Chapter (17)

31.4K 2.9K 251
                                    

ရိပေါ် မှာ အခုပိုင်ဆိုင်တာ ခြောက်ကပ်နေတဲ့ အခန်းငယ်လေး ။

အဝတ်အစားတွေလျော့နေတဲ့ ဗီရိုလေးရယ်...။
တိတ်ဆိတ်နေတဲ့ အခန်းငယ်လေးရယ်...။
မျက်ရည်တွေရယ်...။
ရှုပ်ပွနေတဲ့ ဘီယာခွံတွေရယ်...။

နာကျင်နေတဲ့ နှလုံးသားတစ်စုံရယ်...။

ကျန်တာ ဘာမှ ရိပေါ် ဆီမှာမကျန်ခဲ့ဘူး...။

ရိပေါ် မျက်လုံးတွေမှိတ်ချပြီး နံရံမှာကျောမှီထိုင်ချလိုက်သည် ။

ငိုစမ်း! ဝမ်ရိပေါ် ငိုစမ်း!!! ။
ကိုကို နာကျင်ရတာလောက် မင်းမနာကျင်သေးဘူး ။

ကြမ်းပြင်ဆီကို လက်သီးအခါခါထိုးတော့
သွေးတွေကစီးကျလာသည် ။

ရိပေါ် ဗိုက်အောင့်အောင့်နေတာကြောင့် ဆေးသွားစစ်ကြည့်တော့ အစာအိမ်ကင်ဆာ အဆင့်(၄) တဲ့လေ။

ကိုကို့ ကို အသိပေးပြီး နေ့တိုင်းငိုအောင်လုပ်မယ့်အစား ၊ တစ်ခါပဲ ငိုရမယ့် နည်းလမ်းကို ရိပေါ် ရွေးချယ်ခဲ့သည် ။

အမြဲတမ်း အင်္ကျီကို အရက်နံစွဲအောင်လုပ်ပြီး နောက်ကျမှ ပြန်လာတယ် ။ အင်္ကျီ က နှုတ်ခမ်းနီရာ ကပါ ရိပေါ် ကိုယ်တိုင်လုပ်ထားတာ ။ ကလပ်ကိစ္စကလည်း ဟောက်ရွှမ်း ကို ပြောပြီး မရမက အကူအညီတောင်းထားတာဖြစ်သည် ။ ဟောက်ရွှမ်း ဘယ်လိုနည်းလမ်းသုံးလိုက်လဲတော့ မသိဘူး ။ ယုန်ဖြူလေး က သူရှိတဲ့နေရာကို ချက်ချင်းရောက်လာတာပဲ ။

လူကိုဝါးစားမတတ်ကြည့်နေတဲ့ မျက်ဝန်းတွေကအစ
မြတ်နိုးဖွယ် ဖြစ်နေတာကတော့ သူ့အလွန်ဖြစ်မယ်မထင်ဘူး ။
ထိုးမယ်လို့ လက်ရွယ်တော့လည်း မျက်နှာကိုမော့ပေးမိတာ လိုလိုလားလား ပါပဲ ။

လက်သီးအစား နှုတ်ခမ်းလေး ရောက်လာချိန်မှာ ပြိုလဲချင်တဲ့ စိတ်အစုံကို ထိန်းထားရတာ ရိပေါ် ကိုယ်တိုင်ကလွဲရင် ဘယ်သူသိနိုင်မည်လဲ..။

"ငါ...မင်းကို ချစ်တယ် "လို့ နာနာကျင်ကျင်ရယ်ပြီး ပြောတာလေးကိုက သူ့နှလုံးသားကို အရှင်လတ်လတ် မီးမြှိုက်ခံရသလို
ခံစားချက်မျိုးဖြစ်စေဖို့ သိပ်ကိုလုံလောက်ခဲ့တာပေါ့ ။

ကျောပြင်လေးကို ငေးကြည့်ရင်း ကျခဲ့တဲ့ မျက်ရည်တွေကိုတော့
ကိုကို တစ်ယောက်ဘယ်သိနိုင်ပါ့မလဲလေ...။

My Ex Is My Husband [ Completed ]Wo Geschichten leben. Entdecke jetzt