Part 7

3K 125 4
                                    

နှင်းဆီမိုးစက်

အပိုင်း (၇)

#နှင်းဆီမိုးစက်

"ဟလို..."

"...."

"ဟလို...."

မော် ဖုန်းကို ပြန်ကြည့်လိုက်တော့ သူ့နံပါတ်ပေါ်နေရဲ့သားနဲ့ စကားမပြောတာ စိတ်ရှုပ်ရသည်..။

ဒီလိုပါပဲ အရင်ကတည်းက အမြဲ ဒုက္ခ ပေးနေကျလေ..။

"ဟာကွာ...ပြောလေ...မိုးရာ.."

"အဟက်...ငါ့ဖုန်းကို မှတ်ထားလား သိချင်လို့...ဘယ်လို မှတ်ထားလည်း.."

"ငရှုပ်.."

"အိုး..."

"ပြော...ဘာလည်း.."

"သြော်...မင်း အားလား..ငါ...မင်းတို့ ဆိုင်နား ရောက်နေတယ်..ဆိုင်မှာ ကိုလွင်လည်း ရှိနေမလားလို့ပါ"

"အေး...ရှိတယ်.."

မော် အငြင်းစကားဖြင့် ကြိုတင် တားဆီးလိုက်တော့ သူ့ဘက်က စိတ်ပျက် အားလျော့စွာဖြင့် ဟာ တစ်ခွန်းသာ ထွက်လာသည်..။

ကောင်းတယ်လေ...တစ်ခါတွေ့ပြီးရင် တစ်ခု ဒုက္ခပေးနေတာပဲမလား..။

ဖုန်းမဆက်နဲ့ ပြောတာတောင်

"တရားဝင် မကွာရှင်းရသေးတဲ့ ငါ့မိန်းမ"ဆိုပြီး မဏ္ဍိုင်တက်ပြချင်တဲ့ကောင်ဆိုတော့ တားရဆီးရ ခက်သည်..။

"ညနေကော..."

"ညနေလည်း မအားဘူး.."

"အိုး...ငါက စနေနေ့ ညနေမို့ မုန့်လိုက်ကျွေးမလို့ မေးတာပါကွ..."

"သြော်..ကျေးဇူးပဲ...ငါ မအားလို့.."

"ကျေးဇူးလည်း မတင်နဲ့...ဒါပဲကွာ...ညမှ ဆက်တော့မယ်.."

တစ်ဖက်က ဖုန်းချသွားတော့ မော် ခပ်ယဲ့ယဲ့ ပြုံးလိုက်ကာ ဖုန်းကို စားပွဲပေါ် တင်၍ ခေါင်းမှောက် ငြိမ်သက်နေမိသည်..။

စနေနေ့ ညနေတိုင်း မုန့်လိုက်ကျွေးပြီး ရင်းနှီးခဲ့တာတွေကို မမေ့သေးဘူး ပြောချင်တာလား.။

အိုး...ငါ့ကို ဘာဖြစ်စေချင်နေတာလည်း..မိုးရယ်..။

လွန်ခဲ့တဲ့ ငါးနှစ်......သူနဲ့ ခင်မင်ခွင့်ရခဲ့တဲ့ အချိန်တွေ တုန်းက အမှတ်တရတွေသည် ခေါင်းထဲ အစီအရီပေါ်လာတော့သည်.။

နှင်းဆီမိုးစက်Where stories live. Discover now