Part 5

4K 166 10
                                    

နှင်းဆီမိုးစက်

အပိုင်း(၅)

#နှင်းဆီမိုးစက်

"ကိုကို.."(ဟူး…ဒီစာလုံးတောင် မုန်းတယ် 👿)

"ဟင်..."

"မာမီက ပြောစရာ ရှိလို့တဲ့.."

"အင်း...ညနေကျရင် ကိုကို လာခဲ့မယ်လေ..."

"မဟုတ်ဘူး....ကိုကို့ မာမီ..."

"......"

မိုးစက် နားမလည်နိုင်စွာဖြင့် ခြူးကို လှည့်ကြည့်တော့ တစ်ခုခု ဖုံးကွယ်ထားသလို ဟန်ပါပါဖြင့် ပြုံးနေသည်..။

မာမီ နဲ့ ခြူး က ဖုန်းအဆက်အသွယ်ထားရလောက်အောင် မရင်းနှီးပါဘူး...။

မိုးစက် ဘာမှ မမေးတော့ပဲ ကားကိုသာ သေချာမောင်း၍ ခြူးကို ရူတင်အိမ်ရှေ့အထိ ပို့ပေးခဲ့လိုက်သည်..။

.

"မာမီ..."

"သြော်....ရောက်လာသားပဲ..."

"မိုး ကို ဖုန်းမဆက်ပဲ ခြူးနဲ့ လူကြုံပြောခိုင်းတယ် ဆိုတော့ တော်တော် အဆင်ပြေသွားပြီထင်တယ်..."

"မပြေလို့မှ မရတာပဲ..."

မာမီက ဖုန်းကို ဘေးမှာချရင်းပြောတော့ မိုးစက် ပခုံးတွန့်ကာ ခုံမှာ ၀င်ထိုင်လိုက်ရသည်..။

"မမကြီး ပြန်ရောက်နေတာလား.."

"အေး...နှစ်ရက်ရှိပြီ..."

"ဟား..ဟား...ကောင်းတယ်...မိုး သူ့ကို ပူဆာစရာ ရှိတယ်..."

"ခုထားလိုက်ဦး...ခြူး နဲ့ နင် ဘယ်တော့လောက် လက်ထပ်မလည်း..."

"အယ်...ရုတ်တရက်ကြီးပါလား..."

"သား ကိုကိုကြီးကလည်း မြန်မြန်လက်ထပ်စေချင်တယ်..."

"ဒါပေမဲ့...ခြူးသဘောက.."

"မာမီ မေးပြီးပြီ...ကျောင်းမပြီးသေးပဲ လက်ထပ်ရလည်း အဆင်ပြေတယ်ပြောတယ်....ပြီးတော့ ခြူး အမေ ကိုလည်း မာမီနည်းနည်း စကားထောက်ကြည့်တော့ သူ့သမီးသဘောတဲ့လေ..."

"ဟင်း..."

"ဘာလည်း...သားကရော.."

မာမီ့ မျက်လုံးထဲမှာ တစ်စုံတစ်ခုကို ရှာဖွေ တွေ့လိုက်တော့ မိုးစက် ခပ်သဲ့သဲ့ ပြုံးရင်း ခေါင်းရမ်းပြလိုက်သည်..။

နှင်းဆီမိုးစက်Where stories live. Discover now