နှင်းဆီမိုးစက်
အပိုင်း (၂၅) ဇာတ်သိမ်း
#နှင်းဆီမိုးစက်
"သေချာလို့လား.."
"အင်း.."
"ဒါဆို...ကလပ်ထဲ ၀င်စစ်ကြည့်ဦး..."
"သူ..သွားမှာ မဟုတ်ဘူး..ဒါပေမဲ့ စစ်ကြည့်လိုက်ပါ..."
"ဘာဖြစ်လို့လည်း..သား..."
မာမီ က မိုးစက် အနားရောက်လာပြီး မေးတော့ ခေါင်းရမ်းရင်း မပြောသင့်ဘူး လို့ တွေးမိသည်..။
"မော့် ကို မတွေ့လို့ သွားခေါ်ခိုင်းတာ မာမီ..."
"သြော်...သူ့မောင်လေး စောစော က တွေ့တယ်...မေးကြည့်ဦး.."
"ဟုတ်..."
မိုးစက် အခန်းထဲကို ရောက်တော့ ဘာတစ်ခု မှ အရာမယွင်းပဲ တံခါး သော့တောင် ပိတ်ထားတုန်းပင်..။
အခန်းရှေ့မှာကတည်းက တစ်ခုခု လစ်ဟာနေသလို ခံစားရတာ သတိထားမိသည်..။
အခန်းထဲက ပြန်ထွက်ပြီး အခန်းတွေကို လိုက်ရှာတာလည်း မတွေ့...။
မိသားစု၀င် ဘယ်သူမှ မတွေ့ဘူး ဆိုတော့ စိတ်ထဲ ထိတ်သွားသည်..။
"အိပ်ဆေး သောက်တာပဲ...မသေလို့ ဒီလိုတွေ ခံစားနေရတာပဲလေ.."
"သွေးထွက်ပြီးတော့ သေအောင်တော့ ဘယ်တော့မှ မလုပ်ဘူး...သွေးလို ပြီး ရှာမရလို့ သေတဲ့သူကို ငါတွေ့ဖူးတယ်...သမျောလို့ သွေးထွက်အောင်တော့ မမိုက်ချင်ဘူး.."
"ပတ်၀န်းကျင် မနှောင့်ယှက်ပဲ နားအေးပါးအေး သေချင်တာကွ..."
"အိမ်မှာ ဆိုလည်း အဆင်မပြေဘူး..ကားပြင်ရင် ဆူတယ်...နောက်ဆံတွေ တင်းရတယ်.."
မဟုတ်ဘူး..မဟုတ်ဘူး..မဖြစ်ပါစေနဲ့...မင်း ဒီလို လုပ်လို့ မရဘူး ကျော်ကျော်...မင်း မှာဒီလို အတွေးရှိလို့ကတော့ ခေါင်းထဲကနေ ငါ ရိုက်ထုတ်ပစ်မှာပဲ...။
မိုးစက် ရှပ် အကျီ င်္ကို ကြယ်သီး နှစ်လုံး ဖြုတ်လိုက်ပြီး ခြေလှမ်းတွေကို ခပ်သွက်သွက် လှမ်းကာ ကမ်းခြေ အမှောင်ဆီကို ပြေးသွားသည်..။
"ဦးလေး...မိန်းကလေး တစ်ယောက် တွေ့မိလား.."
"မတွေ့ဘူးကွ...ဦးလေး က အခုမှ ထမင်းစားပြီး ရောက်တာ..."
YOU ARE READING
နှင်းဆီမိုးစက်
Romance"မိုး...တော်တော့ကွာ...မှားခဲ့တဲ့ ကိစ္စမှာ မင်းအခန်းထိ ရောက်လာတဲ့ ငါ့ဘက်က အမှား ပိုတာ သိပါတယ်...ဒါပေမဲ့ ဒီကိစ္စ ကို အကြောင်းပြ ပြီး မင်းကို အပိုင်ရဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူး..မင်း ကို တာ၀န် လည်း မယူခိုင်းခဲ့ဘူး...မင်းကို ငါ ဘာများ တောင်းဆို ခဲ့လို့...