Chapter (19)

32.1K 2.8K 123
                                    

ရိပေါ် နဲ့ ရှောင်းကျန့် ဆေးရုံထဲက ပန်းခြံလေးထဲမှာ တူတူလမ်းလျှောက်နေကြသည် ။ ဆေးရုံဝန်းမှာ ကျယ်ဝန်းလှသည့်အပြင် ပန်းခြံအသေးလေးတစ်ခုလုပ်ထားခြင်းက လူနာတွေစိတ်အပန်းဖြေစေဖို့ရည်ရွယ်ချက်နဲ့ဖြစ်မည် ။

ရိပေါ် က အူအတက်ပေါက်လို့ ခွဲထားတာ ဖြစ်တာကြောင့် လေမလည်မချင်း အစားစားလို့မရပေ ။ ဒါကြောင့် လေလည်အောင် လမ်းများများလျှောက်ပေးဖို့လိုတယ် ဆိုပြီး ဆရာဝန်က မှာထားတာကြောင့် ရှောင်းကျန့် က ခေါ်ထုတ်လာကာလမ်းလျှောက်ခိုင်းနေခြင်းပင် ။

ရှောင်းကျန့်ဘေးတွင် အတူယှဉ်တွဲကာလျှောက်နေသည့် ရိပေါ်မှာတော့ ရှောင်းကျန့်မျက်နှာကိုသာခိုးခိုးကြည့်နေသည် ။

ဒီရက်ပိုင်း ရိပေါ် ဆေးရုံတက်နေရတဲ့ အချိန်အတွင်းမှာ ကိုကို က ဝေယျာဝစ္စ အကုန်လုပ်ပေးပေမယ့် သူ့ကို သိပ်အရေးမစိုက်သလို ရိပေါ် ခံစားနေရသည် ။

ဒါက ကိုကို စိတ်ဆိုးနေတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။

ကိုကို့ ကို ချော့ဖို့အသဲအသန်စဉ်းစားရတာလည်း company
အလုပ်မဟုတ်လေတော့ အသုံးမကျတဲ့ ရိပေါ် ဦးနှောက်လေးက
ဘာမှမထွက်လာပေ။

ရိပေါ် က လမ်းလျှောက်နေရင်းကနေရပ်သွားတာကြောင့် ရှောင်းကျန့် ပါ လိုက်ရပ်လိုက်သည် ။ ပြီးနောက် ရိပေါ်ကိုကြည့်ကာ...

"ဘာလို့လဲ "

"ကိုကို ကျွန်တော့်ကို စိတ်ဆိုးနေတုန်းပဲလားဟင်"

"မင်းကို ယုံရမှာ ငါကြောက်တယ် "

"ကိုကို "

ရိပေါ် အလန့်တကြားပင်ခေါ်လိုက်မိသည် ။

"မင်း တစ်ခုခုထပ်ဖြစ်လို့ အခုလိုပဲ ငါ့ကိုထားသွားမှာ ငါကြောက်တယ် ။ တစ်ယောက်တည်း ကြိတ်ခံစားနေပြီး ငါ့ကို ထပ်ပြီး တွန်းထုတ်မှာကိုလည်း ငါကြောက်တယ် "

ရိပေါ် မျက်ရည်တွေ စီးကျလာခဲ့သည် ။ သူ လုပ်လိုက်တာက ကိုကို့အတွက်ဒီလောက်အထိ ထိခိုက်သွားမယ်လို့မတွေးခဲ့မိရိုးအမှန် ။

"ကိုကို... ကျွန်တော်လေ.. ကိုကို့ အတွက်ပါ"

"အဲ့အတွေးကိုက မဟုတ်တာ စောက်တုံးရဲ့!!! ။ ထားလိုက်တော့! ငါ ဆက်မပြောချင်ဘူး"

My Ex Is My Husband [ Completed ]Where stories live. Discover now