Part 21

3.2K 139 7
                                    

နှင်းဆီမိုးစက်

အပိုင်း (၂၁)

#နှင်းဆီမိုးစက်

"မော်..."

"ဟင်....မိုး..."

ခုတင်အဖြူလေးပေါ်မှာ မှေးနေတဲ့ မော်က ချက်ချင်း မျက်လုံးပွင့်ပြီး ကြည့်သည်..။

မျက်လုံးတွေက အရောင် ခပ်မှိန်မှိန် ဖြစ်နေပေမဲ့ မျက်နှာကတော့ လန်းဆန်းတက်ကြွစွာပင် ပြုံးပြသည်..။

"ဘာဖြစ်တာလည်းဟင်..."

"ငါ...အိပ်ရေးပျက်တာ များလို့ဖြစ်မယ်..."

"ဟုတ်လို့လားကွာ...မင်း အိမ်ကို ငါသွားတယ်....လုံး၀ အတွေ့မခံဘူး...နေ့ခင်း က ကိုလွင့်ကားနောက်ကို လိုက်စုံစမ်းခိုင်းပြီးမှ ခုလာလို့ရတော့တယ်...ည တစ်ညလုံး စိတ်ပူပြီး အ်ိပ်မပျော်ဘူး..."

"ဆောရီး.."

"ဆောရီး..နောက်မှပြော...မင်း ဘာဖြစ်တာလည်း ငါသိဖို့ လိုတယ်.."

"မင်းကြောင့် အိပ်ရေးပျက်တယ်လေကွာ...အဲတော့ မူးလဲတာပေါ့..."

"မဖြစ်နိင်ဘူး...မင်း က ပိုတောင် မဖြစ်နိုင်သေးဘူး.."

"သြော်...ငါက စက်ရုပ်လား..."

မျက်နှာလေး က နွမ်းနေပေမဲ့ သူ့  ပင်ကိုယ် စရိုက် မာရည်ကြောရည် ကတော့ လုံး၀ ပျောက်မသွား..။

မိုးစက် ပြုံးရင်း စိုက်ကြည့်လိုက်တော့ ဘာလည်း ဆိုတဲ့ ပုံစံ မျိုးဖြင့် မေးထိုးပြသည်..။

"ငါ ည လည်း ထပ်လာဦးမယ်နော်..."

"မလာပါနဲ့ကွာ...ညဆိုရင် ငါ အိမ်ပြန်လို့ရပြီ..."

"ဒါဆို အိမ်ကို လာမယ်လေ..."

မိုးစက် လက်ကို ဆွဲယူကာ ပွတ်သပ်ရင်းဖြင့် ခဏကြာအောင် တိတ်ဆိတ်နေပြန်သည်..။

တစ်ခုခု ပြောတော့ဖို့ အားယူနေတာ သိပေမဲ့ မိုးစက် လက်မခံနိုင်တဲ့ စကားမျိုး ဆိုတာလည်း သိနေပါပြီ...။

"ငါ့ကို မေ့လိုက်ပါလား...မိုးရယ်...ငါ နဲ့ အဝေးမှာ အရင်လိုမျိုး အဆင်ပြေပြေနေပေးပါလား.."

"အရင်တုန်းက အဆင်ပြေနေတယ်လို့ မင်းထင်တာလား..."

"မင်း ရင်ထဲ မှာ အဆင်မပြေရင်တောင် အကုန်လုံး အဆင်ပြေတယ်လေ..."

နှင်းဆီမိုးစက်Where stories live. Discover now