Chapter (7)

41.6K 3.7K 207
                                    

Wang company မှာ ထူးဆန်းတဲ့လေထုတစ်ခုကို ဝန်ထမ်းတွေ ရှူရှိုက်နေကြရသည် ။

အကြောင်းမှာတော့ အမြဲလို တည်ငြိမ်ပြီး မျက်နှာခက်ထန်တဲ့ CEO ချောချောလေးက တစ်မနက်လုံး crush ကအဖြေပြန်မပေးလို့ မှိုင်နေတဲ့ လင်းတကြီး လို မျက်နှာမကောင်းသောကြောင့်ပင် ။

"ဘောစ့်....10 နာရီကြရင် meeting တစ်ခုရှိပါတယ်"

"ဟမ်..အင်း"

ဟဲ့ရေ..ဘောစ့်က ငိုမဲ့မဲ့နဲ့ ဟ!! ။ ကြည့်ရတာ 7ရက်လောက်ဝမ်းချူပ်ထားတာ ထင်တယ် !

"သွားတော့လေ!"

ရိပေါ် သူ့ဘေးနားမှာ ရပ်နေတဲ့ အတွင်းရေးမှူးမလေးကို မောင်းထုတ်လိုက်သည် ။

တကယ်ပဲ...စိတ်ညစ်နေရတဲ့အထဲ!!!

ကိုကို ၊ ကိုကို ဘယ်လိုကြောင့်များမေ့ပစ်နိုင်ရတာလဲ!! ။
ကိုယ့်ယောက်ျား အမူးသမားကို propose လုပ်ရတဲ့ ရိပေါ် ဘဝလေးဟာ လွယ်ကူမနေခဲ့ပါဘူး!! ။

ပြန်မှတ်မိလာအောင် အနောက်ကနေချောင်းရိုက်လိုက်ရင်ရော!
မဖြစ်သေးဘူး! ငါ့ပါထပ်မေ့သွားရင် ဒုက္ခ ။

propose ထပ်လုပ်ရင်ရော ? ။ oh my god!! ရိပေါ်လေး ဉာဏ်သိပ်သိပ်ကောင်း!! ။

ကျွန်တော် လာပြီ ကိုကိုရေ..အဟင်းဟင်း!!

............

ရှောင်းကျန့် မှာမူ မနက်က ရိပေါ် ဘာကိုစိတ်ဆိုးသွားသလဲ ၊ ဆိုတာ အသဲအသန်စဉ်းစားခန်း ဝင်နေရလေရဲ့ ။

ရှောင်းကျန့် တို့ကအပြစ်မလုပ်ပဲ သူများစိတ်ဆိုးတာလက်မခံနိုင်ပေါင်!!

မနေ့ညက ငါမူးလာတယ် ။ ပြီးတော့..ရိပေါ်..လာခေါ်တယ် ။
ပြီးတော့...။

ရှောင်းကျန့် ညကကိစ္စတွေ မှတ်မိအောင် မရမကစဉ်းစားပြီးနောက်မှာ တစ်ခုချင်းစီ ပြန်မှတ်မိလာခဲ့သည် ။

"အား !!!!"

ငါ ရိပေါ် ကို မောင်လို့ခေါ်ပြီး ၊ ချစ်တယ် လို့ပြောခဲ့တယ် ။ WTF!!!!

ရှောင်းကျန့် အော်သံကြောင့် မီးဖိုချောင်ထဲက အိမ်အကူ အဒေါ်ကြီး ယောင်းမကိုင်ပြီး ပြေးထွက်လာသည် ။

"ဘာလို့လဲ! ၊ သခင်လေး မြွေကိုက်လို့လားဟင်"

"မ...မဟုတ်ပါဘူး ။ ဪ..ရိပေါ် ဆီ နေ့လည်စာသွားပို့ချင်လို့ အတူတူပြင်ဆင်ရအောင်နော် ၊ အဒေါ်ကြီး!"

My Ex Is My Husband [ Completed ]Where stories live. Discover now