FINAL

41.3K 2.9K 186
                                    


ခင်ဗျားတို့ ပါရမီဖြည့်ဘက် ဆိုတာကို သိလား ။
ယောက်ျား ၊ မိန်းမ ခွဲခြားဖို့မလိုဘူး ။
ကိုယ့်ဘေးနားမှာ ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေ ၊
ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် ၊ မင်းကိုပစ်မသွားပဲ
မင်းလက်ကိုဆုပ်ကိုင်ထားမယ်ဆိုရင် အဲ့လူကပါရမီဖြည့်ဘက်ပဲ။

ဒါပေမယ့် ကျွန်တော့် အတွက်ပါရမီဖြည့်ဘက်ကတော့
ဘာပေတံနဲ့ မှ တိုင်းတာလို့မရတဲ့ ရှောင်းကျန့် ဆိုတဲ့
လူသားလေး ။

...........

ဂျပန် company နဲ့ တွဲမလုပ်ရတော့ပေမယ့် ရှောင်းကျန့်
ဆွဲတဲ့ design ဟာ လူကြိုက်များလွန်းတာကြောင့် လိုတာထက်ပိုပြီး အဆင်ပြေခဲ့သည် ။

ပါပါး ကလည်း သူ့သားမက်ရဲ့ ပံပိုးမှုကြီးကို တအားသဘောကျနေရှာသည် ။

သဘောမကျနိုင်တာကတော့ သူကိုယ်တိုင်ပါပဲ ။

ကိုကို့ design တွေဟာ လူကြိုက်များလာတော့ design
အပ်ချင်တဲ့ သူတွေက တစ်ပုံကြီး ။ ကိုကို ငတုံးလေးဟာလည်း
အကုန်လက်ခံလိုလက်ခံ! ။ သူ့မှာ အနားကိုမကပ်ရဘူး။

အဲ့တော့ ကိုကို့ အနားကပ်ရဖို့အရေး ရိပေါ် အရေးဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ကိုကို့ ဆီလာသမျှ design ဆွဲခိုင်းမယ့် သူတွေကို အပေါက်ဝ,ကနေ နှင်ထုတ်လိုက်တယ် ဟင်းဟင်း ။

ကိုကို့ စီးပွားရေး ဖျက်စီးတာဟုတ်ပါဘူး ။
ရိပေါ် လေးက ကိုကို ပင်ပန်းမှာစိုးလို့ပါ ။
အနားကပ်ချင်တာလည်း ပါတာပေါ့လေ...အဟမ်း! ။

နောက်ဆုံးတော့ စာရွက်ပုံထဲခေါင်းနစ်နေတဲ့ ကိုကို့ ကို
ကိုရီးယား သွားမယ်ဆိုပြီး အတင်းဆွဲထုတ်လာရတော့သည် ။

"မောင်ရေ!!! ၊ ဟေ့ကောင် မင်း အလှပြင်နေလို့ 
ငါ့လေယာဉ်မမှီရင် ငါ မင်းကိုထိုးမှာနော်"

ရှောင်းကျန့် အဝတ်တွေကို အိတ်ထဲထည့်နေရင်းကနေ မှန်ရှေ့မှာ ကိုယ့်ကိုယ်ကို သ,နေတဲ့ ရိပေါ် ကို လှမ်းအော်လိုက်သည် ။

ရှောင်းကျန့် ရဲ့ စကားကြောင့် မှန်ရှေ့မှာ lotion လူးနေတဲ့
ရိပေါ်က တဟားဟားရယ်သည် ။

My Ex Is My Husband [ Completed ]Kde žijí příběhy. Začni objevovat