Chapter (5)

42K 3.6K 81
                                    

ရိပေါ် အိမ်ပြန်ရောက်လာတော့ ရှောင်းကျန့် ကကားပေါ်မှာ
အိပ်ပျော်နေလေပြီ ။ ရိပေါ် က ရှောင်းကျန့် မနိုးအောင် ကားပေါ်ကနေ ပွေ့ပြီး အိမ်ထဲသယ်လာခဲ့သည် ။ ရှောင်းကျန့် ကို အခန်းထဲက ကုတင်ပေါ် တင်ပေးပြီး ခြေထောက်ကို ကြည့်တော့ ခြေချင်းဝတ် ဖြူဖြူလေး ကရဲလို့နေသည် ။ ရိပေါ် ဆေးသေတ္တာထဲက ဆေးဘူးယူပြီး ရှောင်းကျန့် ခြေထောက်ကို ဆေးသေချာလိမ်းပေးလိုက်သည် ။

အိပ်ပျော်နေတဲ့ ရှောင်းကျန့် မျက်နှာထက်ဝဲကျနေတဲ့ ဆံပင်တွေကို ရိပေါ် ဖွဖွလေး သပ်တင်ပေးပြီး ရှောင်းကျန့် နဖူးကိုငုံ့နမ်းလိုက်သည် ။

"နောက်တစ်ခါ ဒီလိုရင်မောအောင်မလုပ်ပါနဲ့...ကိုကို ။ ကျွန်တော် သေလိမ့်မယ်"

ရိပေါ် ရဲ့ စကားသံတိုးတိုးကို အိပ်ပျော်နေတဲ့ ရှောင်းကျန့် မကြားခဲ့...။

...........

"ကျွန်တော် အလုပ်သွားတော့မယ် ။ အပြင်လျှောက်မထွက်နဲ့နော် ခြေထောက်က ဒဏ်ရာနဲ့ "

ရိပေါ် စိတ်ပူပြီး တတွတ်တွတ်မှာနေတော့ ရှောင်းကျန့် ရင်ထဲ
ရေပူစမ်းလေး ဖြစ်ပေါ်လာရသည် ။

"အင်းပါ ။ ငါ့ကို စိတ်ပူနေတာလား "

" အိမ်မက်မက်ပြန်ပြီ ။ မကြီးမငယ်နဲ့ လျှောက်ဆော့မနေနဲ့နော်၊
ဒီတစ်ခါဆို ပစ်ထားမှာ"

ရှောင်းကျန့် ရင်ထဲက ရေပူစမ်းလေးကို ရိပေါ်က မီးမြှိုက်ပြီး
ရေနွေးအိုးကြီး ဖြစ်အောင်လုပ်သွားလေသည် ။

အိမ်အပေါက်ဝ ရောက်သွားပြီဖြစ်တဲ့ ရိပေါ် ကို ရှောင်းကျန့်
ယဉ်ယဉ်ကျေးကျေးနဲ့ လက်ခလယ်ထောင်ပြလိုက်သည် ။

အလကားကောင် ! ။ အချေကောင် ! ။
စိတ်ပူလို့ ဆိုပြီး ပြောရင် သူ့ ကို တရားစွဲမှာ မို့လို့လား !!
ပိုက်ဆံပဲ ကုန်းရုန်းရှာနေ !! ၊ စီးပွားပျက်မယ့်ကောင် !!!

အဲ့ !! သူက ငါ့လင်လေ ၊ သူစီးပွားပျက်ရင် ငါငတ်မှာပေါ့!!
မဖြစ်ဘူး! ၊ မဖြစ်ဘူး! ရိပေါ်လေး စီးပွားပျက်လို့ မဖြစ်ဘူး ။

ရှောင်းကျန့် တောင်စဉ်ရေမရ အတွေးတွေနဲ့ စဉ်းစားခန်းဝင်နေတုန်း ဘောင်းဘီအိတ်ထဲက ဖုန်းက တုန်တက်လာသည် ။

My Ex Is My Husband [ Completed ]Where stories live. Discover now