Part 12

2.3K 119 7
                                    

နှင်းဆီမိုးစက်

အပိုင်း (၁၂)

#နှင်းဆီမိုးစက်

"သမီး..."

"ဟင်..."

"ဘာဖြစ်လို့လည်း..."

"ဟင့်အင်း.."

မော့် နဖူးပေါ် လက်တင်ရင်း  စိုးရိမ်တက်တဲ့ မျက်ဝန်းတစ်စုံနဲ့ ငုံ့မိုးကြည့်နေတော့ မော် ပြုံးကာ ခေါင်းကို ခပ်ဖြည်းဖြည်း ရမ်းလိုက်သည်..။

ခေါင်းအုံးပေါ်ကနေ ဖြည်းဖြည်း ထလိုက်ကာ ငြိမ်သက်စွာ ခဏ ထိုင်နေမိသည်..။

အဖေက စားပွဲပေါ်က ရေကို ကပျာကယာ ငှဲ့၍ လှမ်းပေးတော့ မော် ခပ်ဖျော့ဖျော့ ပြုံး၍ ယူကာ သောက်လိုက်သည်..။

"သမီး အိပ်ရာထ နောက်ကျနေတော့ အဖေ က စိတ်ပူနေတာ.."

"ဟုတ်လား...ကျွန်တော်..ညတုန်းက အိပ်မပျော်တာနဲ့ ရုပ်ရှင် ကြည့်မိတာ ညနက်သွားလို့ အဖေရဲ့....ကိုလွင် ကော သွားပြီလား.."

"အင်း...ကြာပြီကော...သမီး မနက်စာ တစ်ခါတည်း စားမလား.."

".........."

မော် နာရီကို တစ်ချက် လှမ်းကြည့်တော့ ဆယ်နှစ်နာရီ ဖြစ်တော့မည်..။

"...ကျော်ကျော်....မင်း...ငါ့ကို အကြွေးဆပ်ရဦးမယ်နော်...မနက်ဖြန် မနက်စာ တူတူစားကြမယ်.....မင်းမလာရင်...မင်း အိမ်မှာ လာစားမှာနော်..."

နေ့လည် ဆယ့်နှစ်နာရီ ခွဲရင် ထမင်းစားဖို့ ချိန်းထားတာမို့ မော် ခေါင်းရမ်းလိုက်ကာ အိပ်ရာပေါ်က ဆင်းလာခဲ့လိုက်သည်..။

သွားတိုက်တံ ကို ကိုက်ရင်း ဘီဒိုဖွင့်ကာ ခပ်ပွပွ အဝတ်အစားတွေထဲက အရောင်နုတာလေး ရွေးမိသည်.။

သူက သိပ်ပြီး အလှကြိုက်တာ...။

အခုလို ထမင်းစားချိန်းတုန်း မလှမပဆိုရင် ငြင်းခုံနေရတာနဲ့တင် စကားကောင်း ပြောလို့ရမှာ မဟုတ်..။

"ကျွန်တော်... ချိန်းထားတာ တစ်ခု ရှိလို့ အဖေ...အဖေကော စားပြီးပြီလား.."

"မစားသေးဘူး...သမီး အဒေါ်ကတော့  ထမင်းစားမလား စောစောက ပြောသေးတယ်...သားကြီးပြန်လာမှပဲ စားတော့မယ်....ကဲ..သမီးလည်း ပြင်လိုက်ဦး..."

နှင်းဆီမိုးစက်Where stories live. Discover now