Chapter (14)

32.3K 2.9K 95
                                    

ရိပေါ် ရှောင်ချင်း တည်းနေတဲ့ ဟိုတယ် ပြန်လိုက်ပို့ပြီးတည်းက ကိုကို ပြန်အလာကိုထိုင်စောင့်နေတာ အချိန်တွေသာကုန်လာသည် ကိုကိုကတော့ ပြန်မလာသေး ။

ဘယ်တွေသွားနေပြန်ပြီတုန်း ကိုကိုရာ ။

ရိပေါ် ရဲ့ အားနည်းချက်က ရှောင်းကျန့် နဲ့ ပတ်သက်လာရင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ အရူးတစ်ယောက်လို ဖြစ်နေတာပဲ ။

ရိပေါ် ဘောင်းဘီအိတ်ထဲမှဖုန်းကိုထုတ်ကာ ရီရှင်း ဆီ ဖုန်းဆက်လိုက်သည် ။

"ဟဲလို...ရီရှင်းရေ ၊ ငါ့ကိုကို... "

"မရှာပေးဘူးကွာ!!! ၊ ချီးပဲ! ။ သူ့လင်ပျောက်ပြီဆို ငါ့ဆီဆက်ပြီ ။ မင်းလင်ကို မင်းဟာမင်းရှာ!!!"

"တီ......"

ရိပေါ် မှာစကားတောင်ဆုံးအောင်မပြောရသေး တစ်ဖက်ကနေ အသံပြဲနဲ့ ပြောချင်ရာပြောပြီး ဖုန်းချသွားတဲ့ ရီရှင်းကြောင့် ဟက်ကော့ကြီး ကျန်ခဲ့သည် ။

ရက်စက်လိုက်တာ ရီရှင်းရယ်...။

ရိပေါ် ဖုန်းကို ငိုမဲ့မဲ့နဲ့ ကြည့်နေတုန်း ကျိုးချန်ကော ဆီကနေဖုန်းဝင်လာလေသည် ။

"ဟဲ..."

"ဝမ်ရိပေါ်!!!!  မင်းလင်ကို မင်းလာခေါ်မလား ၊ ငါကန်ချလိုက်ရမလား!!!"

ထူးတောင်မထူးရသေး တစ်ဖက်က ကျိုးချန်ကောရဲ့ အော်ငေါက်သံကြီးက အရင်ထွက်လာ၏ ။

ဟဲလိုလေးတော့ ဆုံးအောင်ပြောခွင့်ပေးသင့်ပါတယ် !

"ကျွန်တော် လာခေါ်မယ် ။ လာနေပြီ"

"မြန်မြန်လာ!!"

တစ်နေ့လုံး ငါ့ကို ဟိုကဟောက်လိုက်! ၊ ဒီက ဟောက်လိုက်နဲ့! ။ ရိပေါ် ဘဝလေး သနားဖို့သိပ်သိပ်ကောင်း ။

အခုတော့ စိတ်ဆိုးနေတဲ့ ကလေးဆိုးကြီးကို သွားပင့်ပြီး ချော့တော်မူရဦးမည် ။

............

ရိပေါ် ကျိုးချန် အိမ်ရောက်လာသည် ။

ငရုပ်ပွသီး မီးမြှိုက်ခံရသလို ရှုံ့တွနေတဲ့ ကျိုးချန် မျက်နှာကြီးကို ရိပေါ် အရင်ဆုံးမြင်လိုက်ရသည် ။ တစ်အိမ်လုံးလည်း အမှိုက်ပုံအတိုင်း စားပွဲပေါ်မှာလည်း ဘီယာခွံတွေ နဲ့ မုန့်ခွံတွေ ပြန့်ကြဲလို့နေသည် ။ ရိပေါ် ဆိုဖာပေါ်မှာ ကားယားကြီးအိပ်နေတဲ့ ရှောင်းကျန့် ကို ကောက်ပွေ့လိုက်သည် ။

My Ex Is My Husband [ Completed ]Όπου ζουν οι ιστορίες. Ανακάλυψε τώρα