Chapter (16)

31.5K 2.8K 112
                                    

ဘာလိုလိုနဲ့ ရှောင်းကျန့် နဲ့ ရိပေါ် လက်ထပ်ခဲ့တာ တစ်နှစ်တောင်ပြည့်ခဲ့ပြီဖြစ်သည် ။ ရိပေါ်က အရင်အတိုင်းမပြောင်းလဲပဲ ရှောင်းကျန့် ကိုအမြဲတမ်းအလိုလိုက်သည် ။ ရှောင်းကျန့် စိတ်ဆိုးတိုင်းလည်း အမြဲအလျှော့ပေးပြီးချော့လေ့ရှိသည် ။

ဒါပေမယ့် အခုတ​လော ရိပေါ် တော်တော်ပြောင်းလဲလာသည် ။ အမြဲတမ်း အိမ်ကိုစောပြန်လာနေကြ ရိပေါ် က အခုဆို ညဆယ်နာရီ ကျော်မှပြန်လာတာချည်း ။ အလုပ်ကြောင့်နောက်ကျတာလို့တွေးပေမယ့် အမြဲတမ်း လာဗင်ဒါနံ့ သင်းနေကျ ခန္ဓာကိုယ်က ခပ်စူးစူးရေမွှေးနံ့ နဲ့ အရက်နံ့ တွေ စွဲကပ်နေခဲ့တဲ့အခါ ထိုကဲ့သို့ရိုးရိုးရှင်းရှင်း မတွေးနိုင်တော့ ။

ရှောင်းကျန့် နာနာကျင်ကျင်ရယ်လိုက်မိသည် ။

ဒါတစ်ချိန်က သူရှုပ်ပွေခဲ့လို့ ပြန်ရတဲ့ ရလဒ်လား ။ မောင် က တမင်တကာ အပြစ်ပေးနေတာပဲလား ။

ရိပေါ် ဘာကြောင့် ရုတ်တရက်ကြီး ဒီလောက်အထိပြောင်းလဲသွားလဲ ရှောင်းကျန့် မစဉ်းစားတတ်တော့ပေ ။

ခပ်တုံးတုံးအတွေးတစ်ခုကတော့ ရှောင်းကျန့် စိတ်တွေကို
အောက်ဆုံးအထိရောက်အောင်ဆွဲချသွားနိုင်ခဲ့သည် ။

မောင် သူ့ကို ငြီးငွေ့သွားတာများလား ?? ။

မဟုတ်တာ ရှောင်းကျန့် ရာ မောင် မင်းကို ဘယ်လောက်ချစ်လဲ သိသားနဲ့ ။

ရှောင်းကျန့် သူ့ကိုယ်သူအားပေးရင်း အတွေးတွေကို ရှင်းထုတ်လိုက်သည် ။ ထို့နောက် ဧည့်ခန်း မှာ ချိတ်ထားတဲ့ နာရီကို တစ်ချက်ကြည့်လိုက်သည် ။ ည11နာရီ ။

အိမ်ရှေ့က ကားသံကြားတာနဲ့ ရှောင်းကျန့် အပြေးထသွားလိုက်သည် ။

"မောင်...ပြန်လာပြီလား "

ရှောင်းကျန့် ရိပေါ် လက်မောင်းကနေကိုင်ပြီး ကူတွဲပေးဖို့ကြံပေမယ့် ရိပေါ် ကအတွဲမခံပဲ လက်ကိုရှောင်ဖယ်လိုက်သည် ။

"ရတယ် ။ မတွဲနဲ့!"

ရှောင်းကျန့် ခြေလှမ်းတွေကို ရှေ့မဆက်မိပဲ နေရာမှာတင်ရပ်နေမိသည် ။

My Ex Is My Husband [ Completed ]Where stories live. Discover now