Chapter (11)

34.8K 3.1K 99
                                    

ရှောင်းကျန့်  ရိပေါ် ကို ချော့ဖို့အတွက် plan ချ နေတာ ခေါင်းအတော်ပင် ခြောက်နေလေပြီ ။ ပြီးခဲ့တဲ့ နှစ်ရက်လုံး တောက်တဲ့ လိုကပ်ပြီး ချော့နေပါသော်လည်း ရိပေါ်က သူ့ကို နည်းနည်းလေးမှ အဖက်မလုပ်တဲ့အပြင် လျစ်လျူရှုထားသေးသည် ။

ငါ့လင် ဝမ်ရိပေါ် ကို ကူချော့ပေးကြပါဦးလို့!!! ။

နောက်ဆုံးမှာတော့ ရှောင်းကျန့် ရိပေါ် company ကို ရောက်လာခဲ့သည် ။

ကိုယ့်ယောက်ျားမလို့ ဂုဏ်ဆာတာ မဟုတ်ဘူး ။ ရိပေါ် ကလေ အလုပ်လုပ်နေရင် စမတ်ကျပြီး အရမ်းချော! ၊ ပန်းရောင်နှုတ်ခမ်းဖူးလေးရယ် ၊ တောင့်တင်းနေတဲ့ ခန္ဓာကိုယ် ရယ် ၊ မိန်းကလေးတွေကို ဖမ်းစားနိုင်တဲ့ အကြည့်တွေရယ်...။

ရှောင်းကျန့်လေး ပီတိတွေအရမ်းဖြာနေပြီ!။

"အဲ့မှာ ဘာလုပ်နေတာလဲ "

မာဆတ်ဆတ် အသံကြောင့် ရှောင်းကျန့် ရိပေါ် ရုံးခန်းရှေ့ရောက်နေမှန်း သတိရသွားသဘ် ။

"မောင့်ကို နေ့လည်စာ လာပို့တာလေ"

"ထားခဲ့ ။ ကျွန်တော် အားရင်စားလိုက်မယ်"

ရှောင်းကျန့် ငိုမဲ့မဲ့ရုပ်ကလေးနဲ့ ရိပေါ် ထိုင်နေတဲ့ ဆိုဖာဘေးနားမှာ ဝင်ထိုင်လိုက်သည် ။

"မောင်...ငါဘာလုပ်ပေးရမလဲဟင်"

ရိပေါ် ရှောင်းကျန့် ကို မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်သည် ။

"ဘာကိုလဲ! "

"မောင် ငါ့ကို စိတ်ဆိုးနေတာလေ"

"ဘာမှမလုပ်နဲ့ ၊ နေချင်သလိုနေ!"

"မောင်!!!"

"ကျွန်တော် ရှယ်ယာရှင်တွေနဲ့ တွေ့ဖို့ရှိတယ် ။ မအားဘူး "

ရိပေါ် ကို လုံးဝချော့လို့မရမှန်းသိတော့ ရှောင်းကျန့် စူပုပ်ပုပ်နဲ့
အိမ်ပြန်လာခဲ့ရတော့သည် ။

ရအောင်ချော့ပြမယ်!! ။ ရှောင်းကျန့် တဲ့ တစ်ကျန့်ပဲရှိတယ်! ။

............

ရိပေါ် အိမ်ပြန်လာတော့ တစ်အိမ်လုံးမှောင်မဲနေသည် ။

My Ex Is My Husband [ Completed ]Where stories live. Discover now