Chapter (20)

32K 2.8K 105
                                    

နှစ်ပတ်လောက်နေတော့ ရိပေါ် ဆေးရုံကဆင်းလာရသည် ။ ထမင်းစားခန်းမှာတော့ သရဲ ၊ သဘက်စီးနေသလို နင်းကန်စားသောက်နေတဲ့ ဝမ်ရိပေါ် ကို ရှောင်းကျန့် က အံ့သြနေသည့်မျက်လုံးများဖြင့်စိုက်ကြည့်နေသည် ။

ဆေးရုံမှာ အစားသိပ်မစားရလို့တဲ့ဆိုပြီး စားနေတာများ နည်းတာမဟုတ်ဘူး ။

"ကိုကို ကျွန်တော့်ကို KFC ကြက်ကြော်လေးဝယ်ပေးပါ့လား"

"မင်း ဆေးရုံကနေ သရဲဝင်စီးလာတာလား"

ရိပေါ် ကြက်ပေါင်ကိုက်နေရင်းကနေ...

"ဘာလို့လဲ"

"မင်း စားနေတာ ကြက်ကြော်တွေချည်းပဲ ဘယ်နှစ်ခုမှန်း
မသိတော့ဘူး "

"ဪ...ဒါကလား ၊ ကျွန်တော် ချူပ်ရိုးဖြည်ထားတာ
မကြာသေးဘူးလေ ။ ဆရာဝန် က အစာမာတာမစားနဲ့ဦးတဲ့ ။
ကျွန်တော် က ဆရာဝန် ရဲ့ စကားကိုလိုက်နာတာပါ"

မထုံတက်သေးမျက်နှာလေးနဲ့ ပြောလာပါသော ဝမ်ရိပေါ်ပင် ။

"မှတ်သားဖွယ်ကြီးပါပဲ ။ ရော့!"

ရှောင်းကျန့် က စာရွက်နှစ်ရွက်ကို ရိပေါ်ရှေ့ထိုးပေးလိုက်သည် ။

"ဘာလဲ"

"ဖတ်ကြည့် "

ရိပေါ် သူရှေ့ရောက်လာတဲ့ စာရွက်ကိုယူကြည့်လိုက်သည် ။

"ကွာရှင်းစာချူပ် ?"

"ဟုတ်တယ် ။ မင်းလဲ သက်သာနေပြီပဲဟာ"

ရိပေါ် မျက်နှာလေး ချက်ချင်းရှုံ့မဲ့သွားပြီး...

"အ့...မသက်သာဘူး ။ လုံးဝ မသက်သာဘူး ။ ကွာရှင်းမပေးနိုင်ဘူးနော် ၊ ကြိုပြောထားမယ် ရှောင်းကျန့် က ကျွန်တော့် အပိုင်"

"အဲ့ရှောင်းကျန့် က မင်းကို ကွာရှင်းမယ်တဲ့"

"ကြက်သားတုံးနဲ့ ကောက်ပေါက်မှာနော်"

"ဘာ!! ၊ ငြိမ်ခံနေရအောင် ငါက လက်မပါလို့လား"

ရိပေါ် ကွာရှင်းစာချူပ် ကို ဆွဲဖြဲပစ်လိုက်သည် ။

"ပြောကြည့်! ၊ ကွာမယ်လို့"

"ကွာမယ်"

ရိပေါ် အမှန်တကယ်ပင် ရှောင်းကျန့် ကို ကြက်သားတုံးနဲ့ ကောက်ပေါက်ပစ်လိုက်သည် ။

My Ex Is My Husband [ Completed ]Where stories live. Discover now