Part 6

3.7K 147 6
                                    

နှင်းဆီမိုးစက်

အပိုင်း (၆)

#နှင်းဆီမိုးစက်

"မော်...သမီး..နောက်ကျလှချည်လား.."

"ဟုတ်တယ်..အဖေ...ဒီလ စာရင်းတွေ စစ်နေလို့ပါ..."

"အေး..အေး...ဖြည်းဖြည်းချင်းပဲ လုပ်လေ...အပင်ပန်းမခံပါနဲ့.."

"ဟုတ်.."

"သြော်..ဒါနဲ့...ညနေ က မိုးစက် ဖုန်းဆက်တယ် သမီး.."

မော် လှေကားနားရောက်လာတဲ့ ခြေလှမ်းတွေက အလိုလို ရပ်တန့်သွားကာ အဖေ့ကို ထိတ်လန့်တကြား ပြန်လှည့်ကြည့်မိသည်..။

အဖေ ဘယ်လို ထင်သွားပြီလည်း..။

အဖေ့ မျက်နှာကို အကဲခတ်ရင်း ဘာမှ မထူးခြားသလို ခံစားရတော့မှ သက်ပြင်းခိုးချရသည်..။

"ကျွန်တော် ဖုန်းပိတ်ထားလို့ ဖြစ်မယ်...သြော်...သူ့ဆိုင်အတွက် မီးဆင်ဖို့ ပြောထားတာ...မေ့သွားတယ်....ပြန်ဆက်လိုက်ပါမယ်..."

"အင်း...ဟုတ်မယ်...အဖေ့ကို သမီး အကြောင်းလည်း မေးသေးတယ်.."

မော် စိတ်ထဲကနေ ကျိန်ဆဲပစ်လိုက်ကာ အဖေ့ မျက်နှာကို မကြည့်ရဲတော့လို့ ကြမ်းပြင်ပေါ်ကို ငေးဆိုက်ကြည့်နေမိသည်..။

ဘာ အရူးထနေတာလည်း မိုးရယ်...။

နင် ဘာဖြစ်ချင်နေတာလည်း..။

"သွား အိပ်တော့လေ...နောက်ကျနေပြီ..."

"ဟုတ်...."

မော် ခြေလှမ်းတွေပြင်ပြီးကာမှ တစ်ခုခု ပြတ်သားထားဖို့ တွေးမိရင်း အဖေ့ကို လှမ်းကြည့်လိုက်ချိန် အဖေ က မေးငေါ့ပြသည်..။

"သူ့ ဖုန်းနံပါတ်ကို ဖျက်ထားပါ...အကြောင်းမရှိပဲ အဆက်အသွယ်လုပ်နေမှာ စိုးလို့...သူက အလိုက်ကန်းဆိုး သိတဲ့ ကောင်မဟုတ်ဘူး...အဖေ စိတ်ရှုပ်နေရလိမ့်မယ်..."

"........"

မော် ရဲ့ စကားတွေက အဖေ့ စိတ်ရှုပ်ရမှာ စိုးရိမ်လို့ သတိပေးတဲ့ စကားတွေထက် ပိုနေတာ အဖေ သတိထားမိသွားလို့ ထင်ပါရဲ့...။

ခပ်ပြုံးပြုံးဖြင့် ပင် ခေါင်းညိတ်လိုက်ပြီး "ဟိုကောင် ...တိုးတိုး ပြန်မလာသေးပါလား"လို့ မဆိုင်တဲ့ စကားတစ်ခွန်း ပြောရင်း အိမ်ရှေ့ဘက် ထွက်သွားသည်..။

နှင်းဆီမိုးစက်Where stories live. Discover now