Chapter (1)

98.4K 4.8K 197
                                    

"လမ်းခွဲကြမယ်!"

"ပြတ်မယ်"

အေးချမ်းလှသည့် သစ်ပင်ရိပ်အောက်တွင် မျက်နှာချင်းဆိုင်ရပ်နေသည့်  လူနှစ်ယောက်မှာတော့ မအေးချမ်းနိုင်ပဲ တစ်ဦးကိုတစ်ဦးကြည့်နေသည့်အကြည့်များက ခက်ထန်လျက်ရှိသည် ။

ရိပေါ် သူ့ရှေ့က လူကိုကြည့်ပြီး နှုတ်ခမ်းတို့ကိုမဲ့ရွဲ့ကာပြုံးလိုက်မိ၏ ။

ကလေးဆန်တယ် တအား ။

"ကျွန်တော် က ဆယ်ခါပြန်ပြတ်တယ်"

"ငါက အခါတစ်ရာပြန် ပြတ်တယ်"

ထို့နောက် တစ်ယောက် နဲ့ တစ်ယောက် ကျောခိုင်း၍
တစ်လမ်းဆီသို့....။

............

2 years later.......

"ရှောင်းကျန့် !!! မြန်မြန်ဆင်းခဲ့ နောက်ကျနေပြီ"

"လာပြီ မားရာ လာပြီ"

အပေါက်ဝမှအော်နေသူမိခင်ကြီးကြောင့် ရှောင်းကျန့်မှာ ခေါင်းပင်မဖြီးနိုင် အပေါ်ထပ်မှကပြာကယာဆင်းလာခဲ့သည် ။ ဂျင်းဘောင်းဘီ အနက်ကို တီရှပ်အဖြူနဲ့တွဲဝတ်ထားပြီး အပေါ် က ရှပ်လက်ရှည် အပြာဝတ်ထားသည်မှာ လိုက်ဖက်စွာ ။ မဖြီးသင်လာသည့် ဆံပင်ကတော့ ဖွာလန်ကျဲ ။

"အမလေးဟဲ့ စေ့စပ်ပေးမယ့်သူနဲ့ သွားတွေ့ပါမယ်ဆို
သူတောင်းစားခွက်ပျောက်အတိုင်းပဲ"

ရှောင်းမားက ရှောင်းကျန့်ပုံကိုကြည့်ကာ စိတ်ပျက်သည့်လေသံဖြင့်ပြောလာ၏ ။

"ဟာ..မားရာ ခုချိန်အင်္ကျီမပါပဲ လျှောက်သွားရင်တောင်
ကောင်မလေးတွေက တဖြုတ်ဖြုတ်ကြွေကျတာ"

"တိတ်စမ်း!"

ရှောင်းကျန့် သူ့မားမားကို ပါးစပ်ဇစ်ဆွဲသလို ပုံစံလေး
လုပ်ပြလိုက်သည် ။

"ငါကြိုပြောထားမယ်နော် ဟိုမှာ မျက်နှာပျက်စရာဖြစ်အောင်
လုပ်ရင် နင်နာမယ်"

"ဒါနဲ့လေ မား"

"ပြော!"

"ကောင်မလေးကချောလား"

"ကောင်မလေး မဟုတ်ဘူး ကောင်လေး "

ဪ..ကောင်လေး...ဟမ် !!!
ကောင်လေး ! ငါ့ကို ယောက်ျားပေးစားမလို့လား!!!

My Ex Is My Husband [ Completed ]Where stories live. Discover now