Part 3

6K 204 1
                                    

နှင်းဆီမိုးစက်

အပိုင်း(၃)

#နှင်းဆီမိုးစက်

"ကိုကို ဘယ်လည်း."

"ဟင်..."

မိုးစက် သီချင်းဆိုနေတဲ့ ဝိုင်းကနေ ထလာတော့ နောက်ကနေ ပြေးလိုက်လာတဲ့ ခြူးကြောင့် ခြေလှမ်းတွေ ရပ်တန့်ပြီး စောင့်နေမိသည်.။

"ကိုကို ကမ်းခြေ လမ်းလျှောက်မလို့ ဘေ့ရဲ့..."

"ဟာ..ဒီမှာ ဂိမ်းဆော့မလို့ကို ကိုကိုကလည်း..."

အလိုမကျစွာဖြင့် နှုတ်ခမ်းစူကာ ပြောတော့ မိုးစက် ပြုံးလိုက်ရင်း ခေါင်းက ဆံပင်လေးတွေကို ခပ်ဖွဖွ သပ်ပေးလိုက်သည်.။

"ကိုကို ခေါင်းမူးလာလို့ပါ..."

"ဟင်....နေမကောင်းဘူးလား...ကိုကို တစ်နေ့ကုန်လည်း အိပ်နေတယ်လေ..."

"ကောင်းပါတယ်...ထိုင်တာ ကြာသွားလို့ ဖြစ်မယ်...သွားလေ ဘေ့ ဆော့နေတာမလား..."

"ဟင့်အင်း ကိုကို နဲ့ပဲ လိုက်တော့မယ်.."

"ခြေထောက်ညောင်းတယ် ပြောလို့ မရဘူးနော်..."

"အမယ်...မနက်တိုင်းပြေးနေတာပါနော်...ကိုကို့လို ကမ်းခြေရောက်မှ လမ်းလျှောက်ခွင့်ရတဲ့ အညောင်းမိနေတဲ့ ခြေထောက်မဟုတ်ဘူး...သိရဲ့လား.."

"ဟား..ဟား..ဟုတ်ပါပြီ..."

မိုးစက် ရင်ခွင်ထဲ ရောက်လာပြီး ခါးကို လက်တစ်ဖက် တင်၍ လမ်းလျှောက်နေတဲ့ ခြူးကို ငုံ့ကြည့်ရင်း ပြုံးမိသည်..

ကိုယ်နဲ့ ပတ်သက်လာရင် မထင်ထားလောက်တဲ့ ရင့်ကျက်မှုတွေ တွေ့ရတာ ၀မ်းသာရပါသည်..။

ဒါတွေက အချိန် အတိုင်းအတာ တစ်ခု အထိပဲလားလို့ တွေးမိရင်တော့ အနာဂတ်ကို တွေးကြောက်မိပြန်သည်..။

"ကိုကို.."

"ဟင်..."

"ဒီဇိုင်းတွေ ရပြီလား..ဘေ့ကို မပြသေးဘူးနော်..."

"ဟာ..ဟုတ်တယ်နော်..ကိုကို မေ့နေတာ...နေဦး.."

မိုးစက် ဒီဇိုင်းအသစ်ရတိုင်း ခြူးကိုပဲ အရင်ဆုံး ပြပြီး တိုင်ပင်တက်တာ အကျင့်ပါနေတော့ ဖုန်းကို ကပျာကယာ ထုတ်ပြီး ဒီဇိုင်း နမူနာ ပုံကြမ်းကို ပြလိုက်သည်..။

နှင်းဆီမိုးစက်Where stories live. Discover now