Part 9

2.4K 129 5
                                    

နှင်းဆီမိုးစက်

အပိုင်း (၉)

#နှင်းဆီမိုးစက်

"ကိုလွင်ကျော် နဲ့တောင် မတွေ့တာ ကြာပြီ.."

"အင်း...ကျွန်တော့် အစ်ကိုကြီးက အဲလိုပဲ လူပျိုလေး ဆိုတော့ သိပ်ရှက်တက်တာဗျ.."

"အမယ်..ပြောပုံက...သူ့အစ်ကိုကြီးက လူပျိုဆိုတော့ တို့က.."

"အဲလို မဟုတ်ပါဘူး..."

"ထားပါတော့..ထားပါတော့...နေပါဦး..တို့ မိန်းမ နောက်ပိုးများ ဖြစ်နေမလား.."

"အိုး..မဟုတ်ပါဘူး..."

"အစ်ကို မရရင်တော့ တို့အရှက်ကွဲမှာ..ညီကို ယူပြမယ်.."

"ဟုတ်ပြီ....တကယ်နော်..."

မော့် ပါးကို ဆွဲပြီး ပြောနေတဲ့ ကူးကူး ရဲ့ လက်ကို အုပ်ကိုင်ပြီး ခပ်တည်တည် ပြောပစ်လိုက်သည်...။

ကူးကူးလို ခပ်လန်းလန်း ကောင်မလေးနဲ့ ကိုလွင်ကို သဘောတူပါသည်..။

ဒါပေမဲ့ ရေခဲတုံးကြီးက လုံး၀ကို မလှုပ်မယှက် ဖြစ်နေတာ ကောင်မလေးကလည်း စိတ်ဆိုးချင်နေပြီ..။

ဟူး...အဖေ့ကို ပြောရင်လည်း သား သဘောပဲ လုပ်မှာပါပဲ...။

ဘယ်လို နီးအောင် လုပ်ပေးရမလည်း..။

"ဟိုတလောက ပါတီတစ်ခုတက်ရတာ..မော့်ကို ခေါ်ဦးမလို့သိလား.."

"ခေါ်လိုက်...ပြီးရော.."

"ဟော..ယောက်ျားလေးလို ၀တ်စားပြီးတက်ရတာ ရယ်ချင်တယ်ဆို.."

"အင်း...အကျင့်ဖြစ်သွားရင်တော့ မရယ်ချင်တော့ပါဘူး.."

"နေပါဦး...တကယ် ဘ၀ ပြောင်းမှာလား..."

"စဉ်းစားနေတာပဲ..."

"ဟား...ဟား....တကယ်ဆိုရင် ကူး ကို အဓိကထား စဉ်းစားပေးနော်...ကူး က မော့်ကို အရမ်းချစ်တာ သိလား.."

"ရှက်လိုက်တာဗျာ..."

မော် ခေါင်းငုံ့ပြီး ပြောတော့ ကူး က ခေါင်းငုံ့ကာလိုက်ကြည့်ရင်း စနေပြန်သည်..။

လမ်းမပေါ်မှာ နှစ်ယောက်သား စ လိုက် စကားများလိုက် လမ်း လျှောက်နေတာ ပတ်၀န်းကျင်ကိုတောင် သတိမထားမိခဲ့ပါ..။

နှင်းဆီမိုးစက်Where stories live. Discover now