Part 10

2.9K 127 6
                                    

နှင်းဆီမိုးစက်

အပိုင်း(၁၀)

#နှင်းဆီမိုးစက်

"ဒေါက်...ဒေါက်.."

".........."

"ဒေါက်...."

မော် အိပ်ပျော်နေရာမှ   အိပ်မက်လိုလို မဝေခွဲနိုင်ခင် တံခါး ခေါက်သံ ထပ်ထွက်လာတော့ ငေါက်ခနဲ့ ထထိုင်ဖို့ ကြိုးစားမိသည်..။

မဟုတ်သေးပါဘူး..။

ဘာကိစ္စကြောင့် ငါ့ဘ၀က အမြဲတမ်း အလျင်စလို ဖြစ်နေရတာလည်း...။

ကိုယ်တစ်ခြမ်း ဖြည်းဖြည်း စောင်းလိုက်ကာ လက်ထောက်၍ ဖြည်းညှင်းစွာ ထထိုင်လိုက်သည်..။

အခန်းထဲမှာ အိပ်ချိန်မဟုတ်ပဲ အိပ်ပျော်သွားတာ သတိရတော့ အဖေ  ပြန်ရောက်နေပြီလား တွေးရင်း ခပ်မြန်မြန်ပဲ တံခါးဖွင့်မိသည်...။

"အဖေ..."

"အိပ်နေတာလား...သမီး..."

"ဟုတ်...မှေးရင်း အိပ်ပျော်သွားတယ်....ဘာဖြစ်လို့လည်း..အဖေ.."

"သြော်..မဖြစ်ပါဘူး..ဒီမှာ ဖုန်းလာလို့လေ..."

အဖေက သူ့ဖုန်း အနက်ရောင်လေးကို လှမ်းပေးတော့ မော် သက်ပြင်းခိုးချရင်း ဆွဲယူလိုက်သည်..။

မော့်လက်ထဲ ဖုန်းပေးပြီးတာနဲ့ အဖေ က အလိုက်တသိပင် ပြန်ထွက်သွားသည်..။

ကျစ်..အမြဲတမ်း စိတ်ဒုက္ခပေးနေတာပါပဲလား...မိုးရယ်...။

"ဟလို..."

"မော်....ငါပါ...မိုး.."

"သိတယ်လေ....ပြော..."

"ဟို..မင်း စိတ်ဆိုးသွားလား....ငါ ဖုန်းဆက်တာ မရလို့လေ..."

"စိတ်ဆိုးသွားလား လို့ မေးလိုက်တာလား..."

"အင်း...မင်းစိတ်ဆိုးမှာ စိုးလို့ပါ...ငါ တောင်းပန်ပါတယ်..."

မော် နာကျင်စွာ တစ်ချက် ပြုံးလိုက်၍ ပန်းအိုးထဲက ပန်းအတုလေးတွေကို လက်နဲ့ ဖွဖွ ကိုင်ကြည့်မိသည်..။

အိုး..ကြမ်းရှလိုက်တာ..။

"မင်း ဖုန်းခေါ်တာ ဒါပြောဖို့လား..."

"အင်း...စိတ်မဆိုးပါနဲ့...ပြီးတော့ ငါ ဖုန်းခေါ်ရင် ကိုင်ပါနော်..."

နှင်းဆီမိုးစက်Where stories live. Discover now