလို လေး ၀တ်လိုက်တော့ အရုပ်မလေးနဲ့ တူတယ်..အရမ်းချစ်ဖို့ ကောင်းတာပဲ…”
ဟန်က ပြောရင်း အနားတိုးလာတော့..တာ နောက်တွန့်မိသည်..။
“ဘာလည်း..ဆံပင်တွေ အကျီ င်္ထဲ ၀င်ပြီး ခုနေလို့ ထုတ်ပေးမလို့ပါဗျာ..”
“အင်းပါ…ဘယ်သူက ဘာပြောလို့လည်း..” ဟန် က ရယ်ရင်း ဆံပင်တွေကို တယုတယ ထုတ်ပေးသည်…။
“တာ..ဒီလိုတွေ…နောက် မ၀တ်နဲ့ သိလား..”
“မ၀တ်ပါဘူး..ဘာလို့လည်း..”
“ရင်ခုန်စေလို့…””ဟာ..”
တာ က မျက်နှာ ကို ကွယ်ပြီးထိုင်လိုက်တော့လည်း ဟန်က ရယ်တာမရပ်..သူ့့ ဒေါသတွေ မုန့်တိုင်းပြီး လေငြိမ်သွားသလို…
တာ အနားမှာ ရှိနေရင်…ဟန် ဒေါသတွေကို တောင် တားဆီး နိုင်တယ်..
.
ဟန်..တာ ကို ခေါ်ဖို့ ကားထဲ က စောင့်ကြည့်နေချိန်
တာ လက်ကို ဆွဲပြီး ထွက်လာတာ..ဟို မိန်းမ..
ညစာစားပွဲမှာ လည်း တာ ကို သပ်သပ် ပြသာနာရှာတာ အခု အလုပ်ကိုတောင် လိုက်လာပြီ ဆိုတော့..တော်တော် အခြေအနေ ဆိုးနေပြီ…
ဘာလည်း..သူ အစ်မတွေ ညီမတွေကိုများ ဟန် တွဲခဲ့ဘူးလို့ တာ ကို ရန်လိုက်ရှာနေတာလား..။
ကြည့်ပြီး တွေးနေတုန်း ရှိသေးတယ်..တာ လက်ထဲ က ခြင်းကို ဆွဲယူ ပြီး လွှင့်ပစ်လိုက်ပြီ..။
ဒီ မိန်းမတော့ တောက်…။
“မင်း ..ဒါဘာလုပ်တာလည်း..”
“ကျွတ်…ပါလာပြန်ပြီ..”
“ခင်ဗျား..လွန်နေပြီနော်....” ဟန် ..ကြည့်ချိန်မှာ တာ မျက်လုံးထဲမှာ မျက်ရည်အ ပြည့်နဲ့ ဟန် ဒေါသက ရေဆူမှတ်တက်လာပြီလေ…။
“ဟဲ့…နင့်အကောင် လွဲနေတာ..နည်းနည်း ၀င်ပြောအုံး..”
လက်နဲ့ ဆောင့်တွန်းပြီး ပြောလိုက်တာ မိန်းမတစ်ယောက်လို့ မထင်ရလောက်အောင် . သူက မရှက်ပေမဲ့..တာ က ထိုင်လျှက်ပြုတ်ကျပြီး ပါးမှာ မျက်ရည် ချောင်းစီးနေပြီ..
“ဖြောင်း…”
“ဟယ်..ဟန်..”
ဟန်..မိန်းမ တစ်ယောက်ကို ရိုက်တာ ယောင်္ကျား မပီသမှု ဆိုတာ သိပေမဲ့..
ဒီမိန်းမကတော့ ချွင်းချက်…။
မိန်းကလေးဆိုတဲ့ အသိကြောင့် အားလျော့ရိုက်လိုက်ပေမဲ့..သူမ ပါးမှာတော့ လက်ငါးချောင်းရာ နီနေသည်..။
မသနားပါဘူး…တန်ရာ တန်ဖိုးပဲ.တာ မျက်ရည်တွေ အတွက် .။
ဆွဲခြင်းကို ကောက်ပြီး..တာ လက်ကို တစ်ဖက် ဆွဲပြီး ထွက်လာလိုက်တာတောင် ဒေါသကထွက်တုန်း..
စည်းလွှတ်ဝါးလွှတ်သာဆို ထိုးကြိတ်ပြီး ဖနောင့်နဲ့ပါ ပေါက်ချင်တာ အဲ ရုပ်ကို…။
ကားထဲ ရောက်တော့ တာ က မျက်ရည်သုတ်ရင်း…
“ဟန် ရယ် ဘာလို့ အဲလိုလုပ်တာလည်း…သူဘက် တစ်ခုခု တုန့်ပြန် လာရင် ဘယ်လို လုပ်မလည်း..”
“ဟွန့် သူ့လို အပျက် က ဘာလုပ်နိုင်မှာလည်း..”
တာ ကို အဆောင်ပြန်ပို့ပြီး ဟန် အိမ်ကို ပြန်ရောက်တော့ ၆နာရီကျော်ပြီ…
အိမ်မှာ လူစုံ တက်စုံနဲ့ ပါ သူငယ်ချင်း အန်ကယ်စိုးတို့ပါရောက်နေတော့..
“ဘာလည်း..လူကြီးစုံရာနဲ့ လာတောင်းတာလား..”
“အေးကွ..”အန်ကယ်စိုးက ပြောရင်းရယ်နေတော့ ဟန်လည်း ရယ်လိုက်သည်..။
မာမီကတော့ ဘာကြောင့်မှန်းမသိ မျက်နှာ ပျက်နေသည်..။
မာ ကတော့ ဟန် အခန်းထဲ လိုက်လာပြိး..
“သား..စေ့စပ်ထားတဲ့ မိန်းကလေးဘက်က ခုရောက်မှာ..အကျီ င်္လဲ ပြီးဆင်းလာအုံးနော်..” ဟန် ကို့နား ကို မယုံနိုင်အောင် ခေါင်းကြီးသွားသည်..။
“မာ…ဟန်....”
“တော်ပါတော့ သားရယ်..ပါ လည်း တော်တော် စိတ်ညစ်နေရတာ..”
“ဟန်လည်း…ဘာမှ မသိရပါလား..”
“ငါ မင်း ကို ဟိုး အရင်ကတည်း ကပြောထားသားပဲ..”ပါ က အခန်းထဲ ၀င်လာသည်..။
“ပါ… ဟန် သဘောမတူဘူး..”
“မရဘူး…အရင်ကတည်း ကပြောထားသားပဲ ..မင်းက ငယ်ငယ် ကတည်းက စေ့စပ်ပြီးသားလို့..”
“အလုပ်တွေ အခြေကျမှ ပေးစားဖို့သူ့..အဖွားရဲ့ ကျန်းမာရေး အခြေအနေကြောင့် စီစဉ်ရတော့မယ့်..”
“မြန်မြန်လုပ်ပြီးဆင်းလာ..မာ ခေါ်လာလိုက်..ကို အောက်မှာ စောင့်နေမယ်..” ပါ က ဟန်ကို စကားတစ်ခွန်းမှ ပြောခွင့် မပေးပဲ သူပြောချင်တာပြောပြီး ထွက်သွားပြီ..။
“မာ….ဟန်…”
“သားရယ်…မာ ဘယ်လိုလုပ်ရမလည်း..မာ အပြစ်တွေပါ..သားအရင်ကလည်း မိန်းကလေးတွေ အိမ်ခေါ်လာဖူးတော့ တာ ကို လည်း အပျော်ပဲမှတ်ပြီး..သတိမပေးခဲ့ဘူး..”
“ဟန်…တာ ကိုပဲ လက်ထပ်မှာ..”
“အခုလည်း..မိတ်ဆက်တဲ့ သဘောမျိုးပါပဲ…လာပါ သားရယ်..” မာ က ဟန်လက်ကို တွဲတော့ ဟန်လည်း အောက်ထပ် ဆင်းးလိုက်လာသည်..။
ခုံမှာ လူ အားလုံးစုံပြီး ထိုင်နေချိန်…alphard ကား အနက် တစ်စီး ရောက်လာသည်.. ဘေးတံခါးပွင့်လာခါ စတီး လျှောက်လမ်း တစ်ခု ကျလာပြီး ဝီးချဲ နဲ့ အောက်ဆီဂျင်ပိုက်တပ်ထားတဲ့ အမျိုးသမီး တစ်ယောက်….နောက်မှာ အမျိုးသမီးတစ်ယောက်က တွန်းပြီး ဆင်းလာသည်..။
ပါ  နဲ့ မာ က ထပြီး ကားအနားသွားခါ ကြိုတော့်..ဟန်လည်း..ဧည့်သည်ကလူကြီး တစ်ယောက် မို့ အနားမှာ သွားရပ်နေလိုက်သည်…။
“လာ…ဒီဒီ…တို့တွေ့ မတွေ့ရတာ ဘယ်လောက်ကြာပြီလည်း..ဟယ်..”
“မတွေ့ ဆို ခြေထောက်တွေ စကားနားမထောင်တော့ ဘူးလေ..”
မာမီ.က .ဝီးချဲ အနားလာပြီး ဧည့်ခန်းထဲရောက်တဲ့ အထိ စကားတွေ ပြောပြီး ခေါ်သွားသည်…။
“ဟဲ့..ဘယ်မှာလည်း…ငါ့မြေးက..”
“ဒီမှာလေ..ဟန်..”
“လာပါအုံး..သားရယ်…မတွေ့ဖြစ်တာ ငယ်ငယ်ကတည်းကပဲ..ဒီဒီက့ ဆေးရုံနဲ့ အိမ်ကို အရေးပေါ်ကား အပျော် စီးနေရလို့လေ” ဟန် ပြုံးပြီး အနားမှာ ထိုင်လိုက်တော့..
“လူချောလေးပဲ…ဒါနဲ့များ…ဟိုကလေးမ..ဟဲ့ နေပါအုံး..ဘယ်မှာလည်း…ဟိုကောင်မလေး…ဒုက္ခပါပဲ..သွားခေါ်ပါအုံး…”
ရပ်နေတဲ့ အမျိုးသမီးက ကားဆီ ပြေးသွားသည်..”သမီး ဆင်းလေ…”
“နေပါအုံး..ဖိနပ် မတွေ့လို့..”
အော်လိုက်တဲ့ အသံစူးစူံးကြောင့် အားလုံးအကြည့်က ကားဆီမှာ…
ကားပေါ်က ဆင်းလာတာ ဆံပင် မျက်နှာ တခြမ်းအုပ်နေပြီး ..ပန်းရောင်ဂါ၀န်ကို လက်တစ်ဖက်နဲ့ မခါ ..ဖိနပ်တစ်ဖက်လက်က ကိုင်ပြီး ခြေဗလာနဲ့..
အိမ် ထဲ ၀င်တော့ ဖိနပ်ကို ပစ်ချခါ အခင်း၀တ်ဆီကိုသွားပြီး ခြေသုတ်လိုက်သေးသည်..။
အားလုံး ကြည့်နေတာကို နည်းနည်းမှ ဂရုမစိုက်…။
“sorry ဖိနပ် ရှာမတွေ့ လို့ ကြာနေတာ…”
“ဟင်…”
ဟန် တစ်ယောက်တည်း မဟုတ် မာမီရော..မာ ရော က လည်း.ပါးစပ်အဟောင်းသား…
သူ ကတော့ ဘာမှ မဖြစ်သလို ဆိုဖာ မှာ ၀င်ထိုင်ပြီး..ရှေ့က အအေးခွက်ကို ယူသောက်ရင်း ဆံပင် တွေကို  လှန် တင်လိုက်တော့…
“ဟာ..”ဟန်  မသေချာဘူး မဖြစ်နိုင်ဘူးတွေးနေပေမဲ့..သူမ ပါးက နီနေတဲ့ လက်ချောင်းရာက သက်သေ..။


တစ်နေ့တစ်ပိုင်းပဲရေးပြီးလို့ 😭😭😭😭😭
အားနာတယ်😭😭😭😭

အားပေးတဲ့သူအားလုံး❤📖❤
ကျေးဇူးအရမ်းတင်ပါတယ်❤💪❤

စည်းဆူး On viuen les histories. Descobreix ara